အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
စနေနေ့

၂၀ ဩဂုတ် ၂၀၁၆

၁၉:၂၆:၅၅
773304

နိုင်ဂျီးရီးယားတွင် အငတ်ဘေး ကျယ်ပြန့်လာနိုင်ဟု ကုလသတိပေး

နိုင်ဂျီးရီးယားနိုင်ငံအတွင်း စီးပွားရေး ကျဆင်းမှုနဲ့ အစ္စလာမစ် စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် အငတ်ဘေး ကျယ်ပြန့်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။



နိုင်ဂျီးရီးယားနိုင်ငံအတွင်း စီးပွားရေး ကျဆင်းမှုနဲ့ အစ္စလာမစ် စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် အငတ်ဘေး ကျယ်ပြန့်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ် စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် လာမယ့်လမှာ လူပေါင်း ၅.၅ သန်းဟာ စားနပ်ရိက္ခာ အထောက်အပံ့တွေ လိုအပ်လိမ့်မယ်လို့လည်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဂျီနီဗာ သတင်းစာ ရှင်းလင်းပွဲမှာ သြဂုတ် ၁၉ ရက်နေ့က သတိပေးပါတယ်။

WFP ဟာ လောလောဆယ် နိုင်ငံအရှေ့မြောက်ပိုင်းက လူအယောက် ၁ သိန်း ၇ သောင်းအတွက် စားစရာတွေ ပို့ပေးနေပြီး နှစ်ကုန်ပိုင်းမှာ လူ ၇ သိန်းကို စားနပ်ရိက္ခာ ဖြန့်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အရင်လက အကူအညီပေးရေး ယဉ်တန်း တိုက်ခိုက်ခံရအပြီး အခြေအနေက အန္တရာယ်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ ပြောခွင့်ရက ဆိုပါတယ်။

စစ်သွေးကြွတွေက ပစ်ပြီးပြေးတာ၊ အသေခံဗုံးခွဲတာ၊ အရပ်သားတွေကို တိုက်ခိုက်တာ၊ အိမ်တွေကို မီးရှို့တာနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ခိုးတာတွေ မကြာခဏ ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။

“ဘိုကိုဟာရမ်တွေ လတ်တလော လွှတ်ပေးလိုက်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အများကြီး တွေ့ခဲ့တယ်၊ သူတို့ဟာ စိတ်ပိုင်းလူမှုရေးပိုင်း အထောက်အပံ့တွေ အရေးပေါ် လိုနေတယ်။ အမျိုးသမီး အများအပြားက ကိုယ်ဝန်ဆောင်တွေ ဖြစ်ပြီး တချို့က ဘိုကိုဟာရမ်တွေရဲ့ ဇနီးတွေ ဖြစ်နေတယ်။ သူတို့က စကားကို မပြောချင် ဖြစ်နေတယ်။ သတိထားပြီး အလုပ်လုပ်ဖို့ လိုတယ်” လို့ သူက ပြောပါတယ်။

ကူညီရေး လုပ်သားတွေအတွက် အကာအကွယ်ပေးဖို့ သံချပ်ကာ ကားတွေနဲ့ စစ်တပ် အခြံအရံ အရေးပေါ် လိုနေတယ်လို့ သူက ဖြည့်ပြောသွားခဲ့ပါတယ်။

===================================
251/End