အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ကြာသပတေးနေ့

၁ စက်တင်ဘာ ၂၀၁၆

၀၆:၀၀:၁၆
776070

မန္တလေးရှိ အလုံပိတ်ဆိုင်လေးဆိုင်ကို ဒဏ်ငွေ ကျပ်လေးသိန်းစီ ချမှတ်ပိတ်သိမ်း

သမီးရည်းစားစုံတွဲများ လာရောက်လေ့ရှိသည့် မန္တလေး မြို့မှ အလုံပိတ်ဆိုင်လေးဆိုင်ကို ဒဏ်ငွေကျပ်လေးသိန်းစီ ဒဏ်ရိုက်ကာ ပိတ်သိမ်းစေခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိ သည်။


ဒဏ်ငွေချမှတ်ပိတ်သိမ်းခံရသော မန္တလေးအနှိပ်တော်ရပ်ကွက်ရှိ အလုံပိတ်ဆိုင်များ (ဓာတ်ပုံ-MCDC)


သမီးရည်းစားစုံတွဲများ လာရောက်လေ့ရှိသည့် မန္တလေး မြို့မှ အလုံပိတ်ဆိုင်လေးဆိုင်ကို ဒဏ်ငွေကျပ်လေးသိန်းစီ ဒဏ်ရိုက်ကာ ပိတ်သိမ်းစေခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိ သည်။

မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် အနှိပ်တော်ရပ်ကွက် ၅၈ လမ်းနှင့် ၅၉ လမ်းကြား၊ ၂၁ လမ်းနှင့် ၂၃ လမ်းကြားတွင် အလုံပိတ်အအေးနှင့် ကော်ဖီဆိုင်များ ဖွင့်လှစ်ထားကြောင်း သတင်းရရှိ ၍ သြဂုတ် ၃၁ ရက် နံနက် ၉ နာရီခွဲက စည်ပင်သာယာရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများဖြင့် သွားရောက်စစ်ဆေးရာ Cupid၊ ထူးခြား၊ Caf 58 ၊ ဆုံနေကျ အစရှိသည့် ကော်ဖီနှင့် အအေးဆိုင် အမည်ခံ အလုံပိတ်ဆိုင်များကို စစ်ဆေးတွေ့ရှိရကြောင်း စည်ပင်သာယာရဲတပ် ဖွဲ့ (မန္တလေး)မှ တပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအောင်က ပြောကြားသည်။ အဆိုပါ  ဆိုင်များသည် မူလ အိမ်ရှင်ထံမှ ငှားရမ်းဖွင့်လှစ်ခြင်း ဖြစ်ပြီး ဆိုင်လေးဆိုင်အနက် နှစ် ဆိုင်မှာ ပိုင်ရှင်တစ်ဦးတည်းဖြစ် ကြောင်း၊ မန္တလေးမြို့တော်စည် ပင်သာယာရေးဥပဒေပုဒ်မ ၁၀၄ (စ) အရ လူနေအိမ်တွင် ခွင့်မပြု သည့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုရန် တားမြစ်ထားပြီး ဖြစ်၍ လိုက်နာမှုမရှိခြင်းကြောင့် စည်ပင်သာယာဥပဒေပုဒ်မ ၁၁၈အရ တရားစွဲဆိုခဲ့ကာ စည်ပင်သာယာအထူး တရားရုံးက တစ်ဆိုင်လျှင် ကျပ်လေးသိန်းစီ ဒဏ်ရိုက်ကာ ဆိုင်များကို ပိတ်သိမ်းစေခဲ့ ကြောင်း တပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းအောင်က ပြောသည်။

ဆိုင်လေးဆိုင်သည် တိုက် ထဲတွင် အခန်းငယ်များဖွဲ့ကာ နာရီအလိုက်ငှားစားခြင်း၊ အိမ် ဝင်းထဲတွင် အလုံပိတ်တဲအိမ်များ ဆောက်လုပ်ငှားစားခြင်း၊ အခန်းအချို့တွင် ခြောက်လက်မထုမွေ့ရာနှင့် တီဗီများလည်း ပါရှိသည်ဟု သွားရောက်စစ်ဆေးခဲ့သူများက ပြောသည်။

‘‘ကျောင်းသား၊ ကျောင်းသူ တွေ၊ လူငယ်တွေ လမ်းမှားရောက်စေနိုင်တယ်။ အကျင့်စာရိတ္တတွေ ပျက်ပြားစေနိုင်တယ်။ ယဉ်ကျေး မှုအရလည်း မသင့်တော်ဘူး။ ထိ ထိရောက်ရောက် အရေးယူသွား မယ်။ နောက်ထပ် ဆိုင်တွေကို လည်း စောင့်ကြည့် လိုက်စစ်တာ မျိုးတွေ လုပ်သွားမယ်။ စဉ်ဆက် မပြတ် အရေးယူမယ်’’ဟု ရဲမှူး ငြိမ်းချမ်းအောင်က ပြောကြား သည်။

စည်ပင်သာယာဥပဒေပုဒ်မ ၁၁၈ အရ ပြစ်ဒဏ်မှာ ငွေဒဏ် ဆိုလျှင် အနည်းဆုံးကျပ် လေး သောင်းမှ အများဆုံးကျပ် လေး သိန်းအထိ ဖြစ်ပြီး ထောင်ဒဏ်မှာ ခြောက်လအထိဖြစ်ကာ ငွေဒဏ် ရောထောင်ဒဏ်ပါ ပူးတွဲချမှတ် ခြင်းခံရနိုင်ကြောင်း၊ ယခုဆိုင်လေးဆိုင်ကို အမြင့်ဆုံး ငွေဒဏ် ရိုက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံကျူးလွန် ပါက ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း စည်ပင်သာယာရဲ တပ်ဖွဲ့တာဝန်ရှိသူနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီတွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းတို့က ပြောကြားသည်။ ယခု နှစ်လယ်ကလည်း မန္တလေး ကန်တော်ကြီးအနီးရှိ အလုံပိတ် အအေးဆိုင်ခြောက်ဆိုင်ကို ပိတ်သိမ်း အရေးယူခဲ့ဖူးသည်။

=====================
251/End