အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၂၅ ဇူလိုင် ၂၀၁၆

၁၈:၅၅:၂၃
767925

ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များ၏လှူဒါန်းမှု ပေါင် သန်း ၁၀၀ နီးပါးရှိ

ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များမှာ ပရဟိတအဖွဲ့များသို့ စတာလင်ပေါင်း သန်း ၁၀၀ ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြသည်ဟု မွတ်စလင်ပရဟိတအဖွဲ့တစ်ခုဖြစ်သော Muslim Charities Forum (MCF) က ပြောကြားလိုက်သည်



ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များမှာ ပရဟိတအဖွဲ့များသို့ စတာလင်ပေါင်း သန်း ၁၀၀ ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြသည်ဟု မွတ်စလင်ပရဟိတအဖွဲ့တစ်ခုဖြစ်သော Muslim Charities Forum (MCF) က ပြောကြားလိုက်သည်။

“ဒီနှစ် ရမ်ဇာန်လမြတ်မှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေဟာ အလှူငွေ ပေါင် ၄၅ သန်း ရရှိအောင် ကောက်ခံနိုင်ခဲ့ပြီး ဒါတွေကို ကမ္ဘာတစ်ဝှမ်းက ထိခိုက်ခံစားရဆုံးသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဗြိတိန်တစ်ခုလုံး တွက်ကြည့်မယ်ဆိုရင်တော့ စုစုပေါင်း ပေါင် သန်း ၁၀၀ လောက် ရခဲ့ပြီး တစ်စက္ကန့်ကို အလှူငွေ ၃၈ ပေါင်နှုန်းနဲ့ မယုံနိုင်စရာ လှူဒါန်းမှုပါပဲ” ဟု MCF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဗြိတိန်မွတ်စလင်များ၏ ထိုကဲ့သို့ ရက်ရောစွာလှူဒါန်းမှုက မိမိတို့အဖွဲ့နှင့် မွတ်စလင်ပရဟိတကဏ္ဍအနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ စားနပ်ရိက္ခာရှားပါးရာ ဒေသများနှင့် အကူအညီများကို အလွန်အမင်းလိုအပ်နေသော အခြားနေရာများတွင် နေထိုင်နေသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်နိုင်မည်ဖြစ်သောကြာင့် မိမိတို့ MCF က ထိုကဲ့သို့ လှူဒါန်းမှုအတွက် အလွန်အမင်း ဂုဏ်ယူမိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က MCF မှာ ဗြိတိန်မွတ်စလင်များထံမှ လှူဒါန်းငွေ ပေါင် သန်း ၆၀ ရခဲ့သော်လည်း ယခုနှစ်တွင် လိုအပ်နေသည့် နေရာများကို ကူညီရန် ရည်ရွယ်တည်ထောင်သည့် မွတ်စလင်ပရဟိတအဖွဲ့များ များလာသောကြောင့် လှူဒါန်မှုများမှာ ပြန့်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ယူကေ ပရဟိတရေးရာ ကော်မရှင်မှ မန်နေဂျာဖြစ်သူ နစ်က် ဒေါ်နယ်ဆန်ကမူ ပါလက်စတိုင်း၊ ပါကစ္စတန်၊ ဟေတီနှင့် ကမ္ဘာတစ်ဝှမ်း အခြားဒေသများမှ အတိဒုက္ခရောက်နေသူများကို ထောက်ပံ့ပေးသည့် စီမံကိန်းများအပါအ၀င် ထိုလှူဒါန်းမှုများကြောင့် အထောက်အကူဖြစ်မည့် စီမံကိန်းများမှာ အလွန်များပြားသည်ဟု ပြောကြားခဲ့သည်။

ယခင်လေ့လာမှုများအရ ဗြိတိန်မွတ်စလင်များမှာ ဗြိတိန်ရှိ လူ့အဖွဲ့အစည်းများတွက် ရက်ရောက်မှုအရှိဆုံး လူ့အဖွဲအစည်းဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး ဗြိတိန်မွတ်စလင်တစ်ဦးလျှင် ပျမ်းမှ ၃၇၁ ပေါင် လှူဒါန်းသည်ဟု စာရင်းဇယားများက ဖော်ပြနေသည်။

Ref:

======================
251/End