အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
သောကြာနေ့

၁၀ ဇွန် ၂၀၁၆

၁၂:၁၅:၀၈
759357

တရုတ်ရေတပ်လှုပ်ရှားမှု အမေရိကန်စောင့်ကြည့်

တရုတ်ရေတပ် ဖရီးဂိတ်ရေယာဉ်တစီးဟာ ဂျပန်နိုင်ငံက ထိန်းချုပ်တဲ့ ကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်ခဲ့မှုနဲ့ ပတ်သက်လို့ ဂျပန်အစိုးရနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဇွန် ၉ ရက်နေ့ မနက် အရုဏ်မတက်ခင်က တရုတ်ဖရီးဂိတ်စစ်ရေယာဉ်ဟာ အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်နိုင်ငံ ထိန်းချုပ်ထားတဲ့ ဆင်ကကုကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်လာပြီး ၂ နာရီနဲ့ မိနစ် ၂၀ ကြာ မောင်းနှင်ပြီး ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာ့က်တွန်နာက ဒီဖြစ်ရပ်ကို ဂျပန်အစိုးရက အမေရိကန်အစိုးရကို အကြောင်းကြားတယ်လို့ မနေ့က ပြောပါတယ်။ မာ့က်တွန်နာက “ဒီလိုသတင်းတွေကြောင့် အမြဲတမ်း စိုရိမ်ပူပန်ရပါတယ်။ ဂျပန်အစိုးရနဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ်တိုင်ပင်သွားပါမယ်။ ဒီကျွန်းတွေဟာ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး အမေရိကန်-ဂျပန်လုံခြုံရေးစာချုပ်ရဲ့အ၀န်းအ၀ိုင်း အတွင်းမှာရှိတယ်” လို့ ပြောပါတယ်။


တရုတ်ရေတပ် ဖရီးဂိတ်ရေယာဉ်တစီးဟာ ဂျပန်နိုင်ငံက ထိန်းချုပ်တဲ့ ကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်ခဲ့မှုနဲ့ ပတ်သက်လို့ ဂျပန်အစိုးရနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇွန် ၉ ရက်နေ့ မနက် အရုဏ်မတက်ခင်က တရုတ်ဖရီးဂိတ်စစ်ရေယာဉ်ဟာ   အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်နိုင်ငံ ထိန်းချုပ်ထားတဲ့ ဆင်ကကုကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်လာပြီး ၂ နာရီနဲ့ မိနစ် ၂၀ ကြာ မောင်းနှင်ပြီး ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာ့က်တွန်နာက ဒီဖြစ်ရပ်ကို ဂျပန်အစိုးရက အမေရိကန်အစိုးရကို အကြောင်းကြားတယ်လို့ မနေ့က ပြောပါတယ်။

မာ့က်တွန်နာက “ဒီလိုသတင်းတွေကြောင့် အမြဲတမ်း စိုရိမ်ပူပန်ရပါတယ်။ ဂျပန်အစိုးရနဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ်တိုင်ပင်သွားပါမယ်။ ဒီကျွန်းတွေဟာ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး အမေရိကန်-ဂျပန်လုံခြုံရေးစာချုပ်ရဲ့အ၀န်းအ၀ိုင်း အတွင်းမှာရှိတယ်” လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မျှော်လင့်မထားတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  ပြင်ဆင်ထားကြဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ အေဂျင်စီတွေကို ညွှန်ကြားခဲ့သလို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတချို့ကိုလည်း အနီးကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဂျပန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ဆင်ကာကုကျွန်းတွေကို တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတို့ကလည်း သူတို့ပိုင်ဆိုင်တဲ့ ကျွန်းတွေဆိုပြီး အငြင်းပွားနေကြပါတယ်။

အမေရိကန်ကာကွယ်ရေးဌာနပြောခွင့်ရသူ ပီတာကွတ်ခ်ကလည်း အမေရိကန်ပြည်ထောင်စု အစိုးရက ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဂျပန်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆွေးနွေးပြီးပြီလို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂျပန်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို အသိအမှတ်ပြုကြောင်းနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။


တရုတ်ဖရီးဂိတ်စစ်သင်္ဘော ၀င်ရောက်ခုတ်မောင်းချိန်နဲ့ တချိန်တည်းမှာပဲ ရုရှားရေတပ်သင်္ဘော ၃ စင်းဟာလည်း ထိစပ်ဇုန်အတွင်းကို သီးခြား ၀င်ရောက်လာပြီး တရုတ်ရေတပ်သင်္ဘောတွေနဲ့ ပြန်ထွက်ချိန် ခန့်မှာပဲ ပြန်လည်ထွက်ခွာခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်တာဝန်ရှိသူတွေက ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပေမယ့် ရုရှားသံအမတ်ကိုတော့ မဆင့်ခေါ်ခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့  ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီး အာကီတာကာဆိုင်ကီက “တရုတ်နိုင်ငံကသာ ဒီဧရိယာက သူပိုင်တယ်လို့ အမြဲပြောနေတာ၊ ရုရှားက အဲသလိုမဟုတ်ဘူး။ ဒါကြောင့် ဒီနှစ်နိုင်ငံရဲ့ လှုပ်ရှားမှုပုံစံ မတူတာကို ခွဲခြားပြီး တုံ့ပြန်တာပါ” လို့ ပြောပါတယ်။

====================================
251 / End