အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၂၁ ဩဂုတ် ၂၀၁၆

၀၃:၄၉:၀၅
773330

ဆော်ဒီမှ မြန်မာနွယ်ဖွား မျက်မမြင်ကလေးငယ် ကုရ်အာန်တစ်အုပ်လုံး ရေဒီယိုမှနားထောင်ကာ အာဂုံဆောင်နိုင်ခဲ့

ဆော်ဒီအာရေဗျရောက် မြန်မာနွယ်ဖွား အသက် ၅ နှစ်အရွယ် အမြင်အာရုံချို့တဲ့နေတဲ့ ကလေးငယ်တစ်ဦးဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ရေဒီယိုကနေ နားထောင်ပြီး အာဂုံဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


 ဆော်ဒီအာရေဗျရောက် မြန်မာနွယ်ဖွား အသက် ၅ နှစ်အရွယ် အမြင်အာရုံချို့တဲ့နေတဲ့ ကလေးငယ်တစ်ဦးဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ရေဒီယိုကနေ နားထောင်ပြီး အာဂုံဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂျစ်ဒါမြို့မှာနေထိုင်တဲ့ ဟူစိန် မိုဟာမက် တာဟီရ်ဖြစ်ပြီး သားဖြစ်သူ အမြင်အာရုံချို့တဲ့တာကို သိရှိပြီးနောက်မှာ သူ့ရဲ့ဖခင် မိုဟာမက်တာဟီရ်က ရေဒီယိုတစ်လုံး ၀ယ်ပေးခဲ့တာပါ။ အဲဒီနောက်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမှုတွေကို နားထောင်နိုင်စေဖို့အတွက် တစ်နေ့လုံး ကုရ်အာန်ကျမ်းတော်မြတ် ထုတ်လွှင့်ပေးတဲ့ ရေဒီယိုလှိုင်းကို ချိန်ပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်သား ရေဒီယိုနားထောင်ပြီး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်မယ်လို့ ထင်မထားခဲ့ပါဘူး” လို့ မိုဟာမက် တာဟီရ်က ပြောကြားခဲ့ပါတယ်။

ဟူစိန်လေး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်တာကို ၃ နစ်ကြာတဲ့အထိ ဖခင်က မသိရှိခဲ့ပါဘူး။ ဂျစ်ဒါကနေ မဒီနာကို ပြောင်းသွားတဲ့နောက်ပိုင်း သားငယ်လေးက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်ကို ပို့ပေးဖို့ ပူဆာတာကြောင့် ပို့ပေးခဲ့ပြီး အဲဒီအချိန်မှာ ကုရ်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၂ က ပါဒတော်တစ်ချို့ကို ရွတ်ဖတ်တာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

စာမျက်နှာ ၃၀ နီးပါးရှိတဲ့ ကဏ္ဍတစ်ခုလုံးကို ဟူစိန်လေးက အလွတ်ရွတ်ဖတ်ခဲ့ပြီးတဲ့နောက်မှာတော့ မိုဟာမက်ဟီရ်တစ်ယောက် အံ့သြမှင်သက်ခဲ့ရပြီး နားလည်တတ်ကျွမ်းသူတွေ၊ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်ထားသူတွေထံ သွားရောက်ချဉ်းကပ် မေးမြန်းခဲ့ပါတော့တယ်။

အဲဒီပညာရှင်တွေကလည်း ဟူစိန်လေးဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်တာ မှန်ကန်တယ်လို့ အတည်ပြုခဲ့ပြီး အချို့နည်းစနစ်လေးတွေသာ လိုအပ်တယ်လို့ ပြောခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ဟူစိန်လေးကို တမန်တော်မြတ်ဗလီဝတ်ကျောင်းတော်က အမြင်အာရုံချို့တဲ့သူ ဟာဖစ်ဇ် (ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်သူ) တွေရဲ့ အတန်းမှာ အပ်နှံခဲ့ပါတယ်။

“မျက်လုံးကမမြင်၊ လက်တစ်ဖက်က မသန်ဖြစ်နေတဲ့ ကလေးငယ်လေးကို မွေးခဲ့တဲ့နောက် ဒီနှစ်တွေအတွင်း ကြုံတွေ့ရတဲ့ ဒုက္ခသုက္ခတွေအားလုံး အဖိုးတန်ခဲ့ပြီးပေါ့ဗျာ” လို့ နှလုံးပီတိ ဂွမ်းဆီထိနေတဲ့ မိုဟာမက် တာဟီရ်က ဖွင့်ဟခဲ့ပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်မှာ ကဏ္ဍစုစုပေါင်း ၁၁၄ ခုရှိပြီး၊ ပါဒတော်ပေါင်း ၆၆၀၀ ကျော် ရှိပါတယ်။

Ref: Arabnews

=======================

251/End