အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၁၅ ဩဂုတ် ၂၀၁၆

၁၉:၂၇:၂၉
772199

ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် ပစ်ခတ်မှု ကျူးလွန်သူ နှစ်ဦးကို ရဲတပ်ဖွဲ့ စုံစမ်းရှာဖွေနေ

ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် ရမ်းကားပစ်ခတ်မှု ကျူးလွန်ခဲ့သည့် သံသယ တရားခံ နှစ်ဦးကို ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေကြောင်း သိရသည်။ ကိုလုံး မြို့တော်ခန်းမအနီး ဖရန်ဒရစ်ရှေး လမ်း၌ ပစ်ခတ်မှု၊ ဓားဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး အနည်းဆုံး လူတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။ သတင်းအချို့က တိုက်ခိုက်သူများသည် ပုဆိန်တစ်လက်ကိုပါ အသုံးပြုခဲ့သည်ဟု ဆိုသော်လည်း အတည်မပြုနိုင်သေးချေ။



ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် ရမ်းကားပစ်ခတ်မှု ကျူးလွန်ခဲ့သည့် သံသယ တရားခံ နှစ်ဦးကို ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေကြောင်း သိရသည်။

ကိုလုံး မြို့တော်ခန်းမအနီး ဖရန်ဒရစ်ရှေး လမ်း၌ ပစ်ခတ်မှု၊ ဓားဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး အနည်းဆုံး လူတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။ သတင်းအချို့က တိုက်ခိုက်သူများသည် ပုဆိန်တစ်လက်ကိုပါ အသုံးပြုခဲ့သည်ဟု ဆိုသော်လည်း အတည်မပြုနိုင်သေးချေ။

အခင်းဖြစ်သည့် နေရာတွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိပြီး စစ်ဆေးစုံစမ်းမှုများ စတင်နေသော်လည်း အခြား အသေးစိတ် အချက်အလက်များကို မထုတ်ပြန်သေးဟု ဆိုသည်။

မျက်မြင်အချို့၏ အဆိုအရ ဒဏ်ရာရသွားသည့် အမျိုးသားသည် လမ်းထဲတွင် လူသုံးလေးဦးနှင့် အခြေအတင် ဖြစ်နေခဲ့ပြီး ယင်းတို့အနက် နှစ်ဦးက ၎င်းကို တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ထိုသူများက အစပိုင်းတွင် ဓားများဖြင့် တိုက်ခိုက်သော်လည်း ၎င်းတို့၏ပစ်မှတ်က အနီးရှိ Mercedesကားထံ ထွက်ပြေးသည့်အခါ သေနတ်ထုတ်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ရာ နေရာကို စစ်ဆေးနေသည့် ရဲအရာရှိ တစ်ဦးက ကားကိုယ်ထည်တွင် သေနတ်ကျည်ဆန်ရာ အများအပြား ရှိနေခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်မှုနှင့် ရည်ရွယ်ချက်မျိုး ဖြစ်ဟန်မတူသော်လည်း ရဲများက အခြေအနေတိုင်းကို ထည့်သွင်းစဉ်းစားသွားဖွယ် ရှိနေသည်။ ဂျာမနီတွင် ဇူလိုင်လအတွင်း မြူးနစ်မြို့၌ ဆယ်ကျော်သက် တစ်ဦး၏ ရမ်းကား ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း တစ်နိုင်ငံလုံးတွင် လုံခြုံရေး အဆင့်ကို တိုးမြှင့် တပ်လှန့်ထားသည်။
===================
251 / End