အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၉ ဇူလိုင် ၂၀၁၆

၁၇:၁၁:၅၈
768791

အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟေစ်စလာမ်) အကြောင်း အကျဉ်း

ရှောင်ဝါလ်လ လ ၂၅ ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အ.စ) ၏ ရှဟာဒသ်နေ့ ဖြစ်၍ သခင်ကြီး နှင့်ပတ်သက်သည့် အချို့ အချက်များ ကို အဗ်နာ စာဖတ်ချစ်ပရိတ်သတ်ကြီးကိုတင်ပြအပ်ပါသည်။


အမည် - ဂျအ်ဖရ် (အလိုင်ဟေစ်စလာမ်)

ထင်ရှားသည်ဂုဏ်တော် - ဆွာဒစ်

ကွန်နီယတ်သ် - အဗူအဗ်ဒွလ္လာဟ် (အလိုင်ဟေစ်စလာမ်)

ခမည်းတော် - အေမာမ် မိုဟမ္မဒ် ဘာကေရ် (အလိုင်ဟေစ်စလာမ်)

မယ်တော် - ဂျနာဗေအွန်မေ ဖရ်ဝါ ဗင်ဒေကာစင်မ် ဗင်မိုဟမ္မဒ် ဗင်အဘီဘကဲရ်

ဖွားမြင်တော်မူသည်ကာလ - ရဘီအိုလ်အောင်ဝဲလ် (၁၇) ရက် ၊ ဟီဂျရီ ၈၃ ခုနှစ်

ဖွားမြင်တော်မူသည်နေရာ - မဒီနာရွှေမြို့တော်

ရှဟာဒတ်ခံယူသည်နေ့နှင့်နှစ် - ရှောင်ဝါလ်လ ၂၅ ရက်နေ့ ဟီဂျရီ ၁၄၈ခုနှစ်

ရှောင်ဝါလ်လ ၂၅ ရက်နေ့ ကို အီရန်နိုင်ငံတွင် ကျင်းပပြီးအချို့ နိုင်ငံတွင် ရှောင်ဝါလ်လ ၁၅ ရက်နေ့ ကို ကျင်းပကြပါသည်။

ရှဟီးဒ်လုပ်ရာ၌သုံးခဲ့သည်လက်နက် - အဆိပ်အတောက်

ရက်ရက်စက်စက်လုပ်ကြံခံသူ - မင်းဆိုးမင်းညစ် မန်စူရ်ဒဝန်ကီ (လ.န)

သက်တော် - ၆၅ နှစ်

ဒဖ်နာ ထားသည့် နေရာ - မဒီနာရွှေမြို့တော် ၊ဂျန္နသ်သိုလ်ဗကီး

ကိုယ်တော်လက်ထက်ရှိ အာဏာရှင်များ - ယဇီးဒ်ဗင်အဗ်ဒိုလ်မလစ်၊စဖါဟ် ၊ မန်စူရ်ဒဝန်ကီ (လ.န)

ဘဝခရီးစဉ် - အေမာမ်မသ် တာဝန် မထမ်းဆောင်မည် ၃၁နှစ် (ဟီဂျရီ ၈၃ခုနှစ်မှ  ၁၁၄ခုနှစ်ထိ)

အေမာမ်မသ် တာဝန် ထမ်းဆောင်သည့် နှစ် ၃၄နှစ် (ဟီဂျရီ ၁၁၄ ခုနှစ်မှ  ၁၄၈ခုနှစ်ထိ)

အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟေစ်စလာမ်) အနေဖြင့် ဗနီ အိုမိုင်ယာ နှင့် ဗနီအဘာစ်တို့ အာဏာလု စစ်ဖြစ်နေချိန်ကို အသုံးချပြီး ကြီးမား ကျယ်ပြန်သည့် ဟောင်ဇေအေလ်မီယာ တစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ သခင်ကြီး၏ တပည့်ပေါင်း ၄ထောင် ရှိပေသည်။ မောင်လာအလီ (အလိုင်ဟေစ်စလာမ် ) ထိန်းသိမ်းလာသည့် ကိုယ်တော်မြတ် (ဆွလ္လာဟ်ဟိုအလိုင်းဟေ ဝါအာလေဟ် ) ယူဆောင်လာသည့်အစ္စလာမ် အစစ် ကို တင်ပြ နိုင်ခဲ့ပြီး ၊ ဗနီ အိုမိုင်ယာ၏ လုပ်ကြံထားသည့် အစ္စလာမ် ကို မီးမောင်းထိုးပြ နိုင်ခဲ့ပါသည်။

--------------------------------

251/End