အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၂၅ ဇူလိုင် ၂၀၁၆

၁၉:၀၇:၄၁
767927

အမေရိကန်သံရုံးဝင်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံးပေါက်ကွဲ

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဝင်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံးစမ်းသပ်ဖောက်ခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၄ရက် ည ၇နာရီ ၄၅မိနစ်၌ တက္ကသိုလ်ရိပ်သာ လမ်းရှိ အမေရိကန်သံရုံးဝင်းအ တွင်း မျက်ရည်ယိုဗုံးဖောက်ခွဲမှု လေ့ကျင့်ရေးပြုလုပ်နေစဉ်ပေါက် ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့များ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကပြောသည်။


လုံခြုံရေးလေ့ကျင့်ခန်းပြုလုပ်စဉ် မျက်ရည်ယိုဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်အချို့ အမေရိကန်သံရုံးရှေ့လုံခြုံရေးယူပေးနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)



ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဝင်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံးစမ်းသပ်ဖောက်ခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၄ရက် ည ၇နာရီ ၄၅မိနစ်၌ တက္ကသိုလ်ရိပ်သာ လမ်းရှိ အမေရိကန်သံရုံးဝင်းအ တွင်း မျက်ရည်ယိုဗုံးဖောက်ခွဲမှု လေ့ကျင့်ရေးပြုလုပ်နေစဉ်ပေါက် ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့များ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း
ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကပြောသည်။


‘‘သူတို့က အထဲမှာလေ့ကျင့် ရေးပြုလုပ်နေကျပါ။ ဒီနေ့မှ မျက် ရည်ယိုဗုံးဖောက်ခွဲမှုလေ့ကျင့်ရေး ပြုလုပ်နေစဉ်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်’’ဟု ရဲမှူးဇော်ဝင်းက ပြောသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးအပါအ၀င် ရဲဝန် ထမ်း ၂၀ခန့်သွားရောက်ဖြေရှင်းခဲ့ သည်။

ရဲမှူးဇော်ဝင်းက သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားနေစဉ်(ဓာတ်ပုံ − စိုင်းဇော်)



ပေါက်ကွဲမှုဖြစ်ပွားပြီးဓာတ် ငွေ့ထွက်သည်မှာ မိနစ် ၂၀ခန့် ကြာမြင့်ကာ သံရုံးဝင်းပြင်ပသို့ ဓာတ်ငွေ့များပျံ့လွင့်လာ၍ လမ်းသွားပြည်သူအချို့ ဓာတ်ငွေ့ကြောင့် မျက်ရည်ကျခဲ့ကြောင်း ပြည်သူတစ်ဦးကပြောသည်။

 အဆိုပါ လေ့ကျင့်မှုသည် နောက်ဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ် ပြီး ထပ်မံလေ့ကျင့်မည်ဆိုပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အ စည်းများသို့ အကြောင်းကြားပြီးမှ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အမေရိကန်သံရုံးလုံခြုံရေးအရာရှိ လန်ပီရိုက တောင်းပန်ကြောင်း ရဲမှူးဇော်ဝင်းက ပြောသည်။

 မျက်ရည်ယိုဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ယနေ့နံနက်တွင် အမေရိကန်သရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။
============================
251/End