အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၂၂ မေ ၂၀၁၆

၁၆:၄၂:၁၆
755727

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူး

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရက ပြုလုပ်နေသော နိုင်ငံအသွင်ကူးပြောင်းမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချီးကျူးလိုက်ပြီး မိမိတို့အနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားလိုက်သည်။




 ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရက ပြုလုပ်နေသော နိုင်ငံအသွင်ကူးပြောင်းမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချီးကျူးလိုက်ပြီး မိမိတို့အနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားလိုက်သည်။

ပြီးခဲ့သည့်မတ်လ NLD အစိုးရ အာဏာရပြီးနောက် ပထမဆုံး အဆင့်မြင့်တွေ့ဆုံမှုအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နှင့် ယနေ့တွင် တွေ့ဆုံပြီးနောက် ဂျွန်ကယ်ရီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်တွင် နေခဲ့ရသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းမှုက မျှော်လင့်ချက် လင်းရောင်ခြည်ဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့ ကျွန်တော်ပါးချင်တဲ့ သတင်းစကားကတော့ အင်မတင် ရိုးရှင်းပါတယ်။ ဒီနိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ကျွန်တော်တို့ အပြည့်အ၀ ထောက်ခံပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က ကမ္ဘာတစ်ဝှမ်းမှ ပြည်သူအားလုံးအတွက် မှတ်သားလောက်သည့် ကြေငြာချက်ဖြစ်ကြောင်း၊ အစိုးရသစ်မှာ ပြောင်မြောက်သည့် ကိစ္စများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Ref: Channelnewsasia

===================
251/End