အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
စနေနေ့

၂ ဇူလိုင် ၂၀၁၆

၁၉:၂၉:၀၁
763746

မဟာမိတ်လေတပ်၏ တိုက်ခိုက်မှုကြောင့် အိုင်အက်စ်၏ အရေးပါသည့် တပ်မှူးနှစ်ဦး သေဆုံး

အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်၏ တိုက်ခိုက်မှုများအတွင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့မှ အရေးပါသော တပ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အီရတ်မြောက်ပိုင်း မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့်လ နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အိုင်အက်စ်၏ စစ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အကြီးတန်း ဗျူဟာမှူးတစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာသည်။ အမေရိကန် ဦးဆောင်သော မဟာမိတ် လေတပ်သည် အီရတ်ပိုင်နက်တွင် အိုင်အက်စ် သိမ်းပိုက်ထားရာ နယ်မြေများမှ စစ်သွေးကြွများကို အစိုးရတပ်များက တွန်းလှန်တိုက်ထုတ်ရာ၌ ထဲထဲဝင်ဝင် ကူညီပေးလျက် ရှိသည်။ အယ်လ်ကိုင်ဒါ စစ်ဦးစီးဟောင်း တစ်ဦးဖြစ်ပြီး လတ်တလောတွင် အိုင်အက်စနှင့် ပူးပေါင်းထားသည့် ဘာဆင်မ် မူဟာမက် အာမက် ဆူလ်တန် အယ်လ်ဘာဂျာရာသည် လေတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ပင်တဂွန်၏ ဖော်ပြချက်တွင် ပါရှိသည်။ အိုင်အက်စ် စစ်ရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသည့် အယ်ဘာဂျာရာသည် လက်လုပ်ဗုံးများ၊ ဖောက်ခွဲရေး ကိရိယာများ၊ အဆိပ်ဓာတ်ငွေ့ လက်နက်များ ဖန်တီးရာတွင် ထူးချွန်သူ တစ်ဦးအဖြစ် နာမည်ကြီးခဲ့သည်။



အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်၏ တိုက်ခိုက်မှုများအတွင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့မှ အရေးပါသော တပ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အီရတ်မြောက်ပိုင်း မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့်လ နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အိုင်အက်စ်၏ စစ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အကြီးတန်း ဗျူဟာမှူးတစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာသည်။

အမေရိကန် ဦးဆောင်သော မဟာမိတ် လေတပ်သည် အီရတ်ပိုင်နက်တွင် အိုင်အက်စ် သိမ်းပိုက်ထားရာ နယ်မြေများမှ စစ်သွေးကြွများကို အစိုးရတပ်များက တွန်းလှန်တိုက်ထုတ်ရာ၌ ထဲထဲဝင်ဝင် ကူညီပေးလျက် ရှိသည်။ အယ်လ်ကိုင်ဒါ စစ်ဦးစီးဟောင်း တစ်ဦးဖြစ်ပြီး လတ်တလောတွင် အိုင်အက်စနှင့် ပူးပေါင်းထားသည့် ဘာဆင်မ် မူဟာမက် အာမက် ဆူလ်တန် အယ်လ်ဘာဂျာရာသည် လေတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ပင်တဂွန်၏ ဖော်ပြချက်တွင် ပါရှိသည်။ အိုင်အက်စ် စစ်ရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသည့် အယ်ဘာဂျာရာသည် လက်လုပ်ဗုံးများ၊ ဖောက်ခွဲရေး ကိရိယာများ၊ အဆိပ်ဓာတ်ငွေ့ လက်နက်များ ဖန်တီးရာတွင် ထူးချွန်သူ တစ်ဦးအဖြစ် နာမည်ကြီးခဲ့သည်။

အခြားသေဆုံးသူ တစ်ဦးမှာ မိုဆူးလ်မြို့မှ အိုင်အက်စ် စစ်ဦးစီး တစ်ဦးဖြစ်သည့် ဟာတင်မ် တာလစ်ဘ် အယ်လ်ဟမ်ဒူနီဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ပီတာကွတ်ခ်က ဆိုသည်။ ၎င်းသည် မိုဆူးလ်၏ စစ်ရဲဌာန အကြီးအကဲအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံးသည် ဇွန် ၂၅ ရက်က လေတပ်၏ ရှောင်တခင် ထိုးစစ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ အိုင်အက်စ်တို့သည် အင်အားကြီးမားလာပြီးနောက် ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် မိုဆူးလ်အပါအဝင် အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ နယ်မြေအများအပြား၊ ဆီးရီးယား အရှေ့ပိုင်း ဒေသတို့ကို သိမ်းယူခဲ့သော်လည်း လတ်တလောတွင် ဘက်ပေါင်းစုံမှ တွန်းလှန်မှုများကြောင့် တိုက်ပွဲများစွာ ဆက်တိုက်အရေးနိမ့်ပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများစွာ လက်လွှတ်လာရပြီ ဖြစ်သည်။

===================    

251 / End