အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၂ မေ ၂၀၁၆

၁၇:၅၄:၄၉
755748

ဟဇရသ် အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) ၏ ဘဝ သမိုင်းအကျဉ်းချုပ်

ဟဇရသ် အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) ၏ ဘဝ သမိုင်းအကျဉ်းချုပ် ကိုအနည်းငယ်တင်ပြအပ်ပါတယ်။ အနည်းဆုံး ကျနော်တို့ ၏ အေမာမ် နှင့် ပတ်သက်ပြီး ဤ အချက်လေးတွေတော့ သိထား မှတ်ထား ရမည်ဟု အကြုံပြု အပ်ပါတယ်။


ဟဇရသ် အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) ၏ ဘဝ သမိုင်းအကျဉ်းချုပ်

 

အမည် = မဟာတမန်တော်မြတ်ကြီး (ဆွလ္လာဟ် ဟိုအလိုင်ဟေဝအာလေဟီဝစလာမ် ) နှင့်အမည်တူ (م – ح –م -د) (မီးမ် - ဟေ - မီးမ်-ဒါ )

 

ထင်ရှားသည့် အလ်ကာဗ် = မဲဟ်ဒီ မောင်အူးဒ်၊အေမာမ်ဇမာနာ ၊ ဆွာဟေဗိုလ်အစ်ရ်၊ဗကီးယသွလ္လာဟ် ၊ ကာအေမ် စသည်ဖြင့်

 

ဖခမည်းတော်အမည် = အေမာမ် ဟစန် အစ္စကရီ (အလိုင်ဟစ်စလာမ် )

 

မယ်တော် အမည် = ဂျနာဗေနရ်ဂျစ်ဇ် ခါသွန်

 

ဖွားမြင်တော်မူ သည့် ရက် နှင့် ခုနှစ် = ရှအ်ဗန်လ မြတ် ၁၅ ရက်နေ့ ဟစ်ဂျရီ သက္ကရာဇ် ၂၄၅၄ ခုနှစ် (သို့မဟုတ်) ၂၅၅ ခုနှစ်

 

ဖွားမြင်တော်မူ သည့် နေရာ = စာမရဟ် (အီရတ် နိုင်ငံ )

အေမာမ် (အလိုင်ဟစ်စလာမ် ) ၏ ဘဝတည်ဆောက်မှု ဆိုင်ရာ အပိုင်း - လေးပိုင်း

ပထမပိုင်း - ကလေးဘဝ ဖြစ်ပါတယ်။၅နှစ်တိုင် မိမိ၏ ဖခင် လက်အောက် တွင်နေထိုင်ခဲ့ပါတယ်။ ရန်သူများ၏ အသက် အန္တရာယ်ပြုခြင်း မှ လွတ်မြောက် ရန် အကွယ်မှာနေခဲ့ရပါတယ်။ ဟီဂျရီ သက္ကရာဇ် ၂၆၀ တွင် အဖိုးအေမာမ် နှင့်ဖခင် အေမာမ် ရှဟာဒသ် ခံယူတော်မူပြီးနောက် အေမာမ်မသ်တာဝန် ကို အတည်အလင်း ထမ်းဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း - ဂိုင်ဗသ်သေစိုဂရာ အချိန် ဖြစ်ပါတယ်။ ဤကာလ သည် နှစ် ၇၀ ကြာခဲ့ပါတယ် ။ ဟီဂျရီ သက္ကရာဇ် ၂၆၀ မှစပြီး ဟီဂျရီ သက္ကရာဇ် ၃၂၉ ခန့် အထိ ကြာမြင့်ခဲ့ပါတယ်။ ဤကာလ အတွင်း မိမိ အထူး ကိုယ်စားလှယ်တော် လေးဦး နှင့် တိုက်ရိုက် ဆက်သွယ်ပြီး သာသနာ့ အကျိုး၊လူသားများ အကျိုးသယ်ပိုးခဲ့ပါတယ်။

တတိယပိုင်း - - ဂိုင်ဗသ်သေကိုဗ်ရာ အချိန် ဖြစ်ပါတယ်။ ဤကာလ သည် ဟီဂျရီ သက္ကရာဇ် ၃၂၉ မှစပြီး အလ္လာဟ်ဟို အရှင်မြတ် သဘောတူ မည့် အချိန် အထိ ဖြစ်ပါတယ်။

စတုတ္တပိုင်း - အေမာမ် (အလိုင်ဟစ်စလာမ် ) ပွင့်တော်မူမည့် အချိန် နှင့် အေမာမ် (အလိုင်ဟစ်စလာမ် ) အုပ်ချုပ် မည့် ကာလ ဖြစ်ပါတယ်။

==========================

251 / End