အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
တနင်္ဂနွေနေ့

၁၄ ဩဂုတ် ၂၀၁၆

၁၀:၀၃:၂၄
771891

နယူးယောက်တွင် ဗလီဆရာနှင့်နောက်လိုက်တဦး ပစ်သတ်ခံရ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဗလီဆရာတဦးနဲ့ နောက်လိုက်တဦးတို့ သြဂုတ် ၁၃ ရက်နေ့က ဗလီတက်ပြီးအပြန် လမ်းမှာ သေနတ်ပစ်ခံရပြီး ၂ ဦးလုံးသေဆုံးသွားပါတယ်။ လူတယောက် နောက်က လိုက်လာပြီး ၂ ယောက်လုံးရဲ့ ခေါင်းကိုပစ်သွားတာလို့ နယူးယောက်မြို့ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဗလီဆရာတဦးနဲ့ နောက်လိုက်တဦးတို့ သြဂုတ် ၁၃ ရက်နေ့က ဗလီတက်ပြီးအပြန် လမ်းမှာ သေနတ်ပစ်ခံရပြီး ၂ ဦးလုံးသေဆုံးသွားပါတယ်။

လူတယောက် နောက်က လိုက်လာပြီး ၂ ယောက်လုံးရဲ့ ခေါင်းကိုပစ်သွားတာလို့ နယူးယောက်မြို့ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။

အသက် ၅၅ နှစ်အရွယ် ဗလီဆရာဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နယူးယောက်မြို့ကို ပြောင်းရွှေ့လာတာလို့ သတင်းတွေကဆိုပါတယ်။

လူတယောက် သေနတ်ကိုင်ပြီး ထွက်သွားတာ ပတ်ဝန်းကျင်က မြင်လိုက်ကြပေမယ့် ဘယ်သူကိုမှ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

ဗလီဆရာနဲ့ သူ့ရဲ့ အသက် ၆၄ နှစ်အရွယ် နောက်လိုက်တဦးတို့ဟာ နေ့လယ်ပိုင်း ဗလီကအပြန်ပစ်သတ်ခံရတာပါ။ အဲ့ဒီဗလီတည်ရှိတဲ့ ရပ်ကွက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာရောက်သူ အများအပြား နေထိုင်ကြပြီး ပစ်ခတ်မှုအပြီး မွတ်စလင်တချို့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့က ဒီပစ်ခတ်မှုဟာ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုနဲ့ ပစ်ခတ်တာလို့ ပြောဆိုပေမယ့် ရဲတပ်ဖွဲ့ကတော့ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ စုံစမ်းနေဆဲလို့ပြောဆိုပါတယ်။
===================
251 / End