အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၁၇ ဇွန် ၂၀၁၆

၁၄:၄၆:၃၂
760768

ဆီးရီးယားကို တိုက်ရန် အမေရိကန် အစိုးရကို သံအရာရှိများ စုပေါင်းတောင်းဆို

ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူတိုက်ခိုက်ပေးပါရန် အမေရိကန်သံအရာရှိ ၅၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အလယ်အလတ်နှင့် အမြင့်ပိုင်းရာထူးအဆင့်ရှိသူ အရာရှိ ၅၁ ဦးက အမေရိကန်အစိုးရအနေဖြင့် သမ္မတ ဘာရှာအယ်လ် အာဆတ်၏ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူပေးရန် တိုက်တွန်းခဲ့ကြကြောင်း အတည်ပြုခဲ့သည်။ သမ္မတဘာရတ်အိုဘားမား လက်ရှိကျင့်သုံးနေသည့် ဆီးရီးယားမူဝါဒများသည် အာဏာရှင် အာဆတ်ကို ရာထူးဆက်မြဲနေစေရန် အထောက်အကူ ပေးသကဲ့သို့ ရှိနေကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက အစိုးရ၏ မူဝါဒပိုင်းကို ပါဝင်အကြံပေးမှုမျိုးသည် အမေရိကန်တွင် ရှားပါးသော အခြေအနေမျိုး မဟုတ်ချေ။ သို့သော် အိမ်ဖြူတော်၏ ရပ်တည်မှုကို သံအရာရှိများ စုပေါင်းပြီး တိုက်ရိုက်ဆန့်ကျင်သည့် အနေအထားကမူ ကြုံတောင့်ကြုံခဲဟု ဆိုနိုင်သည်။



ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူတိုက်ခိုက်ပေးပါရန် အမေရိကန်သံအရာရှိ ၅၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အလယ်အလတ်နှင့် အမြင့်ပိုင်းရာထူးအဆင့်ရှိသူ အရာရှိ ၅၁ ဦးက အမေရိကန်အစိုးရအနေဖြင့် သမ္မတ ဘာရှာအယ်လ် အာဆတ်၏ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူပေးရန် တိုက်တွန်းခဲ့ကြကြောင်း အတည်ပြုခဲ့သည်။

သမ္မတဘာရတ်အိုဘားမား လက်ရှိကျင့်သုံးနေသည့် ဆီးရီးယားမူဝါဒများသည် အာဏာရှင် အာဆတ်ကို ရာထူးဆက်မြဲနေစေရန် အထောက်အကူ ပေးသကဲ့သို့ ရှိနေကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက အစိုးရ၏ မူဝါဒပိုင်းကို ပါဝင်အကြံပေးမှုမျိုးသည် အမေရိကန်တွင် ရှားပါးသော အခြေအနေမျိုး မဟုတ်ချေ။ သို့သော် အိမ်ဖြူတော်၏ ရပ်တည်မှုကို သံအရာရှိများ စုပေါင်းပြီး တိုက်ရိုက်ဆန့်ကျင်သည့် အနေအထားကမူ ကြုံတောင့်ကြုံခဲဟု ဆိုနိုင်သည်။

အဆိုပါ အကြံပြုမှု၌ အမေရိကန်က ဆီးရီးယားအစိုးရကို တိုက်ရိုက်ကျကျ စစ်ဆင်တိုက်ခိုက်မှု မရှိသ၍ အာဆတ်သည် သူပုန်တပ်များနှင့် ညှိနှိုင်းဆွေးနွေးရန် မည်သည့်ဖိအားမျှ ရှိလိမ့်မည် မဟုတ်ဟု ဖော်ပြထားသည်။ အာဆတ်၏ အာဏာသက်တမ်း ရှည်ကြာနေသ၍ ဆီးရီးယားပဋိပက္ခမှာလည်း ဆက်လက်အရှိန်ကောင်းနေမည် ဖြစ်သည်။

အမေရိကန်နှင့် ရုရှားတို့ ဦးဆောင်ညှိနှိုင်းမှုဖြင့် ဆီးရီးယားအစိုးရနှင့် သူပုန်တပ်များကြား အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သော်လည်း အဆိုပါသဘောတူညီချက်ကို နှစ်ဖက်စလုံးက ချိုးဖောက်မှုများ ရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အီရန်နှင့် ရုရှား၏ အထောက်အပံ့ကိုရထားသည့် အာဆတ်၏ တပ်များက အပစ်အခတ်ရပ်စဲရေးကို ပေါ်ပေါ်ထင်ထင် ဖောက်ဖျက်ကာ သူပုန်များထိန်းချုပ်ထားသည့် မဟာဗျူဟာနယ်မြေများကို သိမ်းယူရန် ကြိုးပမ်းလာခဲ့သည်။

===================

251 / End