အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၉ ဇူလိုင် ၂၀၁၆

၁၇:၂၂:၀၆
768792

အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟေစ်စလာမ်) နှင့်ထမင်းစားပွဲ

ရှောင်ဝါလ်လ လ ၂၅ ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အ.စ) ၏ ရှဟာဒသ်နေ့ ဖြစ်၍ သခင်ကြီး နှင့်ပတ်သက်သည့် အဖြစ်မှန်တစ်ခု ကို အဗ်နာ စာဖတ်ချစ်ပရိတ်သတ်ကြီးအတွက် တင်ပြအပ်ပါသည်။


အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟေစ်စလာမ်) အနေဖြင့် ကူဖာ မြို့ နှင့် ဗဆွရဟ်မြို့  အကြားရှိ ဟိုင်ရဲဟ် မြို့ သို့ ခရီးထွက်လာခဲ့ပါတယ်။ ဗနီအဘာစ် ၏ အာဏာရှင် တစ်ဦး ဖြစ်သည့် မင်းဆိုးမင်းညစ် မန်စူရ်ဒဝန်ကီ (လ.န) မှ မိမိသား၏ ခသ်နာ အစီအစဉ်တွင် လူအမြောက်အများ နှင့် အေမာမ် (အ.စ) သခင်အား တက်ရောက် နေရာယူပေးရန် ဖိတ်ကြားလေ၏။ အေမာမ် (အ.စ) အနေဖြင့် လည်း စိတ်မဝင်စားသော်လည်း တက် ရောက် ပေးခဲ့ပါတယ်။

ထမင်းစားပွဲ ခင်းအား စားဖွယ်သောက်ဖွယ်များ ဖြင့် တန်ဆာ ဆင်ထားပါတယ်။ တက်ရောက် လာသည့် ဧည့်သည်တော်များအနေဖြင့် စားသောက်ရန်နေရာယူ ထိုင်နေကြပါတယ် ။ ဧည့်သည်များ အတွင်းမှ တစ်ဦးတစ်ယောက်မှ သောက်ရည် တောင်းရာ သောက်ရေ မပေးဘဲ အ ရက် ပေးလေ၏ ။

အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟေစ်စလာမ်) အနေဖြင့် ဤလုပ်ရပ်ကို မြင် လျင်မြင်ခြင်း ချက်ချင်း မတ်တပ်ထရပ်တော်မူပြီး ဘိုးတော် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွလ္လာဟ်ဟိုအလိုင်းဟေ ဝါအာလေဟ် ) ဟဒီးစ်တော် မွန် ဖြစ်သည့်

ملعون من جلس علی مائدّة یشرب علیها الخمر

အဓိပ္ပာယ် - အရက်သေစာ သောက်စားနေသည့် ထမင်းစားပွဲတွင် ထိုင်သူသည် မလ်အူးန် ဖြစ်ပေသည်။

(ဖရူအေကာဖီကျမ်း အတွဲ၊ ၆ ၊စာမျက်နှာ ၂၆၈ )

အားဖတ်ရွတ်၍ ထမင်းစားပွဲမှ ထ၍ ထွက်သွားတော်မူလေ၏။

ဤ ဖြစ်ရပ်မှ ရသည့်သင်ခန်းစာများ

၁။ အေမာမ် (အ.စ) တောင် မိမိအားဖိတ်ကြားခဲ့သည့် အတွက် ရန်သူဖြစ်နေသည် တိုင်တောင် ဖိတ်တာကို လက်ခံပြီး သွားရောက်ခဲ့လျင် ယနေ့ မိမိကိုယ်ကို ရှီအာ(သို့) အဲဟ်လေ့ဘိုက်သ် (အ.စ) ကို ချစ်သူ ဟု ခေါ်ဆို နေသူများကို မဂ်ျလစ်အတွက် ၊နေကာအတွက်၊ သာရေးနာရေး စသည်တို့အတွက် ဖိတ်လျက် လူမှုရေးပြဿနာ များကို အခြေခံပြီး မသွားကြသူများ အလ္လာဟ် အရှင်မြတ်ထံ ဘာများ ဖြေကြမည် နည်း ?

၂။ အရက် တိုက်သည့် ထမင်းစားပွဲမှ အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟေစ်စလာမ်) ချက်ချင်း ထထွက်သွားလျင်

ရှီအာ (သို့) အဲဟ်လေ့ဘိုက်သ် (အ.စ) ကို ချစ်သူ ဟု မိမိကိုယ်ကို ကြေညာနေသူများ ကိုယ်တိုင်

(က) အရက်သောက်နေခြင်း

(ခ) အရက်ပါသည့် ထမင်းစားပွဲများ ၊ဧည့်ခံပွဲများတွင် ဝင်ရောက်နေရာယူခြင်း

(ဂ) အရက်ရောင်းသည့် ဟိုတယ်များ၊စားသောက်ဆိုင်များတွင် ဝန်ထမ်းလုပ်ခြင်း

(ဃ) မိမိကိုယ်တိုင် အရက်မသောက်သော်လည်း သောက်သည့်မိတ်ဆွေများ အတွက် အစီအစဉ်ပြုပေးခြင်း

(င) မိမိ ဆွေမျိုးများ နှင့် မိတ်ဆွေများ အတွင်း အရက်သောက်နေသည်ကို သိလျက် ဆိုဆုံးမ ၊အသိပေးမှုမပြုဘဲ နေနေကြသူများ

(စ) လူရှေ့ တွင် သူတော်ကောင်းဟန်ဆောင်ပြီး ခွက်ပုံး အရက်သောက်နေသူများ

(ဆ) အရက်သမားများ ကို မိတ်ဆွေ ၊သူငယ်ချင်းပြုနေသူများ

စသည် လုပ်ရပ်များ ကကော် မှန်ပါသလား ?

၃။ နေရာတိုင်းတွင် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ သြဝါဒမွန်ကို လက်ကိုင်ထားမည် ဆိုသည့်အချက်ကိုပြနေပါတယ်။

--------------------------------

251/End