အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၂၁ ဇူလိုင် ၂၀၁၆

၁၉:၀၀:၃၅
767189

အိုင်အက်စ်ကို အပြီးသတ် ထိုးစစ်ဆင်နွှဲရန် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ ဆွေးနွေး

အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ဆီးရီးယားနှင့် အီရတ်တို့တွင် စစ်ဆင်ရေးများ လက်တွဲ ဆောင်ရွက်နေသည့် မဟာမိတ် အင်အားစုများ ပူးပေါင်းပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကြမ်းဖက် စစ်သွေးကြွများကို ဝန်းရံတိုက်ခိုက်ရန် မဟာဗျူဟာများ ချမှတ်နေကြောင်း ဆိုသည်။ ၎င်းက အိုင်အက်များကို ဆီးရီးယားရှိ ရက္ကာနှင့် အီရတ်ရှိ မိုဆူးလ်တို့တွင် စုရုံး ပိတ်ဆို့ထားရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ မြို့ကြီးများသည် သက်ဆိုင်ရာ နိုင်ငံများတွင် အိုင်အက်စ်က အဓိက ဗဟိုထိန်းချုပ်ရေး အခြေစိုက် စခန်းအဖြစ် သိမ်းပိုက်ထားသည့် နေရာများ ဖြစ်သည်။ အိုင်အက်စ်တို့အပေါ် စစ်ရေးအရ အသာစီး ရနေသော်လည်း ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများ အနေဖြင့် ၎င်းတို့၏ အကြမ်းဖက် နည်းလမ်းများဖြင့် တုံ့ပြန် တိုက်ခိုက်လာနိုင်ခြေကို အလေးအနက် သတိထားရန် လိုကြောင်းလည်း ကာတာက ဝန်ခံခဲ့သည်။


အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ဆီးရီးယားနှင့် အီရတ်တို့တွင် စစ်ဆင်ရေးများ လက်တွဲ ဆောင်ရွက်နေသည့် မဟာမိတ် အင်အားစုများ ပူးပေါင်းပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကြမ်းဖက် စစ်သွေးကြွများကို ဝန်းရံတိုက်ခိုက်ရန် မဟာဗျူဟာများ ချမှတ်နေကြောင်း ဆိုသည်။ ၎င်းက အိုင်အက်များကို ဆီးရီးယားရှိ ရက္ကာနှင့် အီရတ်ရှိ မိုဆူးလ်တို့တွင် စုရုံး ပိတ်ဆို့ထားရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ မြို့ကြီးများသည် သက်ဆိုင်ရာ နိုင်ငံများတွင် အိုင်အက်စ်က အဓိက ဗဟိုထိန်းချုပ်ရေး အခြေစိုက် စခန်းအဖြစ် သိမ်းပိုက်ထားသည့် နေရာများ ဖြစ်သည်။

အိုင်အက်စ်တို့အပေါ် စစ်ရေးအရ အသာစီး ရနေသော်လည်း ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများ အနေဖြင့် ၎င်းတို့၏ အကြမ်းဖက် နည်းလမ်းများဖြင့် တုံ့ပြန် တိုက်ခိုက်လာနိုင်ခြေကို အလေးအနက် သတိထားရန် လိုကြောင်းလည်း ကာတာက ဝန်ခံခဲ့သည်။

အိုင်အက်စ်များကို အပြီးတိုင် သုတ်သင် နှိမ်နင်းပြီးပါက ၎င်းတို့လက်အောက် ကျရောက်ခဲ့သည့် နယ်မြေများ၏ ငြိမ်းချမ်းရေးကို ကူညီ တည်ဆောက်ရန် အတွက်လည်း အမေရိကန်နှင့် မဟာမိတ် အင်အားစု နိုင်ငံများကြား ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။

အိုင်အက်စ်တို့သည် လွန်ခဲ့သော ၂ နှစ်ခန့်က ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အမြောက်အမြားကို သိမ်းယူကာ အစ္စလာမစ် ကိုယ်ပိုင်နိုင်ငံ တစ်ခုအဖြစ် ထူထောင်သတ်မှတ် ကြေညာခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်မှုများကြောင့် ပိုင်နက်ဒေသ အများအပြားကို လက်လွတ်ထားရပြီ ဖြစ်သည်။

အီရတ်တွင် အမေရိကန်နှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ အကူအညီဖြင့် ဖော်လူဂျာမြို့ကို အိုင်အက်စ်တို့ လက်ထဲမှ အစိုးရတပ်များက ပြန်လည် သိမ်းယူနိုင်ပြီးနောက် စစ်ရေးချိန်ခွင်လျှာသည် မဟာမိတ် အင်အားစုများဘက် သိသိသာသာ ပိုယိမ်းလာခဲ့သည်။

ဝါရှင်တန်တွင် နိုင်ငံပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကာ အိုင်အက်စ်တို့ကို နောက်ဆုံး အပြီးသတ် ချေမှုန်းမည့် တိုက်ပွဲတစ်ခု ဆင်နွှဲရေးအတွက် ဆွေးနွေးခဲ့ကြောင်း ကာတာက ဆိုသည်။ “ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပါရစေ။ အိုင်အက်စ်အိုင်အယ်လ် (အိုင်အက်စ်၏ အမည်ဟောင်း)ကို ဝိုင်းဝန်းတိုက်ခိုက်ပြီး နောက်ဆုံး မိုဆူးလ်နဲ့ ရက္ကာကို သူတို့ ထိန်းချုပ်ထားမှုကိုပါ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ကာတာက မိမိတို့ အနေဖြင့် အိုင်အက်စ်တို့ကို သုတ်သင် ဖယ်ရှားမှုအပြင် ထိုစစ်ဆင်ရေးအလွန် ကာလကိုလည်း အလေးထား စဉ်းစားရမည်ဟု ဝန်ခံခဲ့သည်။ “မြေပြင်ထိုးစစ်မှာ ပါဝင်မယ့် ကျွန်တော်တို့ရဲ့ လက်တွဲဖော် စစ်အုပ်စုတွေ ဒီစစ်ပွဲမှာ အနိုင်ရတာ သေချာစေဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားရပါမယ်။ အဲဒီနောက်မှာတော့ သိမ်းယူထားတဲ့ နယ်မြေတွေကို ထိန်းချုပ်ဖို့၊ ပြန်လည် တည်ဆောက်ဖို့၊ စနစ်တကျ အုပ်ချုပ်ဖို့ ကိစ္စတွေကိုပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

အမေရိကန်သည် အီရတ်အစိုးရ၏ မဟာမိတ်အဖြစ် ရပ်တည်နေရာ အီရတ်ရှိ ထိုးစစ်များကို ပိုမိုအောင်မြင်စွာ အကောင်အထည် ဖော်နိုင်အောင် အထောက်အပံ့ ပေးနေသော်လည်း ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ဆီးရီးယားဘက်တွင်မူ သမ္မတ ဘာရှာအယ်လ်အာဆတ်ကို ပုန်ကန်ပြီး အိုင်အက်စ်တို့ကိုပါ တိုက်ခိုက်နေသည့် အလယ်အလတ် သဘောထားရှိသော တော်လှန်ရေး သူပုန်အဖွဲ့များကိုသာ အကူအညီ ပေးလျက်ရှိသည်။

===================
251 / End