အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၂၁ ဇူလိုင် ၂၀၁၆

၁၉:၁၉:၃၁
767193

သင်္ဘောချင်း တိုက်မှုကြောင့် ဗြိတိန်၏ ခေတ်အမီဆုံး ရေငုပ်သင်္ဘောတွင် ပျက်စီးမှုများ ဖြစ်ပေါ်

သင်္ဘောချင်း မတော်တဆ တိုက်မိမှုကြောင့် ဗြိတိန် တော်ဝင်ရေတပ်၏ ခေတ်အမီဆုံး ရေငုပ်သင်္ဘော တစ်စီးတွင် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ နျူကလီးယား စွမ်းအင်ဖြင့် ခုတ်မောင်းပြီး ဗြိတိန်ရေတပ်၏ အသစ်လွင်ဆုံး ရေငုပ်သင်္ဘော တစ်စီးဖြစ်သည့် HMS Ambushသည် ကုန်တင်သင်္ဘော တစ်စီးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု လုပ်ငန်းစဉ် တစ်ခုတွင် ယခုလို မတော်တဆမှု ဖြစ်ခဲ့သည့်နောက် ကိုယ်ထည်ပိုင်း ထိခိုက် ပျက်စီးခဲ့သည့် ရေငုပ်သင်္ဘောကို ဂျီလ်ဘရော်တာတွင် ရပ်နား ဆိုက်ကပ်ထားစေကြောင်း ရေတပ်က ကြေညာခဲ့သည်။ ဗြိတိန်ကမ်းလွန်တွင် HMS Ambush ရေပေါ်အတက်၌ ကုန်တင်သင်္ဘော တစ်စီးကို တည့်တည့်ဝင်တိုးခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးမှုများ ချက်ချင်း လုပ်ဆောင်နေကြောင်း ရေတပ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “ရေငုပ်သင်္ဘောရဲ့ ပြင်ပ ကိုယ်ထည်မှာ အထိအခိုက်တော့ ဖြစ်သွားတယ်။ ဒါပေမဲ့ ရေတပ်သား တစ်ယောက်မှ အထိအခိုက် မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။


သင်္ဘောချင်း မတော်တဆ တိုက်မိမှုကြောင့် ဗြိတိန် တော်ဝင်ရေတပ်၏ ခေတ်အမီဆုံး ရေငုပ်သင်္ဘော တစ်စီးတွင် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နျူကလီးယား စွမ်းအင်ဖြင့် ခုတ်မောင်းပြီး ဗြိတိန်ရေတပ်၏ အသစ်လွင်ဆုံး ရေငုပ်သင်္ဘော တစ်စီးဖြစ်သည့် HMS Ambushသည် ကုန်တင်သင်္ဘော တစ်စီးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု လုပ်ငန်းစဉ် တစ်ခုတွင် ယခုလို မတော်တဆမှု ဖြစ်ခဲ့သည့်နောက် ကိုယ်ထည်ပိုင်း ထိခိုက် ပျက်စီးခဲ့သည့် ရေငုပ်သင်္ဘောကို ဂျီလ်ဘရော်တာတွင် ရပ်နား ဆိုက်ကပ်ထားစေကြောင်း ရေတပ်က ကြေညာခဲ့သည်။

ဗြိတိန်ကမ်းလွန်တွင် HMS Ambush ရေပေါ်အတက်၌ ကုန်တင်သင်္ဘော တစ်စီးကို တည့်တည့်ဝင်တိုးခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးမှုများ ချက်ချင်း လုပ်ဆောင်နေကြောင်း ရေတပ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “ရေငုပ်သင်္ဘောရဲ့ ပြင်ပ ကိုယ်ထည်မှာ အထိအခိုက်တော့ ဖြစ်သွားတယ်။ ဒါပေမဲ့ ရေတပ်သား တစ်ယောက်မှ အထိအခိုက် မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

Astute အဆင့်အတန်းရှိ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောမှ နျူကလီးယား ဓာတ်ပေါင်းဖိုမှာမူ မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ချေ။ ဇူလိုင် ၁၉ ရက် နေ့လယ်ပိုင်းက ဖြစ်ရပ်တွင် ကုန်တင်သင်္ဘော၌ ကြီးကြီးမားမား အပျက်အစီး မရှိခဲ့ဟု ရေတပ်က အတည်ပြုခဲ့သည်။ “ကျွန်တော်တို့ တစ်ဖက်သင်္ဘောကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အစောပိုင်း စစ်ဆေးမှုတွေအရ အထိအခိုက် မရှိခဲ့ပါဘူး။ ရေငုပ်သင်္ဘောမှာလည်း ကိုယ်ထည်ပြင်ပ အစိတ်အပိုင်းတွေသာ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုက လုံးဝဥဿုံ ဘေးကင်းပါတယ်”ဟု ရေတပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တော်ဝင်ရေတပ်တွင် Astute အဆင့်အတန်း သတ်မှတ်ချက် စာရင်းဝင် ရေငုပ်သင်္ဘော ၃ စီးရှိပြီး ဗြိတိန်ရေတပ်၏ အရွယ်အစား အကြီးဆုံးနှင့် ခေတ်အမီဆုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ အနေဖြင့် မှတ်တမ်းဝင်နေသည်။ အဆိုပါ သင်္ဘောများသည် ၃၁၈ ပေမျှ ရှည်လျားပြီး တော်ပီဒိုနှင့် တိုမာဟော့ခ် ခရုစ်ဒုံးကျည်များ တင်ဆောင် ပစ်ခတ်နိုင်သည်။ ဗြိတိန်ရေတပ်၏ အဆိုအရ Astute အဆင့်အတန်း တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စီးသည် စတာလင်ပေါင် ၁.၆ ဘီလီယံမျှ တန်ဖိုးရှိကြောင်းလည်း သိရသည်။
===================
251 / End