အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၈ ဇူလိုင် ၂၀၁၆

၁၉:၁၈:၁၀
766632

တူရကီ အလ်ဖိုင်ဇလ် ၏ ရယ်စရာ ပြောကြားချက်

အီရန် နိုင်ငံ အတွင်း ရှိ အကြမ်းဖက် အုပ်စုများ နှင့် ပေါင်း၍ အီရန် အစ္စလာမ်မစ်တော်လှန် ရေး ကို ပျက်စီး ဖြစ်မည်

ဆော်ဒီ အာရေဗျ နိုင်ငံ၏ ထောက်လှမ်းရေး အကြီးအကဲဟောင်း အနေဖြင့် ပြင်သစ် နိုင်ငံ ပါရီမြို့ (သို့) ပဲရစ်မြို့ ရှိ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ဆန့်ကျင်ရေး အမျိုးသား သစ္စာဖောက် အုပ်စုများ နှင့်ဆွေးနွေးသည့် အစည်းအဝေးပွဲ တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ကိုပြို ဖို့ရန် အတွက် အပြည့်အဝ ထောက်ခံအားပေးကြောင်း ၊ကူညီမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


ရစာ သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ ဆော်ဒီ အာရေဗျ နိုင်ငံ၏ ထောက်လှမ်းရေး အကြီးအကဲဟောင်း တူရကီ အလ်ဖိုင်ဇလ် အနေဖြင့် ပြင်သစ် နိုင်ငံ ပါရီမြို့ (သို့) ပဲရစ်မြို့ ရှိ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ဆန့်ကျင်ရေး အမျိုးသား သစ္စာဖောက် အုပ်စုများ နှင့်ဆွေးနွေးသည့် အစည်းအဝေးပွဲ တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ကိုပြို ဖို့ရန် အတွက် အပြည့်အဝ ထောက်ခံအားပေးကြောင်း ၊ကူညီမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ပြီးနောက် ၎င်းမှ ဆက်လက်ပြီး ဆော်ဒီ နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အတွင်း ရှိ အကြမ်းဖက် အုပ်စုများ နှင့် ပေါင်း၍ အီရန် အစ္စလာမ်မစ်တော်လှန် ရေး ကို ပျက်စီး ဖြစ်မည် ဖြစ်ကြောင်း ကို လည်း ပြောကြားခဲ့ပါတယ် ။

ဆော်ဒီ အာရေဗျ နိုင်ငံ အနေဖြင့် အလ်ကိုင်ဒါ ၊ ဒါအေရှ် (ခ) IS ၊ အလ်နွစ်ရဲဟ် နှင့်အခြားဝဟာဘီ အကြမ်းဖက်အဖွဲ့များကို တည်ထောင်ခဲ့ပြီး ၎င်းတို့ကို အမေရိကန် နှင့်ပူးပေါင်း၍ အကူအညီပေး ရာတွင်ရှေ့ ဆုံးမှ နေခဲ့သည့် နိုင်ငံ ဖြစ်ပါတယ် ။

အခုတော့ ဆော်ဒီအရေဗျအနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်ကို ဆန့်ကျင်ကြောင်း ၊ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်ကို မုန်းတီး ဆန့်ကျင်သည့် အမျိုးသား သစ္စာဖောက် အုပ်စုများ ကို ထောက်ခံကူညီမည် အကြောင်း ကို လူသိရှင်ကြား ကြေညာလာပြီး ဖြစ်ပါတယ် ။

ဆော်ဒီ နိုင်ငံ အကြီးအကဲတစ်ဦး၏ ဤ ကြေညာချက် ထုတ်ပြန်ပြီးနောက် ဆော်ဒီနိုင်ငံ ၏ အကြမ်းဖက်မှု ၊ သစ္စာဖောက်မှု ၊မသန့်ရှင်း မဖြူစင်သည့် မျက်နှာ သည် လောကအလယ်တွင် ထုတ်ပေါ်လာပြီး ဖြစ်ပါတယ်။

ပြည်ထောင်စု အစ္စလာမ့် အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ တာဝန် ရှိ ပုဂိုလ် တစ်ဦး မှ ရှင်းပြ ပြောကြားခဲ့ပါတယ်။ ဆော်ဒီ အာဏာပိုင်များ အနေဖြင့် အကြမ်းဖက်သမား များကို အထောက်အကူပြုအကူအညီပေးနေကြောင်း၊ ဤအတွက် ခိုင်မာသည့်အထောက်အထား အဖြင့် အီရတ် နိုင်ငံ နှင့်ဆီးရီးယား နိုင်ငံ တွင် လက်တွေ့ ကြည့်မြင် နိုင်ကြောင်း၊အိမ်နီးချင်း ဒေသခံ မွတ်စလင်မ် နိုင်ငံများ ကို ဆန့်ကျင်ပြီး မိမိတို့၏ ရည်ရွယ်ချက်များ အောင်မြင်ရန်အတွက် အကြမ်းဖက်မှု နှင့် အကြမ်းဖက်သမားများ ကို အသုံးပြုနေကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စလာမ်မစ်တော်လှန်ရေး ကိုဆန့်ကျင်သည့် အမျိုးသား သစ္စာဖောက်အဖွဲ့အစည်း များ၏ လက်များ သည် ထောင်ပေါင်းများစွာသော အီရန်လူမျိုးများ၏ သွေး ဖြင့်စွန်းနေပါတယ်။ ၁၉၇၉ ခုနှစ်တွင် အေမာမ် ခိုမေနီ (ရ.ဟ) ဦးဆောင်မှုဖြင့် အောင်မြင်ထားသည့် အစ္စလာမ်မစ် တော်လှန်ရေး ကို ပျက်သိမ်းလိုကြပါတယ်။ ဤအစီ အစဉ်ကို ဆောင်ရွက်ရာတွင်ပထမ အမေရိကန် ၊အစ္စရေး ၊ ဆက်ဒန်မ် ၊နှင့်အချို့ ဥရောပနိုင်ငံများ ၏ အထောက်အပံ့အကူအညီကို ရယူပါတယ်။ ဆော်ဒီ အာရေဗျ နိုင်ငံလည်း အကွယ်မှ အထောက်အပံ့ပေး ကူညီခဲ့ပါတယ်။ ဒါပေမဲ့ယခုအချိန် တွင် ဆော်ဒီ မှ အကြမ်းဖက်အဖွဲ့ အစည်းများ ကို ထောက်ပံ့ ကူညီအားပေးမှု ကို အထင်အရှား ကြေညာ နေပြီးဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ အနေဖြင့် အီရန် အစ္စလာမ်မစ်တော်လှန်ရေး ကိုဆန့်ကျင်သည့် သစ္စာဖောက်အဖွဲ့ အစည်း များ ကို ထောက်ခံ အားပေးကူညီမှုကို ပြုပြီး မိမိ၏ မသန့်ရှင်းသည့် မျက်နှာ ကို ထပ်ပြီး ကမ္ဘာ ကို ထင်ရှား စေခဲ့ပါတယ်။ဆော်ဒီအနေဖြင့် အီရန် နိုင်ငံဆန့်ကျင်ရေး ၊ရန်ငြိုး ထားမှု အတွက် မည်သည့် စည်းကိုမဆို ဖောက်နိုင်ကြောင်း လည်း သိရှိ နိုင်ပါတယ်။

===============

251/End