အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၁၁ ဩဂုတ် ၂၀၁၆

၁၄:၁၂:၄၁
771329

လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

အမေရိကန်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က အဆိုပါ လူငယ်သည် ရဲအရာရှိများကို စတင်၍ သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် တုံ့ပြန်ခဲ့ရခြင်းဟု ဖြေရှင်းထားသည်။ ယခုသီတင်းပတ် အစောပိုင်းက လူငယ်နှစ်ဦးသည် အများပိုင် ပစ္စည်းများကို ရမ်းကား ဖျက်ဆီးနေကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုတစ်ခု ရောက်ရှိလာသည့်နောက် ရဲအရာရှိများက ထိုနေရာသို့ သွားရောက်ခဲ့သည်။



အမေရိကန်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က အဆိုပါ လူငယ်သည် ရဲအရာရှိများကို စတင်၍ သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် တုံ့ပြန်ခဲ့ရခြင်းဟု ဖြေရှင်းထားသည်။ ယခုသီတင်းပတ် အစောပိုင်းက လူငယ်နှစ်ဦးသည် အများပိုင် ပစ္စည်းများကို ရမ်းကား ဖျက်ဆီးနေကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုတစ်ခု ရောက်ရှိလာသည့်နောက် ရဲအရာရှိများက ထိုနေရာသို့ သွားရောက်ခဲ့သည်။

ရဲများ ရောက်လာချိန်တွင် လူငယ်တစ်ဦးမှာ ထွက်ပြေးသွားပြီး အခြားတစ်ဦးကို အရာရှိများက လိုက်လံ ဖမ်းဆီးကြသည်။ ထိုအခါ ထွက်ပြေးသည့် လူငယ်က သေနတ်ဖြင့် လှမ်းပစ်ခဲ့သောကြောင့် ရဲများက တုံ့ပြန် ပစ်ခတ်ခဲ့ရခြင်းဟု သိရသည်။ “မျက်မြင်သက်သေ တစ်ယောက်ကလည်း ရဲတွေလိုက်လို့ ထွက်ပြေးတဲ့ လူငယ်ဟာ ပစ္စတို တစ်လက်နဲ့ ရဲတွေကို လှမ်းပစ်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်”ဟု လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ရောဘတ် အားကော့စ်က ဆိုသည်။

မည်သို့ပင်ဖြစ်စေ ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုလည်း အားကော့စ်က ကတိပြုခဲ့သည်။ “အသက်တစ်ချောင်း ဆုံးရှုံးရတယ် ဆိုတာက ဘယ်အခြေအနေမှာမဆို ဝမ်းနည်းစရာပါပဲ။ အထူးသဖြင့် လူငယ်တစ်ယောက် သေဆုံးသွားတဲ့အခါ ပိုဆိုးတာပေါ့”ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က သေဆုံးသူ လူငယ်၏ အမည်မှာ ဂျက်ဆီဂျိမ်းစ် ရိုမီယိုဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းနှင့်အတူ လက်ဆော့ဖျက်ဆီးခဲ့သည့် အခြားလူငယ်ကိုလည်း ရဲများက ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့သည်။ ဖြစ်ရပ်တွင် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ချေ။

သေဆုံးခဲ့သည့် လူငယ်ထံမှ ကျည်ဖြည့်ထားသော ပစ္စတို တစ်လက်ကို သိမ်းဆည်းရမိသော်လည်း ၎င်းက ရဲများကို အမှန်တကယ် ပစ်ခတ်ခဲ့ခြင်း ရှိမရှိ စစ်ဆေး အတည်ပြုရန် စောလွန်းနေသေးကြောင်း စုံထောက်များက ဆိုသည်။ အားကော့စ်က ဆိုးသွမ်းလူငယ် ဂိုဏ်းအချို့သည် လော့စ်အန်ဂျလိစ်တွင် ဖျက်လိုဖျက်ဆီး အပြုအမူမျိုး ရှိတတ်ကြောင်း ပြောဆိုသော်လည်း ရိုမီယိုသည် ဒုစရိုက်ဂိုဏ်း တစ်ခုခုနှင့် ဆက်စပ်သည့် အထောက်အထား မတွေ့ရဟု မှတ်ချက်ပေးခဲ့သည်။

ရိုမီယို၏ မိခင်ကမူ မိမိ၏သားသည် လူကောင်းလေးတစ်ဦးဖြစ်ပြီး ရဲများက အသေပစ်ခတ်ရသည့် အကြောင်းရင်းကို နားမလည်နိုင်ကြောင်း မျက်ရည်လည်ရွဲဖြင့် ဆိုသည်။ ရဲတပ်ဖွဲ့က သံသယ တရားခံများကို ပစ်ခတ်မှုများနှင့် ပတ်သက်၍ အမေရိကန် တနံတလျားတွင် ဝေဖန်မှုများ ထွက်ပေါ်နေချိန်၌ ယခုဖြစ်ရပ် ထပ်မံပေါ်ပေါက်လာခြင်းဟု သိရသည်။
===================
251 / End