အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၃၁ ဇူလိုင် ၂၀၁၆

၁၇:၃၅:၃၇
769203

တက္ကဆက်ပြည်နယ်တွင် မိုးပျံပူဖောင်း ပျက်ကျပြီး လူ ၁၆ ဦး သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဇူလိုင် ၃၀ ရက်က မိုးပျံပူဖောင်းတစ်လုံးပျက်ကျခဲ့ရာ လူ ၁၆ ဦးအထိ သေဆုံးခဲ့ကြောင်းနှင့် ယင်းမှာမိုးပျံပူဖောင်း မတော်တဆမှုဖြစ်ရပ်များတွင် လူအသေအပျောက်အများဆုံးဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဇူလိုင် ၃၀ ရက်က မိုးပျံပူဖောင်းတစ်လုံးပျက်ကျခဲ့ရာ လူ ၁၆ ဦးအထိ သေဆုံးခဲ့ကြောင်းနှင့် ယင်းမှာမိုးပျံပူဖောင်း မတော်တဆမှုဖြစ်ရပ်များတွင် လူအသေအပျောက်အများဆုံးဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။

မိုးပျံပူဖောင်းသည် ဇူလိုင်  ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၄၀ တွင် တက္ကဆက်ပြည်နယ် လော့ခ်ဟာ့ထ်မြို့ပြင်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဗဟိုလေကြောင်းအာဏာပိုင်အဖွဲ့ (FAA) မှ အရာရှိ လင်းလန်းဖို့ဒ်က ပြောသည်။
    
အဆိုပါ မတော်တဆမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိဟု ယူဆကြောင်း ကက်ဝဲလ်စီရင်စု ငြိမ်ဝပ်ပိပြားရေးအရာရှိက ပြောသည်။
    
FAA စုံစမ်းစစ်ဆေးရေးမှူး များနှင့် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်နေသည်ဟု လင်းလန်းဖို့ဒ်က ပြောသည်။
    
အဆိုပါ မိုးပျံပူဖောင်းပျက်ကျမှုတွင် သေဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသားစုများအတွက် ၀မ်းနည်းကြေကွဲရပါကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ထ်က ပြော သည်။
    
ဇူလိုင် ၃၀ ရက် ဖြစ်စဉ်မတိုင်မီ လူခြောက်ဦးသေဆုံးခဲ့သော မိုးပျံပူဖောင်းပျက်ကျမှုသည် အမေရိကန်နိုင်ငံ၌ လူအသေအပျောက်အများဆုံး မိုးပျံပူဖောင်းပျက်ကျမှုဖြစ်ခဲ့သည်။
    
အမေရိကန်နိုင်ငံ၌ မိုးပျံပူဖောင်းပျက်ကျမှု ဖြစ်ရပ်မျိုးရှားပါးသည်။

အမျိုးသာသယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့သည် ၁၉၆၄ မှ ၂၀၁၃ အကြား ဖြစ်ပွားခဲ့သော မိုးပျံပူဖောင်းပျက်ကျမှု ၇၆၀ ကို စစ်ဆေးခဲ့ရပြီး အဆိုပါပျက်ကျမှုများတွင် သေဆုံးသူ ၆၇ ဦးရှိခဲ့သည်။
    
၂၀၁၄ မေလက ဗာဂျီးနီးယားပြည်နယ်၌ ကျင်းပပြုလုပ်သော မိုးပျံပူဖောင်းပွဲတော်အတွင်း မိုးပျံပူဖောင်းတစ်လုံးသည် လျှပ်စစ်ဓာတ်အားလိုင်းတစ်ခုကို ၀င်တိုက်မိ၍ မြေပြင်သို့ဆင်းသက်စဉ် မီးလောင်ပေါက်ကွဲခဲ့ရာ လူသုံးဦး သေဆုံးခဲ့သည်။
    
အမေရိကန်နိုင်ငံတွင် မိုးပျံ ပူဖောင်း မောင်းနှင်ပျံသန်းလာသူ များအနေဖြင့် တရားဝင်အသိအ မှတ်ပြုလက်မှတ် ရှိရမည်ဖြစ်ပြီး မိုးပျံပူဖောင်းများသည်လည်း ပျံ သန်းရန် အရည်အသွေးပြည့်မီကြောင်း လက်မှတ်များ ရှိထားရမည်ဖြစ်သည်။
===================    
251 / End