အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၃ ဇူလိုင် ၂၀၁၆

၁၇:၅၆:၅၈
763920

ဥရောပမှ ဗြိတိန်ခွဲထွက်မှု ဆန့်ကျင်သူများ လန်ဒန်မြို့တွင် ချီတက်ဆန္ဒပြ

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှု မှင်တက်စေသော မဲခွဲမှုရလဒ် ဆန့်ကျင်သူများက လန်ဒန်မြို့ ချီတက်ဆန္ဒပြခဲ့ကြပြီး ၎င်းတို့က ဥရောပအလံများကို ဝှေ့ယမ်းပြီး ‘‘အီးယူကို ငါတို့ချစ်တယ်’’ ဟူသော စာတန်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြချီတက်ပွဲအား ပါလီမန်တွင် အဆုံးမသတ်မီ ၀န်ကြီးချုပ်အိမ်ရှိရာ ဒေါင်းနင်းလမ်းကို ဖြတ်သန်းခဲ့ကြသော ဆန္ဒပြသူများက လူထုဆန္ဒခံယူပွဲလုပ်ရန် ဆုံးဖြတ်ခဲ့သော ၀န်ကြီးချုပ် ကင်မရွန်းအား ရည်ရွယ်၍ ‘‘ခင်ဗျားအတွက် ရှက်တယ်’’ ဟု အော်ဟစ်ခဲ့ကြကြောင်း သိရသည်။ ‘ခွဲထွက်ရေးအဖွဲ့က လိမ်ညာခဲ့တယ်။ ငါတို့အနာဂတ်ကို ကယ်တင်ပါ’၊ ‘အီးယူကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်’ စသော နဖူးစည်းစာတမ်းများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည်။


ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှု မှင်တက်စေသော မဲခွဲမှုရလဒ် ဆန့်ကျင်သူများက လန်ဒန်မြို့ ချီတက်ဆန္ဒပြခဲ့ကြပြီး ၎င်းတို့က ဥရောပအလံများကို ဝှေ့ယမ်းပြီး ‘‘အီးယူကို ငါတို့ချစ်တယ်’’ ဟူသော စာတန်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြချီတက်ပွဲအား ပါလီမန်တွင် အဆုံးမသတ်မီ ၀န်ကြီးချုပ်အိမ်ရှိရာ ဒေါင်းနင်းလမ်းကို ဖြတ်သန်းခဲ့ကြသော ဆန္ဒပြသူများက လူထုဆန္ဒခံယူပွဲလုပ်ရန် ဆုံးဖြတ်ခဲ့သော ၀န်ကြီးချုပ် ကင်မရွန်းအား ရည်ရွယ်၍ ‘‘ခင်ဗျားအတွက် ရှက်တယ်’’ ဟု အော်ဟစ်ခဲ့ကြကြောင်း သိရသည်။

‘ခွဲထွက်ရေးအဖွဲ့က လိမ်ညာခဲ့တယ်။ ငါတို့အနာဂတ်ကို ကယ်တင်ပါ’၊ ‘အီးယူကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်’ စသော နဖူးစည်းစာတမ်းများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် လူပေါင်းလေး သောင်းခန့် ပါဝင်သည်ဟု ဆန္ဒပြပွဲစည်းရုံးခဲ့သူများက ပြောသော်လည်း ရဲတပ်ဖွဲ့က ခန့်မှန်းခြေအရေအတွက်ကို မထုတ်ပြန်ခဲ့ပေ။

ဗြိတိန်နိုင်ငံသား ၅၂ ရာခိုင်နှုန်းက အီးယူမှ ခွဲထွက်မည်ဟု မဲပေးခဲ့သော ပွတ်ကာသီကာနိုင်ပွဲကြောင့် အီးယူအဖွဲ့တွင် ဆက်လက်နေထိုင်လိုသူများကြား ဒေါသထွက်ခဲ့ကြပြီး နောက်ထပ် လူထုဆန္ဒခံယူပွဲလုပ်ရေး လူပေါင်းလေးသန်းက လက်မှတ်ထိုးတောင်းဆိုခဲ့ကြသည်။

အီးယူတွင် ဆက်လက်နေထိုင်လိုသူများ လမ်းပေါ်ထွက် ဆန္ဒပြကြရန်လည်း အချို့က တောင်းဆိုကြသည်။

ထိုအတောအတွင်း ယမန်နေ့က စကော့တလန်ပါလီမန်သစ် စတင်ခြင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ စိန်ခေါ်မှုများ များပြားလာသော ကမ္ဘာကြီးတွင် တည်ငြိမ်အေးချမ်းစွာ ရှိနေကြရန် ဘုရင်မကြီး အဲလိဇဘက် (၂) က တိုက်တွန်းပြောကြားသည်။

===================
251 / End