အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၂၄ ဩဂုတ် ၂၀၁၆

၁၈:၃၇:၄၄
774210

ပြင်းအား ၆ ဒသမ ၂ ရှိ အီတလီ ငလျင် အနည်းဆုံး လူ ၆ ဦးသေ

အီတလီအလယ်ပိုင်းကို ပြင်းအား ၆ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်ပြီးတဲ့နောက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး အဆောက်အဦတွေ ပျက်စီးကုန်တယ်လို့ စကိုင်းသတင်းမှာ ဖော်ပြပါတယ်။


အီတလီအလယ်ပိုင်းကို ပြင်းအား ၆ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်ပြီးတဲ့နောက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး အဆောက်အဦတွေ ပျက်စီးကုန်တယ်လို့ စကိုင်းသတင်းမှာ ဖော်ပြပါတယ်။

သြဂုတ် ၂၄ ရက် ဒေသစံတော်ချိန် မနက် ၃ နာရီခွဲမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး လှုပ်ခတ်တာကို ရောမမြို့ကနေလည်း ခံစားရတယ်လို့ ဆိုပါတယ်။

ဥရောပ မြေထဲပင်လယ် ငလျင်တိုင်းတာရေး စခန်းကတော့ ငလျင်က ရောမရဲ့ အနောက်မြောက်ဘက်ကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တာလို့ ထုတ်ပြန်သလို အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်တမ်းအဖွဲ့ကတော့ ပြင်းအား ၆ ဒသမ ၂ ရှိတယ်လို့ ပြောပါတယ်။

အီတလီသတင်းဌာနတွေကတော့ ငလျင်ဗဟို အရှေ့ဘက်က မာချေးဒေသမှာ အိမ်ပြိုသွားတဲ့အတွက် အသက်အရွယ်ကြီးရင့်တဲ့ လင်မယားစုံတွဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ အကူမိုလီမြို့က မြို့တော်ဝန်ကတော့ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့ မိသားစုဝင် ၄ ဦး အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်ခဲ့တဲ့ အမ်မာထရစ် မြို့တော်ဝန်ကလည်း အိမ်တွေပြိုကျခဲ့ပြီး မြို့လယ်မှာ မီးပျက်သွားတယ်လို့ ပြောပါတယ်။

ပိတ်မိနေတဲ့လူတွေကို ကယ်ဆယ်ဖို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်တော့ မရသေးဘူးလို့ ဆိုပါတယ်။
==================
251/End