အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၂ ဩဂုတ် ၂၀၁၆

၁၉:၀၇:၀၄
771539

ဖေက် ဂျအ်ဖရီအရ အဲဟ်ရာမ် ဆိုင်ရာ စည်းမျည်း စည်းကမ်းများ

ဟဂ်ျပြုမည့်သူများ မပြုသူများ သိထားသင့်သည့်အရာများ ဖြစ်၍ ဖေက် ဂျအ်ဖရီအရ အဲဟ်ရာမ် ဆိုင်ရာ စည်းမျည်း စည်းကမ်း များကို အမေးအဖြေ ပုံစံ ဖြင့် ရေးသား တင်ပြ အပ်ပါတယ်။


မေး။ ။ အဲဟ်ရာမ်ဆိုတာ ဘာကို ခေါ်ပါသလဲ?

ဖြေ ။ ။ အဲဟ်ရာမ်ဆိုတာ အွန်မ်ရာဟ် (သို့) ဟဂ်ျပြုချိန်တွင် ဝတ်ရသည့် သီးသန့် ဝတ် ပိတ်ဖြူစ နှစ်စ   (အပေါ်တစ်စ ၊အောက်တစ်စ ) ကို ခေါ်ဆိုပါတယ်။ (အမျိုးသမီးများ ဤကဲ့သို့ ဝတ်စရာမလိုချေ။ )

အမေး။ ။ အဲဟ်ရာမ် ဆိုင်ရာ စည်းမျည်း စည်းကမ်း များ (သို့) မိုဟ်ရမာသ်သေ အဲဟ်ရာမ် ဆို တာ ဘာကို ခေါ်ပါသလဲ ?

ဖြေ။ ။ အဲဟ်ရာမ် ဝတ်ထားချိန်တွင် ပြုလုပ်ရန် တားမြစ်ထားသည့်အချက်များကို ခေါ်ဆို ပါတယ်။

၎င်းတို့အတွင်းမှ အချို့ သည် ရိုးရိုးအချိန်တွင်လည်း ဟရာမ်ဖြစ်ပြီး အဲဟ်ရာမ် ဝတ်ထား ချိန် တွင်ပြု လုပ် လျှင်ပို၍ ဂိုနာ အပြစ် ကြီးပေသည်။

အချို့ သည် ပြုလုပ်လျှင် ကဖာရဟ် လည်း ထုတ်ရန် ဝါဂျစ်ဗ် (မပြုမနေရ) ဖြစ်ပါတယ်။

မေး ။။ အဲဟ်ရာမ် ဆိုင်ရာ စည်းမျည်း စည်းကမ်း များ ဘယ်အချိန်ကနေ စတင် ပါသ လဲ?

ဖြေ။ ။ အဲဟ်ရာမ် ဝတ်ပြီး ၊ နီယသ် ပြုပြီး ၊ သဲလ်ဗီယာ ဖတ်ပြီးနောက် စတင်ပါတယ်။

မေးခွန်း ။ ။အဲဟ်ရာမ် ဝတ်ချိန် မပြုရန်တားမြစ်ထားသည့် ဟရာမ်အချက်မည်မျှရှိပါ သ နည်း?

ဖြေ။ ။ အမျိုးသမီးများအတွက်သီးသန့် ရှောင်ရန် အချက်များ နှင့်အမျိုးသားများအတွက် သီးသန့် ရှောင်ရန်အချက်များ ပြီးနောက် အမျိုးသား၊အမျိုးသမီး နှစ်ဖက်စလုံး ရှောင်ရန် အချက်များ ဟု၍ လာရှိပါတယ်။

အမျိုးသမီးများအတွက်သီးသန့် ရှောင်ရန် အချက်များ

၁။ အလှအတွက် လက်ဝတ်ရတနာ ဝတ်ဆင်ခြင်း

၂။ အရာတစ်ခုခုဖြင့်မျက်နှာကိုဖုံးအုပ်ထားခြင်း

၃။ လက်အိတ်ဝတ်ခြင်း

အမျိုးသား များအတွက်သီးသန့် ရှောင်ရန် အချက်များ

၁။ ချုပ်ထားသည့် အဝတ်ဝတ်ခြင်း

၂။ ထိပ်ပိတ်ဖိနပ်ဝတ်ခြင်း၊ခြေအိတ်စသည်ဖြင့်ဝတ်ခြင်း

၃။ ခေါင်းပေါ်တွင်တစ်ခုခုဆောင်းထားခြင်း(ဦးထုပ်ဝတ်ခြင်း ၊နားရွက်ပါ ပါဝင်)သည်။

၎။အရိပ်အောက်တွင်ခရီးထွက်ခြင်း(ထီးဆောင်၍ လမ်းလျှောက်ခြင်း ၊ သဝါဖ်လုပ်ခြင်း)

အမျိုးသားအမျိုးသမီး နှစ်ဖက်စလုံး ရှောင်ရန်အချက်များ

၁။ အမဲလိုက်ခြင်း

၂။ ဆံပင်မွေးနုတ်ခြင်း

၃။ ကိုယ်ခနာအပေါ်ဆီးလိမ်းခြင်း

၎။ အမွှေးအကြိုင်လိမ်းခြင်း၊ အနံ့အသက်ဆိုးမှရှောင်နိုင်ရန် နှာခေါင်းကိုပိတ်ခြင်း

၅။ မှန်ကြည့်ခြင်း

၆။ လက်သည်း၊ခြေသည်းညပ်ခြင်း

၇။ အလှပြင်ခြင်း

၈။ လိမ်ပြောခြင်း၊ ဆဲဆိုခြင်း

၉။ ကျိန်ဆိုခြင်း

၁၀။ သွေးထုတ်ခြင်း (သွေးလှူခြင်း)

၁၁။ သန်းများကို သတ်ခြင်း

၁၂။ နေကာပြုခြင်း၊ နေကာဖတ်ပေးခြင်း

၁၃။ လက်ဖြင့်သုတ်ရည်ထွက်အောင်ပြုခြင်း

၁၄။ ကာမစက်ယှက်ခြင်း

၁၅။ ကာမစိတ်ဖြင့်နမ်းခြင်း အနမ်းခံခြင်း

၁၆။ ကာမစိတ်ဖြင့် အမျိုးသမီးကို ထိခြင်း၊ကြည့်ခြင်းစသည်ဖြင့်

၁၇။ သွားနုတ်ခြင်း

၁၈။ ဟရာမ်ဧရိယာ အတွင်းမှ မြက်နုတ်ခြင်း

၁၉။ လက်နက်ကိုင်ခြင်း

၂၀။ စိုရ်မာလိမ်းခြင်း တို့ ဖြစ်ပါတယ်။

======================

251/End