အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၁၇ ဩဂုတ် ၂၀၁၆

၁၆:၅၄:၁၀
772626

ရီပက်ဘလေကန်အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံခြင်း

ကလိဗ်လန်းမြို့မှာ ရီပက် ဘလေကန်ပါတီ ညီလာခံ ဇာတ်လမ်းနဲ့ အစပျိုးပြီးတော့ ထိခိုက် နစ်နာစေတဲ့ အငြင်းပွားစရာတွေ ရှိခဲ့တဲ့ ခက်ခဲတဲ့ သီတင်းနှစ်ပတ်ကို ဆက်လက် ဖြတ်သန်းခဲ့ရတဲ့ ဒေါ်နယ်ထရန့်ဟာ ခက်ခဲတဲ့ အနေအထားတစ်ခု ကြုံတွေ့ခဲ့ရပါ တယ်။


ကလိဗ်လန်းမြို့မှာ ရီပက် ဘလေကန်ပါတီ ညီလာခံ ဇာတ်လမ်းနဲ့ အစပျိုးပြီးတော့ ထိခိုက် နစ်နာစေတဲ့ အငြင်းပွားစရာတွေ ရှိခဲ့တဲ့ ခက်ခဲတဲ့ သီတင်းနှစ်ပတ်ကို ဆက်လက် ဖြတ်သန်းခဲ့ရတဲ့ ဒေါ်နယ်ထရန့်ဟာ ခက်ခဲတဲ့
အနေအထားတစ်ခု ကြုံတွေ့ခဲ့ရပါ တယ်။ ဟီလာရီကလင်တန် အမည်စာရင်း တင်သွင်းထားတဲ့ နိုင်ငံ တော်တရားရုံးအတွက် တစ်ခုတည်းသော ကုစားမှုကတော့ အခြေခံဥပဒေ ဒုတိယပြင်ဆင်မှုကို ထောက်ခံသူတွေ (သေနတ်ကိုင် ဆောင်ခွင့်ကို ထောက်ခံသူများ) က အရေးယူဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ ဒေါ်နယ်ထရန့်မပြောခင် နာရီပိုင်းအလိုမှာ တိုင်းမ်သတင်းဌာနက သူနဲ့တွေ့ဆုံမေးမြန်း ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ ခင်ဗျားရဲ့ မဲဆွယ်မှုအတွက် ခက်ခဲတဲ့ အနေအထားတစ်ခု ဖြစ်ခဲ့တယ်။ လူထုစစ်တမ်းတွေမှာ ဘာတွေဖြစ်နေပါသလဲ။
အင်း . . . ကျွန်တော်တို့ အခြေအနေ ကောင်းနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ ဧရာမပရိသတ်တွေရှိပါတယ်။ ကျွန် တော်တို့မှာ အရင်ကရှိခဲ့တဲ့ စိတ်အားထက်သန်မှုမျိုး ခုထိရှိနေပါတယ်။ လူထုစစ်တမ်းတချို့မှာ နည်းနည်းလေး ကျသွားတယ်။ သိပ်အများကြီး လျော့ကျမသွားတဲ့  လူထုစစ်တမ်း တချို့လည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လျှောက်လှမ်းနိုင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အဆင်ပြေနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

လူထုစစ်တမ်းတွေ အကြောင်းပြန်ပြောရရင် ခင်ဗျားဟာ တစ်နိုင်ငံလုံး အတိုင်းအတာမှာ ခြောက်မှတ်၊ ခုနစ်မှတ်၊ ရှစ်မှတ်အထိ လျော့ကျနေတယ်လို့ တချို့စစ်တမ်းတွေ ကပြနေပြီး ထောက်ခံမှု ဆတူနီးပါးရှိတဲ့
ပြည်နယ်တွေမှာ လည်း အဲဒီလို ကွာခြားနေပါတယ်။ အခြေခံရွေးကောက်ပွဲတွေမှာ ခင်ဗျားနိုင်ခဲ့ပေမယ့် အထွေထွေရွေးကောက်ပွဲဟာ သိသိသာသာကို အရမ်းခြားနားတဲ့ ရွေးကောက်ပွဲတစ်ခုပါ။ ခင်ဗျား
ဘယ်လို ခြားနားပြီး လုပ်သွားမလဲ။

အင်း . . . အခြေခံရွေးကောက် ပွဲတွေမှာထက် ကျွန်တော် ပိုခြားနားအောင် လုပ်နေတယ်လို့ ထင်တယ်။ အဲဒီ အာဝဇ္ဇန်းရွှင်တာကို လျှော့ချဖို့ ကျွမ်းကျင်သူတွေ ဆိုသူတွေရဲ့ စကားကို နားထောင်နေပြီး ခုထိ ကျွန်တော် အကြိုရွေးကောက်ပွဲတွေမှာ ပြိုင်ခဲ့တဲ့ ပုံစံကို ပိုကြိုက်နေမိတယ်။ အကြိုရွေးကောက်ပွဲ တွေတုန်းက ကျွန်တော်ထောက်ခံ မဲ ၁၄ သန်းနဲ့ ပြည်နယ်အများစု အနိုင်ရခဲ့ပြီး သမိုင်းမှာ အားလုံး ထက် မဲပိုများခဲ့တယ်။ ဒါပေမဲ့ ခုအချိန်မှာ ကျွန်တော့်ကို ပိုအဆင်ချောအောင်၊ ပိုသဘောကောင်းအောင်၊ ပိုပြီးပျော့ပျောင်းဖို့ ပြောနေတဲ့ လူတွေရဲ့ စကားကို ကျွန်တော်နားထောင်နေတယ်။ အဲဒါ အဆင်ပြေပါတယ်။ ကျွန်တော် အဲဒီလိုလုပ်နေတယ်။ ပုဂ္ဂိုလ်ရေး အရ ဆိုရင်တော့ အဲဒါဟာ ဒီနိုင်ငံ က ဖြစ်စေချင်တာလားဆိုတာ ကျွန်တော်မသိဘူး။ အရှေ့အ လယ်ပိုင်းဒေသမှာ ကျွန်တော်တို့ ခေါင်းဖြတ်အသတ်ခံရမှုတွေ ကြုံ နေရတဲ့အချိန်မှာ ရက်စက်ယုတ် မာမှုအတိုင်းအတာမှာ အရင်တစ် ခါမှ မဖြစ်ခဲ့ဖူးတဲ့ ဟာတွေဖြစ်နေ တဲ့အချိန်မှာ ငွေဒေါ်လာသန်း ၄၀၀လိုမျိုး ပေးရတာတွေ တခြားကိစ္စ တွေကြုံနေရချိန်မှာ သူတို့ကြမ်း ကြမ်းရမ်းရမ်းလေး ပြောဆိုတာမျိုး လိုချင်တယ်လို့ ကျွန်တော်ထင် တယ်။ သူတို့က ကျွန်တော့်ကို အခြေခံ ရွေးကောက်ပွဲတွေမှာတုန်း ကထက် နည်းနည်းလေး ခြားနားတာမျိုး သဘောကျကြလိမ့် မယ်။ အဲဒီ အခြေခံ ရွေးကောက်ပွဲတွေမှာ ကျွန်တော်ဟာ ထောက်ခံမဲ စံချိန်ချိုးပစ်ခဲ့တယ်။

အထွေထွေရွေးကောက်ပွဲတွေမှာ ခင်ဗျားက လူမည်းတွေ၊ စပိန်နွယ် ဖွားတွေရဲ့ ထောက်ခံမဲတွေရဖို့ ရည်ရွယ်ထားတယ်လို့ ပြောပေမယ့် တချို့စစ်တမ်းတွေအရ ခင်ဗျားဟာ အာဖရိကန်- အမေရိကန် မဲပေးသူတွေရဲ့
ထောက်ခံမှု ၃ ရာခိုင်နှုန်း၊ စပိန်နွယ်ဖွား မဲပေးသူတွေ ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ထောက်ခံမှု ရနေတယ်လို့ ပြနေတယ်။ အခုအချိန်နဲ့ ရွေးကောက်ပွဲ နေ့ကြားကာလမှာ ခင်ဗျားအဲဒီ အနေအထားကို ဘယ်လိုပြောင်းလဲဖို့ ရည်ရွယ်ထားပါသလဲ။

ကျွန်တော်ကတော့ အမှန်ကိုပဲ ပြောနိုင်တယ်။ အဲဒါပဲ ကျွန်တော်လုပ်နိုင်တယ်။ ဘာဖြစ်လာမလဲ ကျွန်တော်တို့ကြည့်မယ်။  ကျွန်တော်လုပ်နိုင်တာ အားလုံးကတော့ ရိုးသားဖို့နဲ့ အမှန်ပြောဖို့ပဲ ဖြစ်တယ်။ ကျွန်တော် အဲဒီလိုပြော သွားဖို့ မျှော်လင့်တယ်။ ကျွန်တော် အလုပ်တွေ ပြန်ရအောင် လုပ်ပေးပါမယ်။ တရားမ၀င် ရွှေ့ပြောင်း နေထိုင်မှုကို ကျွန်တော်တို့ တားဆီးပါမယ်။ ကျွန်တော် လုပ်ချင်တာကတော့ ရိုးသားပြီး အမှန်တရား ပြည့်ဝစေဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုဆိုရင် သိပ်ကောင်းပါတယ်။ အဲဒီလို မဟုတ်ခဲ့ရင်လည်း အဆင်ပြေတာပါပဲ။

ဒက်ထရွိုက်မြို့မှာ ခင်ဗျားမိန့်ခွန်း ပြောတာ နားထောင်ခဲ့ရပါတယ်။ ထုတ်လုပ်ရေးကဏ္ဍကိုပြန်ပြီး အသက်ဝင်လာအောင်လုပ်ဖို့ အကြောင်း ခင်ဗျားအများကြီး ပြောခဲ့ပါတယ်။ အမေရိကန်လုပ် ထုတ်ကုန်တွေကို အမေရိကန် ကုမ္ပဏီတွေ (ဒါမှမဟုတ်) အမေရိကန် မဟာမိတ်တွေ ၀ယ်ယူဖို့ လိုတဲ့ မူဝါဒတစ်ရပ်ကို ထောက်ခံသွားမှာလား။

ကျွန်တော်တို့ အဲဒါမျိုးလုပ်ရ လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ အမေရိကန်လုပ် ထုတ်ကုန်တွေကို သူတို့ဝယ်ချင်လာမယ့် နည်းမျိုးနဲ့ ကျွန်တော်တို့ အဲဒါကို လုပ်ဆောင် နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါဟာ ကောင်းတဲ့ ကိစ္စပါ။ ပိုကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ခင်ဗျားတို့က လွတ်လပ်တဲ့ ဈေးကွက်တစ်ခုရှိစေချင်တယ်။ လွတ်လပ်တဲ့ ဈေးကွက်ကို ကျွန်တော်ယုံတယ်။ ဒါပေမဲ့ခင်ဗျားတို့ က အင်အား ကောင်းချင်တယ်လေ။ ပြီးတော့ အခု ကျွန်တော်တို့ လုပ်နေကြတာက ကျွန်တော်ဟာ နိုင်ငံခြားကုန်သွယ်ရေးမှာ ဖျက်ဆီး ခံနေရတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ကုန် သွယ်ရေးမှာ ဒေါ်လာဘီလီယံ ၈၀၀လောက် အရှုံးပေါ်နေတယ်။ ပြီးတော့ ကျွန်တော်တို့က တခြားနိုင်ငံတွေ အတွက် လုပ်ပေးတယ်။ သူတို့က ကျွန်တော်တို့ဆီက မ၀ယ်ဘူး။  ဒါပေမဲ့ မဟုတ်ပါဘူး။ အဖြေက ကျွန်တော်လွတ်လပ်တဲ့ ဈေးကွက်တွေကို သဘောကျတယ်။ လူတွေ ကျွန်တော် တို့ဆီက ၀ယ်ချင်လာအောင်လို့ ကျွန်တော် အဲဒီလိုဖြစ်အောင် လုပ်ချင်တာပါ။

ရုရှားနိုင်ငံနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ တကယ်လို့ ရုရှားသမ္မတ ပူတင်က သူ့ရဲ့ ရန်စမှုတွေကို ဆက်လုပ်လာမယ်ဆိုရင် အမေရိ ကန်က ယူကရိန်းတွေကို အမေရိကန်က ထိရောက်တဲ့ စစ်လက်နက် အကူအညီ
ပေးသင့်ပါသလား။

အရင်ဆုံးပြောရရင် ကျွန်တော်ဒီမေးခွန်းကို အရင်က ပြည့်ပြည့်စုံစုံ ဖြေခဲ့ပြီးပြီ။ ဒါပေမဲ့ မီဒီ ယာတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကပဲ ကျွန်တော်ဖြေခဲ့တဲ့ ပုံစံမျိုးကို ဖော်ပြကြတယ်။ ရုရှားအကြောင်း အိုဘားမားပြောတဲ့ အချိန်မှာ၊
ယူကရိန်းအကြောင်း သူပြောတဲ့အချိန်မှာ အဲဒါဟာ အိုဘားမားလက် ထက်မှာလေ။ အဲဒါထရန့်လက်ထက်မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်အဲဒီမေးခွန်းကို ဖြေတဲ့ အချိန်မှာ သူတို့ ခရိုင်းမီးယားကို ရသွားပြီ။

ဒါပေမဲ့ ခရိုင်းမီးယားဒေသ ပါသွားတာဟာ အိုဘားမား လက်ထက်မှာ။ ခင်ဗျားသိလား။ သူက ရုရှားနဲ့ ပတ်သက်လို့ ကျွန်တော့် အကြောင်းကိုပြောတယ်။ အင်း . . .  သူ့နေရာမှာသာ ကျွန် တော်ဆိုရင် အဲဒီလိုဖြစ်မယ်လို့ ကျွန်တော်မထင်ဘူး။

ဒါဆို ခင်ဗျားကဘယ်လို . . .။

ခင်ဗျားသိတဲ့အတိုင်းပဲ။ တစ်ကယ်ပဲ သူကရုရှားနဲ့ ဆက်ဆံရေး ပြန်ပြင်တယ်။ ဒါပေမဲ့ အဲဒါ အိုဘားမားလက်ထက်မှာ အိုဘားမားသမ္မတ လက်ထက်မှာ ခရိုင်မီး ယားဒေသ ရုရှားဆီကို ရောက်သွားတယ်။ ပြီးတော့ သူက တင်းတင်း မာမာ ဆက်ဆံမယ့်ကိစ္စတွေ ပြောတယ်။ သူက အဲဒီခြားနားတဲ့ ဟာတွေကို ပြောနေတယ်။ ဒါပေမဲ့ ခင်ဗျားသိပါတယ်။ ယူကရိန်းဟာ ပြဿနာတွေ အများကြီးကြုံနေရတယ်။ အဲဒီပြဿနာတွေထဲက တစ်ခုကတော့ ယူကရိန်းဟာ အိုဘားမား လက်ထက်မှာ ရုရှားကို သွားထိပ်တိုက်တွေ့တယ်။ ဒါ ကြောင့်အိုဘားမားက မူဝါဒအမျိုးမျိုး အကြောင်းပြောတဲ့အခါ၊ ထရန့် ရဲ့ မူဝါဒတွေကိုပြောတဲ့အခါ ကျွန် တော်ပြောတာက အိုဘားမား လက်ထက်မှာ အဲဒီဒေသ ပါသွားတာလို့ပဲပြောတယ်။

ခင်ဗျားက တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ အောင်မြင်ခဲ့ပြီးတော့ ခင်ဗျား အဲဒါကို ပိုသဘောကျခဲ့တယ်။ ဘာဖြစ်လို့ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ပြည်သူတွေ ဘာပြောပြော ကျွန်တော် ပြည်သူတွေပြောတာ နားထောင်တယ်။ သူတို့ပြောတာကို ကျွန်တော် သဘောတူလား ဆိုတာ သေချာတော့ မသိဘူး။ သီတင်းနှစ်ပတ်အတွင်း ကျွန်တော် ခင်ဗျားတို့ကို အသိပေးပါမယ်။

ပြီးခဲ့တဲ့သီတင်းနှစ်ပတ်မှာ ခင်ဗျားဟာ ပါတီသဘောထားနဲ့ ကွဲနေခဲ့တယ်လို့ ခံစားရပါသလား။ ပါတီ သဘောထားအတိုင်း ခင်ဗျား ကိုက်ညီပြီလို့ ခံစားရလား။

ဒီမိုကရက် ညီလာခံတုန်းက ကျွန်တော်တော်တော် အထိနာခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ရီပက်ဘလေကန် ညီလာခံ အရမ်းအောင်မြင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ နောက်ဆုံး လုပ်တဲ့ပွဲဟာ
နောက် ဆုံးပဲဖြစ်လို့ အကျိုးအများကြီး ရှိပါတယ်။ သူတို့ လုပ်ခဲ့တဲ့ဟာတွေ အားလုံးဟာ အနုတ်သဘောတွေ ပဲ။ ဒါကြောင့် အဲဒါရိုက်ခတ်မှု ရှိနိုင်တာ ခင်ဗျားသိပါတယ်။ အခုကျွန်တော် မြောက်ကယ်ရိုလိုင်းနားကိုသွားမယ်။ အဲဒါလူတွေ အများကြီးရှိတဲ့ ပြည်နယ်ပါ။ အဲဒီမှာ လူတွေ အပြင်ထွက်စောင့်နေကြတယ်။ ဘယ်သူမှ အဲဒီလိုမရှိဘူး။ ဟီလာရီ အပြင်ထွက်တဲ့အခါ သူ့ရဲ့ လူထုစုဝေးပွဲဆိုတာတွေ ကို ကျွန်တော်ကြည့်တယ်။ သူ့မှာလူ ၂၅၀  လောက်ပဲရှိပြီး နေရာလွတ်တွေ အများကြီးပဲ။ ကျွန်တော်မှားရင် မှားမှာပေါ့။ ဒါပေမဲ့ကျွန်တော်တို့ဟာ လူတွေနားလည်တာ ထက်ပိုပြီး အခြေအနေအများကြီး ကောင်းနေတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ကျွန်တော် အဲဒီစကားကို အရင်ကပြောခဲ့ပြီး ပြီ။ အခုကျွန်တော်အရင်ကထက် ပိုပြီး အားကောင်း လာတယ်လို့ ခံစားနေရတယ်။ ကျွန်တော်တို့ ငါးမှတ် (ဒါမှမဟုတ်) ခြောက်မှတ် နောက်ရောက်နေပေမယ့် အဲဒါ အများကြီး မဟုတ်ပါဘူး။

လူထုစစ်တမ်းတွေက ခင်ဗျားရဲ့ ထောက်ခံမှုတွေကို တလွဲရယူနေတယ်လို့ ခင်ဗျားထင်ပါသလား။

အဲဒီလိုပဲလို့ ကျွန်တော်ထင်တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မဲဆွယ်တုန်းက လူတချို့ပရိသတ်ကောင်း ကောင်းရခဲ့တယ်။ ကျွန်တော့်မှာ ဖလော်ရီဒါပြည်နယ် ဂျက်ဆင် ဗေးလ်မှာ လွန်ခဲ့တဲ့ သုံးရက်က လူ ၁၈,၀၀၀ လောက်ရှိခဲ့တယ်။ ပြီးတော့ လေး၊ ငါးထောင်လောက် ထွက်သွားတယ်။ သူတို့ ၀င်လို့မရ ဘူး။ ဒေတိုနာမှာ လူထောင်ချီရှိခဲ့တယ်။ ဒါကြောင့် ဟုတ်တယ်အကြောင်း တစ်ခုခုရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကလင်တန် ရဲ့ မဲဆွယ်ရေးအဖွဲ့က အဲဒါကို နားလည်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က ကြော်ငြာတွေ အတွက် ဒေါ်လာသန်း ၂၄၀ သုံးခဲ့တယ်။ ကျွန်တော်က တစ်ပြားမှမသုံးခဲ့ဘူး။ ကျွန်တော်တို့ငွေတွေလည်း အများကြီးရှာပေးခဲ့တယ်။ ကျွန်တော်တို့ ဇွန်လက စပြီးတော့ ဒေါ် လာ ၅၁ သန်းရှာပေးခဲ့တယ်။ အဲ ဒီထဲက ဒေါ်လာ ၂၇ သန်းဟာ အသေးစား လှူဒါန်းမှုဖြစ်တယ်။ ဒေါ်လာ ၆၁ သန်းရတယ်။ ရီပက်ဘလေကန်တွေ ဘယ်သူမှ ဒီလို မရဖူးဘူး။ ပြီးတော့ သူတို့က အဲ ဒါဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တဲ့ အလင်းစက်အပြောက်လေးလို့ ပြောကြတယ်။ လာမယ့် လမှာ ပြဿနာတစ်ခုက လွဲလို့ ကျွန်တော်တို့ ဒေါ်လာ ၈၂ သန်းရှာခဲ့တယ်။ အဲဒါတွေဟာ နည်းနည်း စီ လှူဒါန်းထားတာတွေပါ။ ဒါကြောင့် ကျွန်တော် ဒေါ်လာသန်း နဲ့ချီပြီး ရှာနေတယ်။ RNC အတွက်ဒေါ်လာ သန်းနဲ့ချီပြီး ကျွန်တော်တို့ ရှာပေးနေတယ်။

===================
251 / End