အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
စနေနေ့

၂၅ ဇွန် ၂၀၁၆

၁၇:၅၁:၄၇
762344

အမေရိကန်တွင် ပြုလုပ်သော မီးနင်းပွဲ၌ ပါဝင်သူ ၄၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိ

အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ်၌ စိတ်ဓာတ်တက်ကြွရေး လှုံ့ဆော်ဟောပြောသူ တိုနီရော်ဘင်ပြုလုပ်သော ဆွေးနွေးပွဲတွင် လူ ၄၀ ကျော်တို့ သည် ဆွေးနွေးပွဲအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သော မီးနင်းပွဲ၌ ပါဝင်ခဲ့ပြီးနောက် မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု အမေရိကန် အရာရှိများက ဇွန်လ ၂၄ ရက်တွင် ပြောသည်။ ဒါးလက်စ်မြို့၌ ပြုလုပ်ခဲ့သော ‘အတွင်းအားကို ဖွင့်ထုတ်ပါ’ (Unleash the Power Within) ပွဲသို့ တက်ရောက်ခဲ့သူများက ၎င်းတို့၏ ခြေလက်များ မီးလောင်ခဲ့သည်ဟု ဇွန်လ ၂၃ ရက် ည ၁၁ နာရီတွင် အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြောင်း ဒါးလက်စ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရသူ ဂျွန်ဆန်အီဗန်က ပြောသည်။ ပွဲတက်ရောက်သူ အများအပြားသည် မီးခဲများပေါ်မှ လမ်း လျှောက်ရန် တိုက်တွန်းခံရပြီးနောက် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု အီဗန်က ပြောသည်။



အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ်၌ စိတ်ဓာတ်တက်ကြွရေး လှုံ့ဆော်ဟောပြောသူ တိုနီရော်ဘင်ပြုလုပ်သော ဆွေးနွေးပွဲတွင် လူ ၄၀ ကျော်တို့ သည် ဆွေးနွေးပွဲအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သော မီးနင်းပွဲ၌ ပါဝင်ခဲ့ပြီးနောက် မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု အမေရိကန် အရာရှိများက ဇွန်လ ၂၄ ရက်တွင် ပြောသည်။

ဒါးလက်စ်မြို့၌ ပြုလုပ်ခဲ့သော ‘အတွင်းအားကို ဖွင့်ထုတ်ပါ’ (Unleash the Power Within) ပွဲသို့ တက်ရောက်ခဲ့သူများက ၎င်းတို့၏ ခြေလက်များ မီးလောင်ခဲ့သည်ဟု ဇွန်လ ၂၃ ရက် ည ၁၁ နာရီတွင် အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြောင်း ဒါးလက်စ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရသူ ဂျွန်ဆန်အီဗန်က ပြောသည်။

ပွဲတက်ရောက်သူ အများအပြားသည် မီးခဲများပေါ်မှ လမ်း လျှောက်ရန် တိုက်တွန်းခံရပြီးနောက် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု အီဗန်က ပြောသည်။

ဒဏ်ရာရရှိခဲ့သူများအနက် ငါးဦးအား ပါ့ခ်လန်းဆေးရုံ၌ ကုသ ပေးထားသည်ဟု ၎င်းက ပြောသည်။ ကျန်ဒဏ်ရာရရှိသူများအား အခင်းဖြစ်ပွားရာ နေရာတွင်ပင် ကုသပေးခဲ့သည်။

ယင်းမီးနင်းပွဲတွင် လူမည်မျှ ပါဝင်ခဲ့သည်မှာ မရှင်းလင်းပေ။

သုံးရက်တာ ဆွေးနွေးပွဲသည် လူများအား မည်သည့်အ ကန့်အသတ်ကိုမဆို ဖြတ်ကျော် နိုင်စေရန်နှင့် ဘ၀အရည်အသွေး များ တိုးတက်စေရန် ရည်ရွယ်သည်ဟု ရော်ဘင်၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရော်ဘင်သည် လူကြိုက်များသော စိတ်ဓာတ်လှုံ့ဆော်ရေး ဟောပြောသူနှင့် ရောင်းအားအ ကောင်းဆုံးစာအုပ် ထုတ်ဝေဖူးသော စာရေးဆရာတစ်ဦး ဖြစ်သည်။

ယခုဖြစ်စဉ်ကို ၎င်း၏ ပြောရေးဆိုခွင့်ရသူက မည်သည့်မှတ်ချက်မျှ မပေးသေးပေ။

၂၀၁၂ ကလည်း ကယ်လီဖိုးနီးယားပြည်နယ်၌ ပြုလုပ်ခဲ့သော ၎င်း၏ မီးနင်းပွဲတွင် လူ ၆,၀၀၀ ပါဝင်ခဲ့ပြီး ၂၁ ဦးမှာ မီးလောင် ဒဏ်ရာများရရှိ၍ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။
===================
251 / End