အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၆ ဇွန် ၂၀၁၆

၁၈:၂၈:၄၆
758599

ဩစေၾတးလ် အနောက်ပိုင်းတွင် ငါးမန်းတိုက်ခိုက်သဖြင့် တစ်ပတ်အတွင်း ၂ ဦးသေဆုံး

ဩစတြေးလျ အနောက်ပိုင်းတွင် ငါးမန်းတိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း လူ ၂ ဦး သေဆုံးပြီးနောက် နောက်ထပ် အလားတူ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။ ဇွန် ၅ ရက်တွင် အသက် ၆၀ အရွယ် အပျော်တမ်း ရေငုပ်သူ အမျိုးသမီး တစ်ဦးကို ငါးမန်းတစ်ကောင်က ကိုက်ဆွဲ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ ယင်းသည် အနောက် ဩစတြေးလျ ကမ်းခြေတွင် ၆ ရက်အတွင်း ဒုတိယ အကြိမ်မြောက် ငါးမန်းတိုက်ခိုက်၍ လူသေဆုံးမှုအဖြစ် မှတ်တမ်းဝင်လာသည်။


ဩစတြေးလျ အနောက်ပိုင်းတွင် ငါးမန်းတိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း လူ ၂ ဦး သေဆုံးပြီးနောက် နောက်ထပ် အလားတူ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

ဇွန် ၅ ရက်တွင် အသက် ၆၀ အရွယ် အပျော်တမ်း ရေငုပ်သူ အမျိုးသမီး တစ်ဦးကို ငါးမန်းတစ်ကောင်က ကိုက်ဆွဲ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ ယင်းသည် အနောက် ဩစတြေးလျ ကမ်းခြေတွင် ၆ ရက်အတွင်း ဒုတိယ အကြိမ်မြောက် ငါးမန်းတိုက်ခိုက်၍ လူသေဆုံးမှုအဖြစ် မှတ်တမ်းဝင်လာသည်။

ပါ့သ်မြို့ ကမ်းခြေတစ်နေရာတွင် အဆိုပါ အမျိုးသမီးကို ငါးမန်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူမကို ကူညီရန် ရောက်ရှိသွားသည့် လှေအဖွဲ့သားများ၏ အဆိုအရ ငါးမန်းသည် ၎င်းတို့၏ ၁၈ ပေ အရှည်ရှိ လှေထက် အရွယ်အစား ပိုကြီးကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းကလည်း ပါ့သ်မြို့တောင်ပိုင်း မန်ဒူရာ အနီးတွင် ငါးမန်းတိုက်ခိုက်မှုကြောင့် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့သေးသည်။

ယခုနောက်ဆုံး ငါးမန်းတိုက်ခိုက်မှုသည် မန်ဒါရီမြို့အနီး သန္တာကျောက်တန်းများ တဝိုက်တွင် ပေါ်ပေါက်ခဲ့ခြင်းဟု အနောက် ဩစတြေးလျ ရဲတပ်ဖွဲ့မှ ဒန်နီ မူလီဂန်က ပြောကြားခဲ့သည်။ အမျိုးသမီးနှင့်အတူ ရေကူးနေခဲ့သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ရဲများထံ ထွက်ဆိုရာတွင် “ကျွန်တော့်နားက တစ်ခုခု ဖြတ်သွားတယ်လို့ ခံစားမိတယ်။ နောက်တော့ ရေထဲမှာ ပွက်လောရိုက်သွားတော့တာပဲ”ဟု ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလှေ ထိုနေရာသို့ ရောက်သွားချိန်တွင် ငါးမန်းနှင့် ထိုအမျိုးသားတို့ ကြားထဲ၌ ကန့်လန့်ဖြတ် ဝင်ရပ်ထားပေးခဲ့ပြီး ထိုသူသည် ၎င်း၏ လှေပေါ်သို့ ပြန်တက်နိုင်ခဲ့သည်။ ထို့နောက်တွင်မှ မိမိ၏အဖော် အမျိုးသမီးမှာ သေသည်အထိ ဆိုးရွားပြင်းထန်စွာ ငါးမန်းကိုက် ခံထားရသည်ကို သတိပြုခဲ့မိခြင်းဟု ၎င်းက ဖွင့်ဟခဲ့သည်။

“သွားကယ်တဲ့လှေပေါ်မှာ ငါးဖမ်းသမား ၃ ယောက်ပါတယ်။ လှေက ၁၈ ပေရှည်တယ်။ လှေပေါ်က လူတွေက ငါးမန်းကို သေချာမြင်လိုက်တယ်။ သူတို့လှေထက် ပိုလည်းရှည်၊ ပိုလည်း အကောင်ကြီးတယ်လို့ ပြောကြတယ်”ဟု မူလီဂန်က ဆိုသည်။ အဆိုပါ ဖြစ်ရပ်အပြီးတွင် မန်ဒါရီမြို့ရှိ ကမ်းခြေအားလုံးကို ပိတ်ထားလိုက်ရသည်။

ယခုတိုက်ခိုက်မှုသည် ငါးမန်းဖြူ တစ်ကောင်၏ လက်ချက် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ အနောက်ဩစတြေးလျ အသက်ကယ်ဌာနက တိုက်ခိုက်မှု မဖြစ်မီ မိနစ် ၂၀ မျှ အလိုတွင် မန်ဒါရီမြို့ ကမ်းလွန် ၁ ကီလိုမီတာမျှ အကွာ၌ ငါးမန်းတစ်ကောင် ကူးခတ်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ကြေညာသည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက မန်ဒူရာ အနီးတွင် ၁၄ ပေ အရှည်ရှိ ငါးမန်းတစ်ကောင်ကို ဖမ်းမိပြီး သုတ်သင် ဖျက်ဆီးခဲ့သော်လည်း ထိုငါးမန်းသည် အသက် ၂၉ နှစ်အရွယ် လှိုင်းစီးသမား ဘန်ဂါရင်ကို တိုက်ခိုက်ခဲ့သည့် သတ္တဝါဆိုးကြီး ဟုတ်မဟုတ် အတိအကျ မသိရချေ။ ဂါရင်းသည် ငါးမန်းကိုက်ခံရပြီးနောက် ခြေတစ်ဖက် ပြတ်သွားကာ ဆေးရုံတွင် ကုသမှု ခံယူနေခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့နောက် ယခုတစ်ဖန် နောက်ထပ် ငါးမန်းတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဩစတြေးလျ အနောက်ဘက် ကမ်းခြေဒေသတွင် ငါးမန်းတိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသည့်နောက် ၂၀၁၄ ခုနှစ်တွင် ဒေသဆိုင်ရာ အစိုးရက သတ်မှတ် ပမာဏထိ ငါးမန်းများကို သတ်ဖြတ်ရန် ဥပဒေ ပြဋ္ဌာန်းခဲ့ရာ အငြင်းပွားစရာ အခြေအနေများ ဖြစ်ပေါ်ခဲ့ဖူးသည်။

==========================

251 / End