အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
စနေနေ့

၁၈ ဇွန် ၂၀၁၆

၁၃:၅၂:၀၃
760946

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးကွန်ရက် ဖြန့်ကျက်မှုသည် အန္တရာယ်ကြီးသည့် လုပ်ရပ်ဟု ပူတင်ဝေဖန်

အရှေ့ဥရောပတွင် ဖြန့်ကျက်ထားသည့် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး ကွန်ရက်သည် အလွန် အန္တရာယ်ကြီးသည့် လုပ်ရပ်တစ်ခုဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်သည်။ အမေရိကန်က ဦးဆောင်ကာ NATO စစ်မဟာမိတ် အုပ်စုက ရုရှား၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် ဥရောပ အရှေ့ပိုင်း နိုင်ငံများတွင် ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ်များ ဖြန့်ကျက် တပ်ဆင်လာသည်။ အဆိုပါ အခြေအနေတွင် ရုရှားအနေဖြင့် မိမိတို့၏ ဒုံးကျည်လက်နက် စွမ်းရည်ကို မဖြစ်မနေ မြှင့်တင်ရန် လိုအပ်လာရာ အန္တရာယ်ကြီးသည့် လက်နက်အားပြိုင်မှု အသွင်းကို ဆောင်လာလိမ့်မည်ဟု ပူတင်က သတိပေးခဲ့သည်။ NATOကမူ မိမိတို့၏ ဒုံးကျည်ကာကွယ်ရေး စနစ်သည် ရုရှားကို ထိန်းချုပ်ထားရန် သီးသန့်ရည်ရွယ်ခြင်း မဟုတ်ဘဲ အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်လာမှုများကိုပါ ကာကွယ်ရန် ပြင်ဆင်မှု တစ်ခုအဖြစ် အကြောင်းပြထားသည်။ သို့သော် ပူတင်ကမူ အဆိုပါ ကာကွယ်ရေး ဒုံးကျည်စနစ်သည် တိုက်ခိုက်ရေး ကဏ္ဍကို အလွယ်တကူ ကူးပြောင်းနိုင်ပြီး ရုရှားကို ခြိမ်းခြောက်လာနိုင်ကြောင်း ဆိုသည်။


အရှေ့ဥရောပတွင် ဖြန့်ကျက်ထားသည့် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး ကွန်ရက်သည် အလွန် အန္တရာယ်ကြီးသည့် လုပ်ရပ်တစ်ခုဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်သည်။

အမေရိကန်က ဦးဆောင်ကာ NATO စစ်မဟာမိတ် အုပ်စုက ရုရှား၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် ဥရောပ အရှေ့ပိုင်း နိုင်ငံများတွင် ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ်များ ဖြန့်ကျက် တပ်ဆင်လာသည်။ အဆိုပါ အခြေအနေတွင် ရုရှားအနေဖြင့် မိမိတို့၏ ဒုံးကျည်လက်နက် စွမ်းရည်ကို မဖြစ်မနေ မြှင့်တင်ရန် လိုအပ်လာရာ အန္တရာယ်ကြီးသည့် လက်နက်အားပြိုင်မှု အသွင်းကို ဆောင်လာလိမ့်မည်ဟု ပူတင်က သတိပေးခဲ့သည်။

NATOကမူ မိမိတို့၏ ဒုံးကျည်ကာကွယ်ရေး စနစ်သည် ရုရှားကို ထိန်းချုပ်ထားရန် သီးသန့်ရည်ရွယ်ခြင်း မဟုတ်ဘဲ အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်လာမှုများကိုပါ ကာကွယ်ရန် ပြင်ဆင်မှု တစ်ခုအဖြစ် အကြောင်းပြထားသည်။ သို့သော် ပူတင်ကမူ အဆိုပါ ကာကွယ်ရေး ဒုံးကျည်စနစ်သည် တိုက်ခိုက်ရေး ကဏ္ဍကို အလွယ်တကူ ကူးပြောင်းနိုင်ပြီး ရုရှားကို ခြိမ်းခြောက်လာနိုင်ကြောင်း ဆိုသည်။

“သူတို့ ဖြန့်ထားတဲ့ ဒုံးခွင်းဒုံးကျည်တွေဆိုတာ Tomahawkတွေ။ Tomahawkတွေက ကြားဖြတ်တားဆီးတဲ့ ဒုံးကျည်စနစ် သက်သက် မဟုတ်ဘူး။ Softwareပိုင်း ပြောင်းလိုက်ရုံ နာရီပိုင်းလောက်အတွင်း တိုက်ခိုက်ရေး ဒုံးကျည်တွေ ဖြစ်သွားလိမ့်မယ်။ သူတို့ ဘာလုပ်ချင်သလဲ ဆိုတာကို မမြင်နိုင်ဘူး။ ရိုမေးနီးယားဆို သူတို့မြေမှာ ဖြန့်ကျက်ထားတဲ့ ဒုံးကျည်တွေက ဘာတွေဖြစ်လာနိုင်တယ် ဆိုတာကို တွေးမိပုံတောင် မရဘူး။ ပိုလန်လည်း တူတူပဲ။ ဒါပေမဲ့ ဒီဒုံးကျည်တွေ ဘယ်လိုဘယ်ပုံ လုပ်ဆောင်နိုင်တယ် ဆိုတာကို ကျွန်တော်ကတော့ သေချာသိတယ်”ဟု ဇွန် ၁၇ ရက်တွင် နိုင်ငံတကာ သတင်းဌာနများကို ပူတင်က စိန့်ပီတာစဘာ့ဂ်မြို့၌ ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော် အမြင်အရတော့ ဒီအပြုအမူဟာ အင်မတန် အန္တရာယ်များတယ်။ အမေရိကန်တွေရဲ့ ဒုံးကျည်စွမ်းရည်ဟာ ကီလိုမီတာ ၅၀၀ ထိ မဟုတ်ဘဲ ကီလိုမီတာ ၁၀၀၀ ထိ ခရီးပေါက်လာနိုင်တဲ့ အချိန်ကစပြီး ကျွန်တော်တို့ သေချာ လေ့လာ သိရှိခဲ့ပြီး ဖြစ်တယ်။ အဲဒီကာလ ကတည်းက သူတို့ဟာ ကျွန်တော်တို့ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု အလားအလာအပေါ် ခြိမ်းခြောက်လာခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ဘက်က တုံ့ပြန်ဖို့ လိုတယ်။ ကျွန်တော်တို့ရဲ့ ဒုံးကျည်စွမ်းရည်ကို တိုးမြှင့်ရတော့မယ်။ ဒီလို လုပ်ပြန်တော့လည်း ကျွန်တော်တို့က ရန်လိုတယ်လို့ ထပ်စွပ်စွဲခံရဦးမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ။ ရုရှားဟာ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို အဆင့်အမြင့်ဆုံး၊ အကောင်းဆုံး ရှိနေအောင် လုပ်ဖို့ လိုတယ်။ ဒါဟာ မဟာဗျူဟာ ဟန်ချက်ကို ထိန်းညှိခြင်းလည်း ဖြစ်ပါလိမ့်မယ်”ဟု ဆိုသည်။

ပူတင်က အမေရိကန်နှင့် ရုရှားတို့ကြား တင်းမာမှုများ ပြန်လည် မြင့်တက်လာခြင်းသည် မလိုလားအပ်သော ကမ္ဘာ့ရေးရာ ပြဿနာများ ဖြစ်ပေါ်လာစေမည်ကို စိုးရိမ်ကြောင်းလည်း ဖြည့်စွက် ပြောကြားသွားသည်။

===================

251 / End