အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၈ ဇူလိုင် ၂၀၁၆

၁၉:၂၇:၃၃
764815

အမေရိကန် ဆန္ဒပြပွဲ တစ်ခုတွင် စနိုက်ပါဖြင့် ချောင်းပစ်မှုကြောင့် ရဲလေးဦး သေဆုံး

အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့တွင် ဆန္ဒပြသူများကို ထိန်းချုပ်ရန် ကြိုးစားရင်း စနိုက်ပါ သေနတ်သမားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း သိရသည်။ အမေရိကန်တွင် ရဲတပ်ဖွဲ့က လူမည်းနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ကြိုးစားစဉ် ယခုလို အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဟု အာဏာပိုင်များက ဆိုသည်။ ဒဲလက်စ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ်ဘရောင်းက ယခုဖြစ်စဉ်အပြီးတွင် တရားခံများကို အစွမ်းကုန် ကြိုးစား ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ရဲနှင့် ဆန္ဒပြသူများ အခြေအတင် ဖြစ်နေစဉ် သေနတ်သံများ ပေါ်လာသဖြင့် လူအားလုံး ဘေးလွတ်ရာ ထွက်ပြေးပြီး ကျည်ကွယ်မျက်ကွယ်တွင် တိမ်းရှောင်ခဲ့ရသည်။ အဆိုပါ ဆန္ဒပြမှုများသည် ရဲများ၏ ပစ်ခတ်မှုကြောင့် မင်နီဆိုးတားတွင် သေဆုံးခဲ့သည့် ဖီလန်ဒို၊ ကက်စ်တီလီနှင့် လူဝီစီးယားနားမှ အယ်လ်တန် စတာလင်တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။



အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့တွင် ဆန္ဒပြသူများကို ထိန်းချုပ်ရန် ကြိုးစားရင်း စနိုက်ပါ သေနတ်သမားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း သိရသည်။

အမေရိကန်တွင် ရဲတပ်ဖွဲ့က လူမည်းနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ကြိုးစားစဉ် ယခုလို အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဟု အာဏာပိုင်များက ဆိုသည်။ ဒဲလက်စ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ်ဘရောင်းက ယခုဖြစ်စဉ်အပြီးတွင် တရားခံများကို အစွမ်းကုန် ကြိုးစား ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

ရဲနှင့် ဆန္ဒပြသူများ အခြေအတင် ဖြစ်နေစဉ် သေနတ်သံများ ပေါ်လာသဖြင့် လူအားလုံး ဘေးလွတ်ရာ ထွက်ပြေးပြီး ကျည်ကွယ်မျက်ကွယ်တွင် တိမ်းရှောင်ခဲ့ရသည်။ အဆိုပါ ဆန္ဒပြမှုများသည် ရဲများ၏ ပစ်ခတ်မှုကြောင့် မင်နီဆိုးတားတွင် သေဆုံးခဲ့သည့် ဖီလန်ဒို၊ ကက်စ်တီလီနှင့် လူဝီစီးယားနားမှ အယ်လ်တန် စတာလင်တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။

ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး နောက်ထပ် အရာရှိ အချို့လည်း ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ဘရောင်းက ဆိုသည်။ ယခုအခါ ရဲတပ်ဖွဲ့သည် သံသယ တရားခံများနှင့် ပတ်သက်၍ သတင်းအစအန ရရှိထားပြီး လူတစ်ဦး၏ ဓာတ်ပုံဖြင့် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ဇူလိုင် ၇ ရက် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် သံသယ တရားခံ၏ ဓာတ်ပုံမှာ ပြောက်ကျားတီရှပ် ဝတ်ဆင်ထားသည့် လူမည်း အမျိုးသား တစ်ဦးဖြစ်သည်။ ဒဲလက်စ်မှ ဆန္ဒပြမှုများသည် အမေရိကန် နိုင်ငံတစ်ဝန်းတွင် အာဖရိကန်နွယ်ဖွား လူမည်း သံသယ တရားခံများအပေါ် လူဖြူရဲများက သေဆုံးသည်အထိ ကြမ်းတမ်းစွာ အရေးယူ ကိုင်တွင်မှုများကို  ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ ဖီလန်ဒိုနှင့် စတာလင်တို့၏ ဖြစ်ရပ်များမှာ ဗီဒီယို မှတ်တမ်းများ ထွက်ပေါ်ခဲ့ရာ လူထုအတွက် ပိုမိုဒေါသထွက်စရာ ဖြစ်ခဲ့သည်။
===================
251 / End