အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေးကိစ္စ ကိုင်တွယ်ရေး အစိုးရ၀န်ထမ်းများက ရုန်းကန်နေရခြင်းနှင့် ပြင်သစ်နှင့် ဂျာမနီရွေးကောက်ပွဲများက Brexit ညှိ နှိုင်းမှုများ စတင်ရန် ဆိုင်းငံ့ထားနိုင်သဖြင့် ယင်းကိစ္စမှာ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ နောက်ကျသွားနိုင်သည်ဟု သီတင်းတစ်ရပ်က ဖော်ပြသည်။
အီးယူ၏ လစ္စဘွန်းသဘောတူညီချက်မှ ပြဋ္ဌာန်းချက်အမှတ် (၅၀) ကို ၂၀၁၇ နှစ်ဆန်းတွင် စတင်ညှိနှိုင်းရေး ၀န်ကြီးချုပ် ထရီဆာမေ၏ အစိုးရက ပြင်ဆင်နေသည်။
ညှိနှိုင်းမှုများသည် အဖွဲ့မှ ထွက်ခွာချိန်အထိ ၂ နှစ် ကြာ အချိန်ရသည်။
သို့သော် အီးယူနှင့် ညှိနှိုင်းရေးကိစ္စများသည် ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ဖြစ်ပေါ်လာဖွယ်မရှိဟု ၀န်ကြီးများက လန်ဒန်မြို့ ဘဏ္ဍာရေးကဏ္ဍရှိ လူကြီးပိုင်းကို တိတ်တဆိတ်သာ သတိပေးထားသည်ဟု ဆန်းဒေးတိုင်းမ်စ် သတင်းစာက ဖော်ပြသည်။
ယင်းအတွက် Brexit ကိစ္စ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ နောက်ကျနိုင်သည်။
‘‘ပြဋ္ဌာန်းချက် (၅၀) ညှိနှိုင်းမှုဟာ ၂၀၁၇ ဆောင်းဦးပေါက်ရာသီအထိ နောက်ကျနိုင်တယ်လို့ ၀န်ကြီးတွေက ပြောနေကြတယ်။ သူတို့ ငှားရမ်းဖို့လိုတဲ့ လူတွေအတွက် အခြေခံအဆောက်အအုံတွေတောင် မရှိဘူး။ ဥရောပ နဲ့ ညှိနှိုင်းမှုတွေ စတင်တဲ့အချိန်မှာ ဘယ်လိုမေးခွန်းတွေ မေးရမလဲဆိုတာတောင် သူတို့က မသိကြဘူး’’ ဟု Brexit ကိစ္စကို ၀န်ကြီးနှစ်ဦးနှင့် ဆွေးနွေးခဲ့သော ဘဏ္ဍာရေး သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
ဂျာမနီနှင့် ပြင်သစ်ရွေးကောက်ပွဲ အချိန်ဇယားတွင်လည်း စိန်ခေါ်မှုအချို့ ရှိနေသည်ဟု အမည်မဖော်လိုသော အစိုးရ၀န်ကြီးတစ်ဦးက ဆန်းဒေးတိုင်းစ် သတင်းစာအား ပြောကြားသည်။
ပြင်သစ်သမ္မတရွေးကောက်ပွဲများကို လာမည့်နှစ် ဧပြီနှင့် မေလတွင် ကျင်းပရန်ရှိပြီး ဂျာမနီနိုင်ငံ၌ ဆောင်းဦးပေါက်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိသည်။
===================
251 / End
အကိုး အကား : 7days
တနင်္ဂနွေနေ့
၁၄ ဩဂုတ် ၂၀၁၆
၁၁:၃၁:၀၅
771908
ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေးကိစ္စ ကိုင်တွယ်ရေး အစိုးရ၀န်ထမ်းများက ရုန်းကန်နေရခြင်းနှင့် ပြင်သစ်နှင့် ဂျာမနီရွေးကောက်ပွဲများက Brexit ညှိ နှိုင်းမှုများ စတင်ရန် ဆိုင်းငံ့ထားနိုင်သဖြင့် ယင်းကိစ္စမှာ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ နောက်ကျသွားနိုင်သည်ဟု သီတင်းတစ်ရပ်က ဖော်ပြသည်။ အီးယူ၏ လစ္စဘွန်းသဘောတူညီချက်မှ ပြဋ္ဌာန်းချက်အမှတ် (၅၀) ကို ၂၀၁၇ နှစ်ဆန်းတွင် စတင်ညှိနှိုင်းရေး ၀န်ကြီးချုပ် ထရီဆာမေ၏ အစိုးရက ပြင်ဆင်နေသည်။