အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
စနေနေ့

၁၁ ဇွန် ၂၀၁၆

၁၇:၃၅:၅၅
759609

နော်ဝေနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ် ထုလုပ်ပြီးစီး

နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ထားရှိမယ့် ဒေါ်စုပုံတူကြေးရုပ် ထုလုပ်ပြီးစီးသွားပြီဖြစ်ပြီး အဲ့ဒီပုံတူကြေးရုပ်ကို လာမယ့် ဇွန် ၁၉ ရက်နေ့ ဒေါ်စုမွေးနေ့ ပန်းခြံဖွင့်ပွဲမှာ ပြသသွားဖို့ ပြင်ဆင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံတူကြေးရုပ်ကို ထုလုပ်ခဲ့တဲ့ ဗိသုကာပညာရှင် Magnar Kgeldsmo မာ့ရှ်နားရှဲစမိုးက ဇွန် ၅ ရက်မှာ ဒေါ်စုပန်းခြံဖြစ်မြောက်ရး ကော်မတီထံ လွှဲပြောင်းပေးခဲ့တယ်လို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြပါတယ်။


နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ထားရှိမယ့် ဒေါ်စုပုံတူကြေးရုပ် ထုလုပ်ပြီးစီးသွားပြီဖြစ်ပြီး အဲ့ဒီပုံတူကြေးရုပ်ကို လာမယ့် ဇွန် ၁၉ ရက်နေ့ ဒေါ်စုမွေးနေ့ ပန်းခြံဖွင့်ပွဲမှာ ပြသသွားဖို့ ပြင်ဆင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံတူကြေးရုပ်ကို ထုလုပ်ခဲ့တဲ့ ဗိသုကာပညာရှင် Magnar Kgeldsmo မာ့ရှ်နားရှဲစမိုးက ဇွန် ၅ ရက်မှာ ဒေါ်စုပန်းခြံဖြစ်မြောက်ရး ကော်မတီထံ လွှဲပြောင်းပေးခဲ့တယ်လို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြပါတယ်။

အလျား ၂၀ စင်တီမီတာ၊ အနံ ၁၅ စင်တီမီတာနဲ့ အမြင့် ၄၀ စင်တီမီတာရှိတဲ့ ဒေါ်စုပုံတူ ကြေးရုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအလယ်မှာ နော်ဝေ-မြန်မာ နှစ်ဘာသာနဲ့ ကိုယ်ရေးအကျဉ်း ကမ္ပည်းထိုး ထားရှိမယ်လို့ သတင်းက ဆိုပါတယ်။

နော်ဝေက ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ဒေါ်စု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် အလုပ်များလို့ မတက်ရောက်နိုင်တဲ့အကြောင်း ပြန်ကြားထားပြီး သူ့သဘောထားကို သ၀ဏ်လွှာတစောင်ပေးပို့ထားတယ်လို့ သိရပါတယ်။
===================
251 / End