အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
စနေနေ့

၂၀ ဩဂုတ် ၂၀၁၆

၁၉:၂၄:၄၄
773300

ကမ္ဘာ့အကြီးဆုံး လေယာဉ် ပွဲဦးထွက် ခရီးစဉ် ပျံသန်း

ကမ္ဘာ့အကြီးဆုံး လေယာဉ်၏ ပွဲဦးထွက် ဝေဟင်ပျံသန်းမှုကို နည်းပညာပြဿနာကြောင့် တစ်ကြိမ်ကြိုးစားမှု ပယ်ပျက်ပြီး လေးရက်အကြာ သြဂုတ် ၁၇ ရက်တွင် အောင်မြင်စွာပျံသန်းသည်။



ကမ္ဘာ့အကြီးဆုံး လေယာဉ်၏ ပွဲဦးထွက် ဝေဟင်ပျံသန်းမှုကို နည်းပညာပြဿနာကြောင့် တစ်ကြိမ်ကြိုးစားမှု ပယ်ပျက်ပြီး လေးရက်အကြာ သြဂုတ် ၁၇ ရက်တွင်   အောင်မြင်စွာပျံသန်းသည်။

လေယာဉ်တစ်ပိုင်း၊ လေသင်္ဘောတစ်ပိုင်း ဖက်စပ်တည်ဆောက်ထားသည့် Airlander 10 လေယာဉ်က အင်္ဂလန်ရှိ ကာဒင်ဂတွန်အရပ် လေယာဉ်ကွင်း၌ ပွဲဦးထွက်ပျံသန်းမှုကို လူများစွာက လာရောက်ကြည့်ရှုအားပေးကြသည်။

ယခုပျံသန်းမှုသည် အရှုံးကြုံထားသည့် ဗြိတိန်၏ လေသင်္ဘောတည်ဆောက်ရေးလုပ်ငန်း ရပ်နားထားပြီးနောက် ပွဲဦးထွက် ပျံသန်းမှုလည်းဖြစ်သည်။ လွန်ခဲ့သော ၈၅ နှစ် ၁၉၃၀ ခုနှစ် အောက်တိုဘာလအတွင်း လေသင်္ဘော R101 ပျံသန်းမှုတွင် ပြင်သစ်၌ ပျက်ကျခဲ့၍ လူပေါင်း ၄၈ ဦးသေဆုံးပြီးနောက် ဗြိတိန်၏ လေသင်္ဘောလုပ်ငန်းများက ရပ်နားသွားခဲ့ရသည်။

ယခု အရှည်မီတာ ၉၂ မီတာရှိသည့် Airlander 10 ကို ထောက်လှမ်းရေးလေယာဉ်အဖြစ် အမေရိကန်စစ်တပ်အတွက် တည်ဆောက်ခြင်းဖြစ်သော်လည်း ကုန်တင်ကုန်သွယ်မှုအတွက်လည်း အသုံးပြုနိုင်ဖွယ်ကြောင်း တီထွင်ထုတ်လုပ်သည့် Hybrid Air Vehicles ကုမ္ပဏီက ပြောသည်။

လက်ရှိ ပျံသန်းဆဲလေယာဉ်များတွင် အကြီးဆုံးဖြစ်သည့် ယင်းလေယာဉ် တီထွင်ထုတ်လုပ်ရေးအတွက် အစိုးရက အာမခံ ပေါင် ၂ ဒဿမ ၅ သန်းကို ချထားပေးခဲ့ကြောင်း ကုမ္ပဏီက   ပြောသည်။  လေယာဉ်သည် အမြင့် ၄၈၈၀ မီတာအထိ ပျံသန်းနိုင်ကာ တစ်နာရီ ၁၄၈ ကီလိုမီတာနှုန်း အရှိန်အလျင်ရှိကြောင်း ကုမ္ပဏီက ပြောခဲ့သည်။

“ဒါက ဗြိတိန်ရဲ့ တီထွင်ဆန်းသစ်မှုကို ထုတ်ပြလိုက်တာပဲ။ ပုံမှန်တောင်ပံနဲ့ လေယာဉ်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ရဟတ်ယာဉ်လို၊ လေသင်္ဘောလို ပေါင်းစပ်လေယာဉ်တစ်စီးပဲဖြစ်ပါတယ်။” ဟု ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ စတီဗင်မတ်ဂလန်နန်က ပြောသည်။

===========================251/ End