အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
အင်္ဂါနေ့

၂၁ ဇွန် ၂၀၁၆

၁၄:၂၇:၀၇
761560

အမေရိကန် ဦးဆောင်သည့် ဆီးရီးယား တော်လှန်ရေးတပ်များကို အိုင်အက်စ် တန်ပြန်တိုက်စစ်ဆင်

အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ကို ဖိအားပေး တိုက်ခိုက်နေသည့် အမေရိကန် လိုလားသော တော်လှန်ရေး အင်အားစုများကို တန်ပြန်တိုက်စစ် အစပြု တုံ့ပြန်နေကြောင်း ဆီးရီးယား စစ်တပ်က ပြောကြားခဲ့သည်။ အိုင်အက်စ်သည် ဆီးရီးယားစစ်တပ်နှင့်ရော၊ ဆီးရီးယားစစ်တပ်၏ ရန်သူဖြစ်သည့် အမေရိကန်ဦးဆောင်သော သူပုန်တပ်များနှင့်ပါ စစ်ခင်းနေရာ သုံးပွင့်ဆိုင် ပဋိပက္ခအသွင်ကို ဆောင်နေသည်။ မကြာသေးမီ လပိုင်းအတွင်း အမေရိကန် အထောက်အပံ့ပေးသည့် ဆီးရီးယား သူပုန်တပ်များက အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ သို့သော် ဇွန် ၂၀ တွင် ဆီးရီးယားပိုင် မန်းဘစ်ဂ်ျမြို့အနီး၌ အိုင်အက်စ်တို့၏ မထင်မှတ်သော တန်ပြန်တိုက်စစ်ကြောင့် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အသေအပျောက် အများအပြား ရှိခဲ့ကြောင်း ဆီးရီးယားစစ်ဘက်က ကြေညာခဲ့သည်။



အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ကို ဖိအားပေး တိုက်ခိုက်နေသည့် အမေရိကန် လိုလားသော တော်လှန်ရေး အင်အားစုများကို တန်ပြန်တိုက်စစ် အစပြု တုံ့ပြန်နေကြောင်း ဆီးရီးယား စစ်တပ်က ပြောကြားခဲ့သည်။

အိုင်အက်စ်သည် ဆီးရီးယားစစ်တပ်နှင့်ရော၊ ဆီးရီးယားစစ်တပ်၏ ရန်သူဖြစ်သည့် အမေရိကန်ဦးဆောင်သော သူပုန်တပ်များနှင့်ပါ စစ်ခင်းနေရာ သုံးပွင့်ဆိုင် ပဋိပက္ခအသွင်ကို ဆောင်နေသည်။ မကြာသေးမီ လပိုင်းအတွင်း အမေရိကန် အထောက်အပံ့ပေးသည့် ဆီးရီးယား သူပုန်တပ်များက အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ သို့သော် ဇွန် ၂၀ တွင် ဆီးရီးယားပိုင် မန်းဘစ်ဂ်ျမြို့အနီး၌ အိုင်အက်စ်တို့၏ မထင်မှတ်သော တန်ပြန်တိုက်စစ်ကြောင့် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အသေအပျောက် အများအပြား ရှိခဲ့ကြောင်း ဆီးရီးယားစစ်ဘက်က ကြေညာခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း မန်းဘစ်ဂ်ျမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်သွေးကြွများက မြို့တောင်ပိုင်းရှိ ကျေးရွာသုံးခုကို ပြန်လည် ထိန်းချုပ်သွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ အိုင်အက်စ်၏ အလစ်အငိုက် တန်ပြန်ထိုးစစ်ကြောင့် အမေရိကန် ကျောထောက်နောက်ခံပြုသည့် ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု (SDF) တပ်ဖွဲ့များ အထိနာခဲ့ပြီး အနည်းဆုံး ၂၈ ဦးမျှ ကျဆုံးခဲ့ကြောင်း သိရသည်။

အိုင်အက်စ်သည် လွန်ခဲ့သည့် ၂ နှစ်က အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံတစ်ခု သတ်မှတ် ထူထောင်ခဲ့သော်လည်း ယခုအခါ နှစ်နိုင်ငံစလုံးတွင် ရန်သူအများအပြားက စစ်မျက်နှာမျိုးစုံဖွင့်ပြီး ၎င်းတို့ကို တိုက်ခိုက်လျက် ရှိသည်။ အိုင်အက်စ်၏ ရန်သူအင်အားစုများအတွက် တူညီသော ရည်မှန်းချက်မှာ အိုင်အက်စ်၏ နိုင်ငံအလိုက် မြို့တော်နှစ်ခုဖြစ်သည့် ဆီးရီးယားမှ ရက္ကာ၊ အီရတ်မှ မိုဆူးလ်တို့ထိ ချီတက်နိုင်ရေး ဖြစ်သည်။

SDF တပ်ဖွဲ့များသည် မန်းဘစ်ဂ်ျမြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ရန် နီးနီးစပ်စပ်ထိ ရှိခဲ့ပြီး အမေရိကန် လေတပ်ကလည်း လေကြောင်းမှ ပစ်ကူပေးနေခဲ့သည်။ ထို့အပြင် မြေပြင်တွင်လည်း အမေရိကန် အထူးတပ်ဖွဲ့များက ကူညီပံ့ပိုးနေသည်။ SDFက အိုင်အက်စ် စစ်သွေးကြွများက တန်ပြန်တိုက်စစ်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး မြို့ဆင်ခြေဖုံး အရပ်တွင် ဆက်လက် ခြေကုပ်ယူ တပ်စွဲထားနိုင်ဆဲ ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ကျွန်တော်တို့ အတိုက်ခံရပါတယ်။ ဒါပေမဲ့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါပြီ။ စစ်သွေးကြွတွေ အကျအဆုံး အများကြီးနဲ့ ပြန်ဆုတ်သွားတယ်”ဟု SDF၏ မဟာမိတ် မန်းဘစ်ဂ်ျစစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ရှာဖန်ဒါဝစ်ရှ်က Reutersသို့ ပြောကြားခဲ့သည်။

အိုင်အက်စ်တို့သည် မဟာဗျူဟာအရ အချက်အခြာကျသည့် မြို့တစ်မြို့ဖြစ်သော တက်ဘ်ကာ အနီးတွင်လည်း အခြားသော ရန်သူအင်အားစု တစ်ခုဖြစ်သည့် ဆီးရီးယား အစိုးရ စစ်တပ်များကို တွန်းလှန်နိုင်ခဲ့ကြောင်း သိရသည်

===================

251 / End