အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
အင်္ဂါနေ့

၆ စက်တင်ဘာ ၂၀၁၆

၁၆:၄၀:၄၈
777291

ဆဲဆိုခဲ့သည့် ဖိလစ်ပိုင်သမ္မတနှင့် တွေ့ဆုံမည့်အစီအစဉ်ကို အိုဘားမား ဖျက်

ဖိလစ်ပိုင်သမ္မတက အမေရိကန်သမ္မတ အိုဘားမားကို ရိုင်းရိုင်းပြပြ ဆဲဆိုခဲ့လို့ လာအိုမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ သူတို့ ၂ ဦး တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို သမ္မတအိုဘားမားဘက်က ဖျက်လိုက်ပါတယ်။ သမ္မတ ဒူတာတေရဲ့ နိုင်ငံတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ၂ ဦး တွေ့ဆုံချိန်မှာ ဆွေးနွေးမယ်လို့ အိုဘားမားက ပြောဆိုခဲ့တာပါ။



ဖိလစ်ပိုင်သမ္မတက အမေရိကန်သမ္မတ အိုဘားမားကို ရိုင်းရိုင်းပြပြ ဆဲဆိုခဲ့လို့ လာအိုမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ သူတို့ ၂ ဦး တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို သမ္မတအိုဘားမားဘက်က ဖျက်လိုက်ပါတယ်။

သမ္မတ ဒူတာတေရဲ့ နိုင်ငံတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ၂ ဦး တွေ့ဆုံချိန်မှာ ဆွေးနွေးမယ်လို့ အိုဘားမားက ပြောဆိုခဲ့တာပါ။

သမ္မတ ဒူတာတေက သူ့ကို အဲ့ဒီကိစ္စ ဆွေးနွေးလာရင် ဆဲဆိုမယ်လို့ လာအိုနိုင်ငံကို မထွက်ခွာခင် ပြောဆိုခဲ့တာပါ။

အခုတော့ အိုဘားမားက ဖိလစ်ပိုင်သမ္မတနဲ့ တွေ့ဆုံမယ့်အစား တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံမယ်လို့ သမ္မတအိုဘားမားရဲ့ အနီးကပ်အကြံပေးတွေက ပြောဆိုပါတယ်။

သမ္မတဒူတာတေဟာ အခုလို နိုင်ငံ့ခေါင်းဆောင်တွေကို ရိုင်းရိုင်းပြပြ ဆဲဆိုတိုင်းထွာတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

အခု သမ္မတအိုဘားမားကို ဆဲဆိုခဲ့သလို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုလည်း အရင်က ဆဲဆိုခဲ့ဖူးပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကိုတော့ အရူးလို့ ပြောဆိုခဲ့ဖူးသလို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကိုလည်း ဆဲဆိုခဲ့ဖူးပါတယ်။
===================    
251 / End