အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၀ ဇွန် ၂၀၁၆

၁၈:၂၁:၃၈
761396

လမြတ် ရန်တွာန် လ ၁၅ ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ်ဟစန်(အ.စ)၏မွေးနေ့လက်ဆောင်အဖြစ် စာဖတ်ချစ်ပရိတ်သတ်ကြီးကိုတင်ပြအပ်ပါသည်။

အမည် - ဟစန် (အ.စ)

ထင်ရှားသည်ဂုဏ်တော်များ - မွဂ်ျသဗာ၊စေဗ်သေအက္ကဘရ် ၊ကရီးမ်မေအဟ်လေ့ဘိုက်

ကွန်နီယတ် - အဗူမိုဟမ္မဒ်

ခမည်းတော် - အေမာမ် အလီ အစ်ဗ်နေအဘီသွာလစ်ဗ်(အ.စ)

မယ်တော် - ဟဇရတ်ဖွာသေမာဗင်သေရစူလ်(အ.စ)

ဖွားမြင်တော်မူသည်ကာလ - ရမ်တွာန် (၁၅) ရက် ၊ ဟီဂျရီ၃ ခုနှစ်

ဖွားမြင်တော်မူသည်နေရာ - မဒီနာရွှေမြို့တော်

ရှဟာဒတ်ခံယူသည်နေ့နှင့်နှစ် - ဆဖရ်လ ၂၈ ရက်နေ့ ဟီဂျရီ ၅၀ ခုနှစ်

ရှဟီးဒ်လုပ်ရာ၌သုံးခဲ့သည်လက်နက် - အဆိပ်အတောက်

ရက်ရက်စက်စက်လုပ်ကြံခံသူ - မိုအာဝေယာ(လ.န)၏လမ်းညွန်မှုဖြင့်ဂျိုအ်သာဗင်

သေအရှ်အသ်(လ.န)

 

 

ရောင်ဇာ - ဂျန္နတ်သိုလ်ဗကီး ၊ မဒီနာရွှေမြို့တော်(သို့သော်)ဝမ်းနည်းလေစွာ၊တယူသန်

ဝဟာဘီများ(လ.န)တို့ကြောင့်ရောင်ဇာမရှိဘဲကဗရ်အဖြစ်သာရှိနေပါသည်။

သက်တော် - ၄၇ နှစ်

အဖိုးမဖြတ်နိုင်သည့် အေမာမ် ဟစန် (အ.စ)၏ဟဒီးစ်တော်များမှ အချို့

၁ ။ ဂျေဟာလသ်ကဲ့သို့ဆင်းရဲမှု မရှိချေ။

ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

၂။အပြစ်ကျူးလွန်သူများကိုအပြစ်ဒဏ်ပေးရာ၌အလျင်မလိုပါနှင့်၊တောင်းပန်မေတ္တာရပ်ခံဖို့ရန်အခွင့်အလမ်းပေးပါ။

ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၃

 

၃။ အကြင်သူတစ်ဦးတစ်ယောက်သည်အေမာမ်(အ.စ)အားမေးမြန်းသည်မှာ-

သူရဲဘော်ကြောင်မှုသည်အဘယ်နည်း ?

အဖြေပေးမိန့်တော်မှုသည်မှာ-

သူငယ်ချင်းများကိုသတ္တိပြပြီး၊ ရန်သူများဆိုထွက်ပြေးခြင်း(တိမ်းရှောင်ခြင်း)ဖြစ်ပေသည်။

သိုအ်ဖလ်အိုကူးလ် စာမျက်နှာ ၂၂၅

၎။ မိမိ၏ပညာကိုသူတစ်ပါးအားပို့ချပါ။သူများဆီမှလည်း ပညာသင်ယူပါ၊ဤသို့ဖြစ်အသင်၏

ပညာပိုမိုခိုင်ခံ့လာပေမည်ထိုပြင်အသင်မသိသေးသောပညာကိုလည်းရရှိပေမည်။

ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

၅ ။ လူသားအားပျက်စီးစေသည်အရာ (၃)မျိုး ရှိပေသည်။

(၁)မာန်မာန (၂) လောဘ (၃) မနာလိုဝန်တိုစိတ်

ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁