အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၇ ဩဂုတ် ၂၀၁၆

၁၇:၂၀:၁၂
774862

ရှိုင်တွန် အကြီးစား အမေရိကန် မှ ဆော်ဒီ အာရေဗျ အား အပြည့်အဝ အားပေး ထောက်ခံကြောင်း ထုတ်ပြန် / အိမ်ဖြူတော်

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ၏ ပြောရေး ဆိုခွင့် ရှိသူမှ ယီမင်နိုင်ငံ ဆိုင်ရာ တိုက်ခိုက်မှု စစ်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ဆော်ဒီ အာရေဗျ ဘက်မှ ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီ အာရေဗျ သည် အမေရိကန် နိုင်ငံ ၏ အရေးကြီး မဟာမိတ် နိုင်ငံများ မှ တစ်နိုင်ငံ ဖြစ်ပြီး အမေရိကန် နိုင်ငံ အကျိုး အမြတ်ကို ထိန်းသိမ်းရာတွင် အရေးကြီး လှုပ်ရှားမှုကို ပြုနေသည့် နိုင်ငံ ဖြစ်သည့်အတွက်ကြောင့် အပြည့်အဝ ထောက်ခံ အားပေး ရသည်ဟု ပြောကြားခဲ့ပါတယ်။


မဲဟ်သတင်းဌာန ၏ သတင်း အထောက်အထား အရ အမေရိကန် အိမ်ဖြူတော် ဆိုက်ဒ် မှ ထုတ်ပြန်ချက်သတင်းကို ကိုးကားပြီး အမေရိကန် နိုင်ငံ အိမ်ဖြူတော် ၏ ပြောရေး ဆိုခွင့် ရှိသူမှ ယီမင်နိုင်ငံ ဆိုင်ရာ တိုက်ခိုက်မှု စစ်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ဆော်ဒီ အာရေဗျ ဘက်မှ ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီ အာရေဗျ သည် အမေရိကန် နိုင်ငံ ၏ အရေးကြီး မဟာမိတ် နိုင်ငံများ မှ တစ်နိုင်ငံ ဖြစ်ပြီး အမေရိကန် နိုင်ငံ အကျိုး အမြတ်ကို ထိန်းသိမ်းရာတွင် အရေးကြီး လှုပ်ရှားမှုကို ပြုနေသည့် နိုင်ငံ ဖြစ်သည့်အတွက်ကြောင့် အပြည့်အဝ ထောက်ခံ အားပေး ရသည်ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံ အနေဖြင့် အမြဲ ဟစ်အော်နေသည့် လူအခွင့်ရေး ကို မေ့ထားပြီး ယီမင် နိုင်ငံ အပေါ် ဆော်ဒီများ၏ မညာမတာ ရက်ရက်စက်စက် ဗုံးကျဲတိုက်ခိုက်နေမှုကို မျက်နှာ လွဲထားပါတယ်။ ထိုအပြင် အားပေးအားမြောက်ပါ ပြုပြီး ဆော်ဒီ နှင့် အတူ ရှိကြောင်း အရှက်မဲ့စွာ ထုတ်ပြန် ကြေညာ လိုက်ပါသေးတယ်။

ရှိုင်တွန် အကြီးစား အမေရိကန်အနေဖြင့် ဆော်ဒီ အာရေဗျ နှင့် ယီမင် နယ်စပ်တွင် ယီမင် စစ်တပ်၏ တိုက်ခိုက်မှု သည် အလွန် စိုးရိမ်ရကြောင်း ပါ အရှက်မရှိ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာရပ် သတင်းဌာနများ၏ သတင်း အထောက်အထား အရ ဆော်ဒီ ၏ မွတ်စလင်မ်အချင်းချင်း လူမဆန်စွာ ရက်စက်စွာ ယီမင် နိုင်ငံ အပေါ် ဗုံးကျဲတိုက်ခိုက် မှု ကြောင့် အပြစ်မဲ့ ပြည်သူများ နှင့် စစ်သား ၁၀၀၀၀ ခန့် ရှဟီးဒ် ဖြစ်ခဲ့ပြီး ၂၀၀၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။ ရှဟီးဒ် ဖြစ်သူများ နှင့် ဒဏ်ရာရသူများတွင် အမျိုးသမီးများ နှင့် ကလေးငယ်များ ၏ အရေအတွက်မှာ အမြောက်အများ ပါဝင်နေကြောင်း ကိုလည်း သိခဲ့ရပါတယ်။

ဆော်ဒီ ဘက်မှ လူမဆန်စွာ ယီမင်အပေါ် ရက်စက်စွာ တိုက်ခိုက်နေမှု ၊ အစ္စရေးဘက်မှ လူမဆန်စွာ ပါးလက်စတိုင်းများအပေါ်တိုက်ခိုက်နေမှု တွင် အမေရိကန် အမြဲ အားပေး အားမြှောက်အဖြစ် ပါဝင်နေပါတယ်။

သို့သော် ဝမ်းနည်းလေစွ … ဆော်ဒီ အနေဖြင့် မိမိတို့ နှင့်အမျိုးတူ မွတ်စလင်မ် အများစု နေထိုင်သည့် ပါလက်စတိုင်းကို ပင် ရဟူဒီ အစ္စရေး လက်မှ လွတ်အောင်မကြိုးပမ်းပဲ အခြား မွတ်စလင်မ် နိုင်ငံဖြစ်သည့် ယီမင်နိုင်ငံ ကို အမျိုးပြုတ် တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။

အလ္လာဟ်ဟို အရှင်မြတ် သခင် ဆော်ဒီ နှင့် ဆော်ဒီ အလိုရှိ မွတ်စလင်မ် များ အားလုံးကို ဟေဒါယသ် ပေးသနားတော်မူပါစေ။

============================

251/End