အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၁၄ ဇူလိုင် ၂၀၁၆

၁၃:၄၂:၀၂
765818

အမေရိကန်တွင် စစ်ရေး လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် တရုတ်တစ်ဦးကို ထောင်ဒဏ် ၄ နှစ်နီးပါးချမှတ်

စစ်ရေး လျှို့ဝှက်ချက်များ၊ နည်းပညာများကို ခိုးယူမှုဖြင့် တရုတ် စီးပွားရေးသမား တစ်ဦးကို အမေရိကန်က ထောင်ဒဏ် ၄ နှစ်နီးပါး ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ ဆူဘင်းသည် ဟက်ကာများနှင့် ဆက်သွယ်ကာ ၂၀၀၈ မှ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီများကို ထိုးဖောက်ကာ သတင်းအချက်အလက်များကို တရုတ်စစ်တပ်အတွက် ခိုးယူပေးခဲ့ကြောင်း ဝန်ခံ ထွက်ဆိုထားသည်။ ၎င်းကို ကနေဒါ နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဖမ်းဆီးရမိပြီးနောက် အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရကမူ မိမိတို့သည် နိုင်ငံခြား ကုမ္ပဏီများ၊ အစိုးရများကို ဟက်ကာများက ထိုးဖောက်ခဲ့ရာ၌ ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ လော့စ်အန်ဂျလိစ်မြို့ရှိ အမေရိကန် တရားရုံး တစ်ခုက ဆူကို ထောင်ဒဏ် ၄၆ လ ချမှတ်ခဲ့ပြီး ဒဏ်ကြေး ဒေါ်လာတစ်သောင်း ပေးဆောင်ရန်လည်း အမိန့်ချခဲ့သည်။



စစ်ရေး လျှို့ဝှက်ချက်များ၊ နည်းပညာများကို ခိုးယူမှုဖြင့် တရုတ် စီးပွားရေးသမား တစ်ဦးကို အမေရိကန်က ထောင်ဒဏ် ၄ နှစ်နီးပါး ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ဆူဘင်းသည် ဟက်ကာများနှင့် ဆက်သွယ်ကာ ၂၀၀၈ မှ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီများကို ထိုးဖောက်ကာ သတင်းအချက်အလက်များကို တရုတ်စစ်တပ်အတွက် ခိုးယူပေးခဲ့ကြောင်း ဝန်ခံ ထွက်ဆိုထားသည်။ ၎င်းကို ကနေဒါ နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဖမ်းဆီးရမိပြီးနောက် အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရကမူ မိမိတို့သည် နိုင်ငံခြား ကုမ္ပဏီများ၊ အစိုးရများကို ဟက်ကာများက ထိုးဖောက်ခဲ့ရာ၌ ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ လော့စ်အန်ဂျလိစ်မြို့ရှိ အမေရိကန် တရားရုံး တစ်ခုက ဆူကို ထောင်ဒဏ် ၄၆ လ ချမှတ်ခဲ့ပြီး ဒဏ်ကြေး ဒေါ်လာတစ်သောင်း ပေးဆောင်ရန်လည်း အမိန့်ချခဲ့သည်။

“ဟက်ကာတွေနဲ့ ပူးပေါင်းပြီး တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ လေတပ်အတွက် အချက်အလက်တွေ တရားမဝင် ခိုးယူပေးခဲ့တယ်ဆိုတာကို ဝန်ခံတဲ့နောက် ဆူဘင်းကို အခုလို ပြစ်ဒဏ်စီရင် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေပါ”ဟု လက်ထောက် အစိုးရရှေ့နေ ဂျွန်ကာလင်က ကြေညာခဲ့သည်။

“ဆူဘင်းဟာ တရုတ်စစ်ဘက် ဟက်ကာတွေနဲ့ ပူးပေါင်းပြီး ခေတ်မီတိုက်လေယာဉ်တွေရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ပုံ အချက်အလက်တွေကို ခိုးယူခဲ့တာပါ။ ဒီအချက်အလက်တွေဟာ အမေရိကန်ရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် အင်မတန် အရေးကြီးတဲ့ အရာတွေပါ”ဟုလည်း ကာလင်က ဆိုသည်။

ဆူက ၎င်းသည် ငွေကြေးအကျိုးအမြတ်ခံစားခွင့်ကို မက်မောသောကြောင့် ဟက်ကာများကို အကူအညီပေးကာ ကာကွယ်ရေး နည်းပညာကုမ္ပဏီများကို ပစ်မှတ်ထားခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်းက ဟက်ကာများ ဖောက်ထွင်း ခိုးယူထားသည့် အချက်အလက်များကို အင်္ဂလိပ်မှ တရုတ်ဘာသာသို့ ပြန်ဆိုရာတွင်လည်း ပါဝင်ကူညီခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

တရုတ်ဟက်ကာများသည် သယ်ယူပို့ဆောင်ရေးနှင့် တိုက်ခိုက်ရေးကဏ္ဍတွင် အသုံးပြုသည့် လေယာဉ်များအကြောင်း အချက်အလက်များခိုးယူရန် အဓိကအားထုတ်ခဲ့ကြခြင်း ဖြစ်သည်။ တရုတ်နှင့်အမေရိကန်တို့သည် ယခင်ကတည်းက အပြန်အလှန်ဆိုက်ဘာတိုက်ခိုက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲမှုများရှိနေခဲ့ပြီး ဖြစ်သည်။

===================
251 / End