အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၈ ဇူလိုင် ၂၀၁၆

၁၉:၂၆:၀၅
768655

အီရန် နိုင်ငံ ခြားရေး ဝန် ကြီး မှ အာယာသွလ္လာဟ် ရှိက်္ခ ဇက်ဇာကီ ကို လွတ်ပေးရန် တိုက်တွန်း ပြောကြား

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် အနေဖြင့် အာဖရိက နိုင်ငံများသို့ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်း လုပ်ဆောင်ရေး ခရီးစဉ်များ သွားနေပါတယ် ။ နိုင်ဂျီးရီးယား နိုင်ငံ အာဏာပိုင်များ နှင့် တွေ့ဆုံ ချိန် တွင် လည်း အစ္စလာမ်မီလှုပ်ရှားမှု အဖွဲ့ ခေါင်းဆောင် အာယာသွလ္လာဟ် ရှိက်္ခ ဇက်ဇာကီ ၏ကျန်းမာရေး နှင့်ပတ်သက်ပြီး မိမိအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် နှင့်လိုက်ပါ သွားသည့်အနီးကပ်အဖွဲ့မှ တစ်ဦးတစ်ယောက်၏ သတင်း ပေး ချက်အရ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဇရီးဖ်အနေဖြင့် အဗူဂျာတွင် နိုင်ဂျီးရီးယား အစိုးရ အာဏာ ပိုင်များ နှင့်တွေ့ဆုံ စကားဆိုချိန် လက်ရှိထောင်ထဲတွင် အဖမ်းခံထားရသည့် နိုင်ဂျီးရီးယား ရှီအာ မဇ်ဟဗ် ခေါင်းဆောင် အာယာသွလ္လာဟ် ရှိက်္ခ ဇက်ဇာကီ ၏ ကျန်းမာရေး နှင့်ပတ်သက်ပြီး အထူး စိုးရိမ်ပူပန် နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့်ဟု ဖြစ်ပါတယ် ။

၎င်းမှဆက်လက်ပြီး ပြောကြားသည်မှာ - ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် အနေဖြင့် နိုင်ဂျီးရီးယား သမ္မတ နှင့် နိုင်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးတို့ နှင့်လည်း သီးခြား သီးခြားတွေ့ဆုံခဲ့ပြီး အာယာသွလ္လာဟ် ရှိက်္ခ ဇက်ဇာကီ ၏ ကျန်းမာရေး နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ၎င်းကို လွတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။

အီရန် နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် အနေဖြင့် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇာကီ သည် အစဉ်အမြဲ နိုင်ဂျီးရီးယား တွင် အစ္စလာမ် ဘာသာဝင် အချင်းချင်း သွေးစည်းဖို့ ၊ အစ္စလာမ် မီ ညီနှောင်စိတ်ဓာတ်မွေးကြဖို့ ဟောပြောလေ့ရှိကြောင်း နိုင်ဂျီးရီးယား အစိုးရ အနေဖြင့် ၎င်း ၏ကျန်းမာရေး ကို အလေးပေး ကုသပေးဖို့လိုကြောင်း ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

--------------------------------

251/End