အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
စနေနေ့

၂၈ မေ ၂၀၁၆

၁၂:၁၅:၃၆
756876

အဲဟ်လေ့စွန္နသ် ကျမ်းလာ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)

အေမာမ်ဘိုခါရီအနေဖြင့် ဟဇရသ်အဘူဘဲက် ထံမှတဆင့်ရေးသားထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) အား အဟ်လေ့ဘိုက်(အ.စ) နှင့် ပတ်သက်ပြီး လုံးဝအပြည့်အ၀ အားနာမှု့ လေးစားမှု့ ထောက်ထားမှု့ ကို ပြုကြကုန်လော !


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)ပတ် သက်ပြီး တမန်တော်မြတ်ကြီး (ဆွ) ကို အားနာပါလေ။

اخرج البخاري ، عن ابي بکر الصدیق (رض ) قال : (( ارقبوا محمداً – صلی الله علیه و سلم – في اهل بیته ))

                               အေမာမ်ဘိုခါရီအနေဖြင့် ဟဇရသ်အဘူဘဲက် ထံမှတဆင့်ရေးသားထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) အား အဟ်လေ့ဘိုက်(.) နှင့် ပတ်သက်ပြီး လုံးဝအပြည့်အ၀ အားနာမှု့ လေးစားမှု့ ထောက်ထားမှု့ ကို ပြုကြကုန်လော !

ကျမ်းကိုး - စဟီးဘိုခါရီ အလ်ဟဒီးစ် ၉/၃၅/၃၅၄၁ ဖဆွာအေလ်လေဆွဟာဗာ (ရ.သွေ့)

 

ဟဒီး(စ်) တော် တစ်ဆယ့်တစ် (၁၁)

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)ရနသူသည် ငရဲဘုံ၏ လေမကောင်း လေမသန့် ကို ရှုရပေမည်။

اخرج تاطبرانی ، والحاکم ، عن ابن عباس قال : رسول صلی الله علیه وسلم : (( یا بني عبد المطلب اني قد سألت الله لکم ثلاثاً ، ان یثبت قلوبکم وان یعلم جاهلکم ، ویهدي ضالکم ، وسالته ان یجعلکم جوداء رحماء ، فلو انّ رجلاً صفن بین الرکن والمقام فصلی وصام ثم مات وهو مبغض لأهل بیت محمد دخل النار ))

ကျမ်းကိုး - မွတ်စနဒ်သေ စဟီးစိုင်း(န) ကျမ်း ၃/၁၄၈ , ၃/ ၁၅၀

သာရီးခ်ခေ ဘဂ္ဂဒက် ၃/၁၂၂

 

                               သာ()ရနီးနှင့် ဟာကင်း(မ်) အနေဖြင့်အစ်()နေ အဘာစ်(.သွေ) ထံမှတဆင့် ရေးသား တင်ပြ ထားပေ သည်။ တမန်တော် မြတ်ကြီး(ဆွလ္လာဟ်ဟိုအလိုင်းဟေဝအာလေဟီ ဝစလာမ် ) မိန့်ကြားတော်မူသည်မှာ အို! ဘနီအပ်()ဒွရ်မိုသာလစ်() ၏အဆက်အနွယ်) - အကျွန်ုပ်အနေဖြင့် သုံးခုသော အရာကို အသင့်တို့အတွက် (အလ္လာဟ်ဟို အရှင်မြတ် သခင်) ထံ တောင်းခံခဲ့ ပေသည်။ (ပထမ အရာသည်ကား) အသင့်တို့၏ နှလုံးသားများကို မြဲမြဲမြန်းမြန်း ခိုင်ခိုင်မာမာ ထားပေးဖို့ ဖြစ်ပေသည်။ (ဒုတိယအရာသည်ကား) အသင့် တို့အထဲ၌ ပညာ သုခ မတတ် မြောက်သူများဖို့ ပညာသုခ တတ်မြောက်အောင် သင်ယူဆည်း ပူးနိုင်သည့် စွမ်းအား ပေးသနား ဖို့ ဖြစ်ပေသည်။ (တတိယ အရာသည်ကား) အသင့်တို့အထဲမှ မည်သူမဆိုဖြစ်စေ လမ်းစစ်၊ လမ်းမှန်မှ - လမ်းချော်သွားသူများကို တရားစစ်၊ တရားမှန် ပေးသနား တော်မူပေးဖို့ ဖြစ်ပေသည်။ ထိုနောက် အကျွန်ုပ်အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် ထံတောင်းခံခဲ့ပေသည်။ ထိုအရှင်မြတ်အနေဖြင့် အသင့် တို့အား ရက်လျောပေးကမ်း လှူဒါန်းသူများ၊ သတ္တိဗျတ္တိရှိသူများ ထို့နောက် အတူတူပေါင်းသင်း ပြီး အချင်းချင်း သနားကြင်နာယုယမူ့ တရားထားသူများ အဖြစ် သတ်မှတ် အကူအညီပေးဖို့ ဖြစ်ပေသည်။ (အကြောင်းသည်ကား) ဒီကဲ့သို့ ဆုံးဖြတ် အမိန့်ထုတ်ထားပြီး ဖြစ်ပေသည်။ အကြင်မည်သူ မဆို *ရုက်နေမကမ်း() ၏ အကြား၌ နမာဇ် များ ဖတ်မည်။ ထိုနောက် ဥပုဒ်သီလဆောက်တည်မည် (ဒီအတိုင်း မိမိ၏ဘ၀ တသက်လုံး ရာသက်ပန် ပြုလုပ်ခဲ့မည်)။ သို့သော်၎င်းသူအနေ ဖြင့်အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)နှင့် ရန်ငြိုးထားပြီး၊ မနာလိုဝန်တိုစိတ် ထားပြီး သေဆုံးသွားမည်ဆိုလျှင် ၄င်းသူသည် ဂျဟန္နမ် ငရဲ ဘုံ ဒုက္ခ သို့ သွားရောက်ရမည်မှာ သေချာပေါက်ဖြစ်ပေသည်။

*ရုက်နေမကမ်း() = ကာဘာဝတ်ကျောင်းတော်မြတ်၌ ရှိသောမြင့်မြတ်သည့် နေရာ နှစ်ခု အမည်။

===============================

251/ End