အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : eleven media
အင်္ဂါနေ့

၂၄ မေ ၂၀၁၆

၁၈:၄၆:၁၉
756150

အမေရိကန်၏ F-35 တိုက်လေယာဉ် နှစ်စင်း နယ်သာလန်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

ဥရောပ လေကြောင်းပြပွဲတွင် ပွဲဦးထွက် မပြသမီ အမေရိကန်လုပ် F-35 တိုက်လေယာဉ် နှစ်စင်းသည် မေ ၂၃ ရက်က နယ်သာလန်သို့ ရောက်ရှိလာခဲ့သည်။ လော့ဟိမာတင် ကုမ္ပဏီက တည်ဆောက်သော ယင်းတိုက်လေယာဉ် နှစ်စင်းသည် လာမည့် နှစ် ၅၀ အတွင်း နယ်သာလန် တိုက်လေယာဉ် အုပ်စုတွင် အဓိက လေယာဉ်များ ဖြစ်လာမည် ဖြစ်သည်။


မေ ၂၃ ရက်က နယ်သာလန်နိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် F-35 တိုက်လေယာဉ် နှစ်စင်း (Photo: AFP) မေ ၂၃ ရက်က နယ်သာလန်နိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် F-35 တိုက်လေယာဉ် နှစ်စင်း (Photo: AFP)



ဥရောပ လေကြောင်းပြပွဲတွင် ပွဲဦးထွက် မပြသမီ အမေရိကန်လုပ် F-35 တိုက်လေယာဉ် နှစ်စင်းသည် မေ ၂၃ ရက်က နယ်သာလန်သို့ ရောက်ရှိလာခဲ့သည်။ လော့ဟိမာတင် ကုမ္ပဏီက တည်ဆောက်သော ယင်းတိုက်လေယာဉ် နှစ်စင်းသည် လာမည့် နှစ် ၅၀ အတွင်း နယ်သာလန် တိုက်လေယာဉ် အုပ်စုတွင် အဓိက လေယာဉ်များ ဖြစ်လာမည် ဖြစ်သည်။

Joint Strike Fighters (JSF) ဟုလည်း သိကြသည့် F-35 တိုက်လေယာဉ် နှစ်စင်းသည် အမေရိကန် အရှေ့ပိုင်းမှ နေ၍ ၈ နာရီကြာ ပျံသန်းခဲ့ပြီးနောက် နယ်သာလန် မြောက်ပိုင်းရှိ လျူးဝါဒင် လေတပ်စခန်းသို့  ဆင်းသက်ခဲ့သည်။ AN-1 နှင့် AN-2 ဟု အမည်ပေးထားသော ယင်းလေယာဉ် နှစ်စင်းသည် ကယ်လီဖိုးနီးယားရှိ အက်ဒ၀ပ် လေတပ်စခန်းသို့ မပြန်မီ နယ်သာလန်တွင် စမ်းသပ် ပျံသန်းမှုများ ဆောင်ရွက်မည်ဖြစ်သည်။

လေယာဉ်မှူးများနှင့် တွေ့ဆုံခဲ့သော ဒတ်ခ်ျကာကွယ်ရေး ၀န်ကြီး ယန်နီဟိန်နီပလာချာအက်က “ဒါဟာ နယ်သာလန်အတွက် ပထမဆုံးပါပဲ” ဟု ပြောကြားခဲ့သည်။ F-35 တိုက်လေယာဉ် နှစ်စင်းသည် ပတ်ဝန်းကျင်၌ လေယာဉ်အင်ဂျင်အသံ သက်ရောက်မှုကို စစ်ဆေးရန်အတွက် ရှစ်ကြိမ်ထက်မနည်း ပျံသန်းမည်ဖြစ်သည်။ ထို့ပြင် ဒတ်ခ်ျလေတပ် စခန်းများနှင့် လိုက်လျောညီထွေ ရှိ၊ မရှိကိုလည်း စမ်းသပ်မည်ဖြစ်ကြောင်း ဒတ်ခ်ျလေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

F-35 တိုက်လေယာဉ်များကို လာမည့်လ၌ လျူးဝါဒင် လေတပ်စခန်း၌ လေကြောင်း ပြပွဲတွင် ဥရောပ၌ ပထမဆုံး အကြိမ်အဖြစ် အများပြည်သူသို့ ပြသမည်ဖြစ်သည်။ ထို့နောက် ဇူလိုင်လတွင် ဖရန်ဘရာ အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲ၌ ပြသမည်ဖြစ်သည်။ F-35 များသည် ဥရောပ မြောက်ပိုင်း၌ ပထမဆုံး ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း လော့ဟိမာတင်၏ F-35 ဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ် မိုက်ကယ်ရိန်းက ပြောကြားခဲ့သည်။

ဥရောပတစ်ခုလုံး အနေဖြင့် ဆိုပါက အီတလီတွင် တပ်ဆင်သော F-35 လေယာဉ် တစ်စင်းသည် ယမန်နှစ် စက်တင်ဘာက စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်သည်။ F-35 တိုက်လေယာဉ်များ ထုတ်လုပ်ရေးအတွက် မိတ်ဖက်နိုင်ငံ ကိုးနိုင်ငံက ငွေကြေး ကူညီခဲ့ပြီး နယ်သာလန်က တစ်နိုင်ငံ အပါအ၀င် ဖြစ်သည်။

သက်တမ်း ရင့်နေသော F-16 တိုက်လေယာဉ်များကို အစားထိုးရန်အတွက် နယ်သာလန်သည် ဒေါ်လာ ငါးဘီလျံခန့် တန်ဖိုးရှိသော F-35 တိုက်လေယာဉ် ၃၇ စင်းကို မှာယူထားပြီး၊ ယင်းလေယာဉ်များသည် ၂၀၁၉ ခုနှစ် မတိုင်မီ ရရှိမည်ဖြစ်ကြောင်း ဒတ်ခ်ျသတင်းစာများက ဖော်ပြခဲ့သည်။ F-35 တိုက်လေယာဉ်များသည် သမိုင်းတွင် ကုန်ကျစရိတ် အများဆုံး စစ်လက်နက် စီမံကိန်း တစ်ခုဖြစ်ပြီး စမ်းသပ် ပျံသန်းမှုများတွင် အမှားအယွင်း မျိုးစုံ တွေ့ရှိထားကြောင်း အန္တရာယ်ရှိသော ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီလတွင် ပင်တဂွန် အစီရင်ခံစာ တစ်စောင်က ဖော်ပြခဲ့သည်။

Ref: AFP

=====================

251 / End