အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ကြာသပတေးနေ့

၂ ဇွန် ၂၀၁၆

၁၈:၄၅:၃၃
757900

ရွှေ့ပြောင်းလာသူများအတွက် တရားဝင်ဒုက္ခသည်စခန်း ပဲရစ်တွင် ဖွင့်ပေးမည်

အကြောင်းအမျိုးအမျိုးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေအတွက် လာမည့်ရက်သတ္တပတ်တွေအတွင်း ပထမဦးဆုံး တရားဝင်ဒုက္ခသည်စခန်းတစ်ခုကို ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) ( အလိုင်ဟေမွတ်စ်စလာမ် ) သတင်းဌာန ၊ အဗ်နာ

ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂို



အကြောင်းအမျိုးအမျိုးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေအတွက် လာမည့်ရက်သတ္တပတ်တွေအတွင်း ပထမဦးဆုံး တရားဝင်ဒုက္ခသည်စခန်းတစ်ခုကို ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီစခန်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ညီညွတ်အောင် ပြုလုပ်ပေးသွားမှာဖြစ်ပြီး ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ မြို့တော်မြောက်ပိုင်းမှာ ဖွင့်ပေးမှာဖြစ်ကာ ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင်လည်း ပြုလုပ်ထားပေးမှာ ဖြစ်ပါတယ်။

“ကျွန်မတို့အနေနဲ့ မြို့တော်ပိုင်မြေနေရာအတော်များများကို သတ်မှတ်ထားပြီးပါပြီ၊ သတ်မှတ်ချိန်အတိုင်း ဘောင်ဝင်အောင်လို့ တတ်နိုင်သမျှ မြန်မြန် ဆောင်ရွက်နေပါတယ်၊ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ စင်တာတစ်ခုကို ဖန်တီးပေးသွားမှာပါ” လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

နောက်ပြီး အဲဒီစခန်းကို လာမယ့် လေးပတ်ကနေ ခြောက်ပတ်အတွင်း ဖွင့်လှစ်သွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“ကျွန်မကတော့ ဒီလူတွေရဲ့ အခြေအနေတွေကို သုံးသပ်အဖြေရှာနိုင်ဖို့အတွက် ကြိုဆိုရေးစင်တာတစ်ခုအဖြစ်ရော လက်ဗလာနဲ့ရောက်လာမယ့် သူတို့အတွက် သက်တောင့်သက်သာဖြစ်စေဖို့နေရာတစ်ခုအဖြစ်ပါ အသုံးဝင်မယ်လို့ မျှော
်လင့်ထားပါတယ်”

Ref: IINA