အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၁၃ ဇူလိုင် ၂၀၁၆

၁၉:၂၈:၅၈
765697

အီတလီတွင် ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိပြီး ၂၇ ဦးထက်မနည်း သေဆုံး

ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အီတလီတောင်ပိုင်း ကျေးလက်ဧရိယာ တစ်ခုတွင် ခရီးသည်တင် ရထားနှစ်စီး တိုက်မိခဲ့ကြခြင်း ဖြစ်ကြောင်း ANSA သတင်းဌာနက ဖော်ပြခဲ့သည်။ ပူဂလီယာ ဒေသတွင် ရထားနှစ်စီးသည် လမ်းကြောင်းတစ်ခုတည်းပေါ် မောင်းနှင်မိခဲ့ပြီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။ အန်ဒရီရာတစ် ပင်လယ်ပြင်မှ ၉ မိုင်မျှအကွာတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် မည်ကဲ့သို့ အမှားအယွင်း ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဝေဟင်ဓာတ်ပုံများအရ ရထားနှစ်စီး အရှိန်နှင့် ဆောင့်မိခဲ့သည့် အတွက် ပတ်ဝန်းကျင် ဧရိယာတွင် အပျက်အစီး အစိတ်အပိုင်းများ ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။


ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အီတလီတောင်ပိုင်း ကျေးလက်ဧရိယာ တစ်ခုတွင် ခရီးသည်တင် ရထားနှစ်စီး တိုက်မိခဲ့ကြခြင်း ဖြစ်ကြောင်း ANSA သတင်းဌာနက ဖော်ပြခဲ့သည်။ ပူဂလီယာ ဒေသတွင် ရထားနှစ်စီးသည် လမ်းကြောင်းတစ်ခုတည်းပေါ် မောင်းနှင်မိခဲ့ပြီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အန်ဒရီရာတစ် ပင်လယ်ပြင်မှ ၉ မိုင်မျှအကွာတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် မည်ကဲ့သို့ အမှားအယွင်း ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဝေဟင်ဓာတ်ပုံများအရ ရထားနှစ်စီး အရှိန်နှင့် ဆောင့်မိခဲ့သည့်
အတွက် ပတ်ဝန်းကျင် ဧရိယာတွင် အပျက်အစီး အစိတ်အပိုင်းများ ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။

ရထားမတော်တဆမှုအတွင်း လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပြီး အန်ဒရီရာ ဆေးရုံက လူနာများအတွက် ကူညီ၍ သွေးလှူဒါန်းကြပါရန် မြို့ခံလူထုကို တိုက်တွန်း ပန်ကြားထားသည်။ ရထားတစ်စီးသည် အန်ဒရီရာမှ ကိုရာတိုသို့ ဦးတည်ခုတ်မောင်းပြီး ကျန်တစ်စီးက ဆန့်ကျင်ဘက် အရပ်မှ မောင်းနှင်လာ၍ ထိပ်တိုက် ရင်ဆိုင်တိုးခဲ့ခြင်းဟု သိရသည်။

ဒဏ်ရာရသူများထဲတွင် အခြေအနေ အလွန်ဆိုးသူများ ပါရှိနေရာ အသေအပျောက် ပမာဏ ပိုမို မြင့်တက်လာဖွယ် ရှိကြောင်းလည်း CNNက ဖော်ပြခဲ့သည်။ အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီက ယခုဖြစ်ရပ်ကို အစိုးရ အနေဖြင့် အစွမ်းကုန် စုံစမ်းဖော်ထုတ် စစ်ဆေးသွားမည်ဟု ကတိပြုခဲ့သည်။ ၎င်းသည် ဒေသဆိုင်ရာ အရာရှိများနှင့် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်း၌ တွေ့ဆုံခဲ့ပြီး လိုအပ်သမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်။

“ထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေအတွက် အရမ်း ကြေကွဲမိပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးရဲ့  နာကျင်ဝမ်းနည်းစရာ အတွေ့အကြုံဟာ ကျွန်တော်တို့ အားလုံးကို ကူးစက် ခံစားမိစေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ အစိုးရပိုင် ရထားပို့ဆောင်ရေး ကုမ္ပဏီ FS Groupကလည်း ယခုမတော်တဆမှုအတွက် ကြေကွဲဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရထားနှစ်စီးလုံးကို ယင်းဧရိယာတဝိုက်တွင် ရထားပို့ဆောင်ရေး ဝန်ဆောင်မှု တာဝန်ယူထားသည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သည့် Ferrotramviaria SpAက ပိုင်ဆိုင်ကြောင်း သိရသည်။ ရထားချင်း တိုက်မိသည့်
နေရာသည် ကျေးလက်ဧရိယာ တစ်ခုဖြစ်ပြီး လူသူ အရောက်အပေါက် နည်းပါးရာ တာဝန်ရှိသူများက အနီးတဝိုက် ဒေသများမှ ဆရာဝန်နှင့် သူနာပြုများကို စေတနာအလျောက် ပါဝင်လုပ်အားပေးကြပါရန် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များမှတဆင့် အကူအညီတောင်းခံ ဆော်ဩထားကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

===================    
251 / End