အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၂၉ မေ ၂၀၁၆

၁၇:၀၇:၀၀
757117

ၾသစေတးလ် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တန်ပြန်ဆန့်ကျင်မှုနှင့် ကြုံတွေ့

သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူမျိုးရေးခွဲခြားမှု ဆန့် ကျင်သူ အုပ်စုများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) ( အလိုင်ဟေမွတ်စ်စလာမ် ) သတင်းဌာန ၊ အဗ်နာ

 သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူမျိုးရေးခွဲခြားမှု ဆန့် ကျင်သူ အုပ်စုများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဖွဲ့နှစ်ဖွဲ့မှာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ငရုတ်ကောင်းစပရေးများဖြင့် ဖြန်းကာ လူစုခွဲခဲ့ရပြီး စုစုပေါင်း အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့သည်။

ဗီဒီယိုမှတ်တမ်းများအရ ဆန္ဒပြသူများမှာ သြစတေးလျအလံများကို အသုံးပြု၍ ဆန့်ကျင်ဘက်အုပ်စုကို ရိုက်နှက်ခဲ့ကြပြီး၊ ထိုဆန္ဒပြပွဲကို ဦးစီးကျင်းပသည့် UPF ပါတီ၏ အဖွဲ့ဝင်တစ်ဦးကို လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူ ၂ ဦးက ထိုးကြိတ်ကန်ကျောက်မှုများကိုလည်း တွေ့ခဲ့ရသည်။

ဝန်ကြီးချုပ် မဲလ်ကွမ် တန်ဘူးလ်ကမူ သြစတေးလျ လူ့အဖွဲ့အစည်းတွင် ရှိနေသည့် ဘာသာစုံလူမျိုးစုံ ယဉ်ကျေးမှုမှာ မိမိတို့၏ ကြီးမားသော အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဒီလို မတူကွဲပြားမှုတွေကြောင့် ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်ကြတယ်။ စုစုစည်းစည်းရှိကြတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ပိုတောင့်တင်းပြီး၊ သာယာဝပြောတဲ့ နိုင်ငံတစ်ခု ဖြစ်လာတာပါ” ဟု ၀န်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: Aljazeera

=======================

251/End