အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၂၃ မေ ၂၀၁၆

၁၈:၃၃:၀၁
755927

မြင့်မြတ်သောနေရာများတွင် အရိုအသေမဲ့သောလုပ်ရပ်များ မလုပ်ရန် ဆော်ဒီအီမာမ်ကြီး သတိပေး

မြင့်မြတ်တဲ့နေရာတွေကို အသုံးချပြီး ယုတ်မာတဲ့ နိုင်ငံရေးအကြံအစည်တွေနဲ့ သက်ဝင်သူတွေကြား ဘာသာရေးရှုပ်ထွေးမှုတွေ၊ အငြင်းပွားမှုတွေ၊ အပုပ်ချမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်နေတဲ့သူတွေကို သတိထားဖို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ ရှိခ် ဆာလေဟ် ဘင် အဘ်ဒူလာ ဟူမိုဒ်က တိုက်တွန်းလိုက်ပါတယ်။


 မြင့်မြတ်တဲ့နေရာတွေကို အသုံးချပြီး ယုတ်မာတဲ့ နိုင်ငံရေးအကြံအစည်တွေနဲ့ သက်ဝင်သူတွေကြား ဘာသာရေးရှုပ်ထွေးမှုတွေ၊ အငြင်းပွားမှုတွေ၊ အပုပ်ချမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်နေတဲ့သူတွေကို သတိထားဖို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ ရှိခ် ဆာလေဟ် ဘင် အဘ်ဒူလာ ဟူမိုဒ်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ တရားဒေသနာမှာ ဒီလို တိုက်တွန်းလိုက်တာဖြစ်ပြီး မြင့်မြင်တဲ့နေရာတွေမှာ အရိုအသေတန်တဲ့အပြုအမူတွေ၊ ဟဂ်ျနဲ့အွမ္မရာဟ်ပြုလုပ်သူတွေ၊ လာရောက်လည်ပတ်သူတွေရဲ့ လုံခြံရေးနဲ့ဘေးကင်းရေးကို ခြိမ်းခြောက်တဲ့ အပြုအမူတွေ ကျူးလွန်မယ့် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းကိုမဆို ဆော်ဒီအစိုးရက ခွင့်ပြုသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း အီမာမ်ကြီးက အလေးထား ပြောကြားခဲ့ပါတယ်။

ရှိုက်ခ် ဘင် ဟူမိုဒ်ဟာ ဆော်ဒီအတိုင်ပင်ခံကောင်စီ (ရှူရာကောင်စီ) ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူက သက်ဝင်ယုံကြည်သူတွေအကြား ဆူပူအောင်လုပ်ပြီး ရှုပ်ထွေးမှုတွေဖန်တီးဖို့အတွက် မုသားတွေနဲ့ အခြေအမြစ်မရှိတဲ့ ကောလဟလတွေ ဖြန့်ဖို့ ကြိုးစားနေသူတွေ ရှိကြောင်း၊ မီဒီယာနဲ့ တခြားသော နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး အစ္စလာမ်သာသနာတော်က တားမြစ်ထားတဲ့ အရာတွေကို လုပ်ကိုင်ဆောင်ရွက်ဖို့ ကောလဟာလဖြန့်ချီတဲ့သူတွေကို သတိထားရမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref: IINA
==================
251/End