အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၁၄ စက်တင်ဘာ ၂၀၁၆

၁၉:၀၅:၄၈
779091

အိုဘားမား၏ မပြီးပြတ်သေးသော အာရှလုပ်ငန်းစဉ်

သမ္မတအိုဘားမား၏ အာရှ သို့ (၁၁)ကြိမ်မြောက်ခရီးစဉ်အ တွက် လာအိုနိုင်ငံက အခွင့်အခါကောင်း ဖန်တီး ပေးခဲ့ပါသည်။ အမေရိကန်သမ္မတတစ်ဦး၏ လာအိုသို့ ပထမဆုံး ခရီးစဉ်တွင် ဗီယက်နမ်စစ်ပွဲ အတွင်း အမေရိကန် နိုင်ငံ၏ ဗုံးကြဲမှုများကြောင့် ဖြစ် ပေါ်ခဲ့သော ကြီးမားသည့် အပျက် အစီးများနှင့် မပေါက်ကွဲသေးသော ဗုံးဆန်သန်းပေါင်းများစွာ လာအို နိုင်ငံ၌ ကျန်ရှိနေခဲ့ခြင်းအတွက် အမေရိကန်က အသိအမှတ်ပြုခဲ့ ပါသည်။ လာအိုသို့ လည်ပတ်မှုနှင့် အာရှခရီးစဉ်မှာ အာရှဒေသမှ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုခိုင်မာ ရေး အိုဘားမား၏ ကျယ်ပြန့်သော ကြိုးပမ်းမှုများ၏ နောက်ဆုံးဖြစ် သည်။



သမ္မတအိုဘားမား၏ အာရှ သို့ (၁၁)ကြိမ်မြောက်ခရီးစဉ်အ တွက် လာအိုနိုင်ငံက အခွင့်အခါကောင်း ဖန်တီး ပေးခဲ့ပါသည်။ အမေရိကန်သမ္မတတစ်ဦး၏ လာအိုသို့ ပထမဆုံး ခရီးစဉ်တွင် ဗီယက်နမ်စစ်ပွဲ အတွင်း အမေရိကန်
နိုင်ငံ၏ ဗုံးကြဲမှုများကြောင့် ဖြစ် ပေါ်ခဲ့သော ကြီးမားသည့် အပျက် အစီးများနှင့် မပေါက်ကွဲသေးသော ဗုံးဆန်သန်းပေါင်းများစွာ လာအို နိုင်ငံ၌ ကျန်ရှိနေခဲ့ခြင်းအတွက် အမေရိကန်က အသိအမှတ်ပြုခဲ့ ပါသည်။ လာအိုသို့ လည်ပတ်မှုနှင့် အာရှခရီးစဉ်မှာ အာရှဒေသမှ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုခိုင်မာ ရေး အိုဘားမား၏ ကျယ်ပြန့်သော ကြိုးပမ်းမှုများ၏ နောက်ဆုံးဖြစ် သည်။


မစ္စတာအိုဘားမား၏ အာရှ မူဝါဒတွင် မပြီးပြတ်သေးသော လုပ်ငန်းအများအပြား ကျန်ရှိပါ သည်။ ယင်းတွင် ဝါရှင်တန်၌ လိပ် ခဲတည်းလည်း ဖြစ်နေပုံရသော နိုင်ငံ ၁၂ နိုင်ငံပါ ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ရေး သဘောတူညီချက် ကိစ္စရပ်ပါဝင်ပြီး သူနှင့် အခြား ကမ္ဘာ့ခေါင်းဆောင်များ ရပ်တန့် ရန် ပျက်ကွက်ခဲ့သော ပိုမိုကျယ် ပြန့်လာသည့် မြောက်ကိုရီးယား နျူကလီးယားအရေးလည်း ပါဝင် ပါသည်။

သို့သော် အိုဘားမားသည် အာရှနိုင်ငံများအား ယုံကြည်ချက် ပေးရာတွင်မူ ထဲထဲဝင်ဝင် လမ်း ဖောက်ခဲ့ပါသည်။ ယင်းတွင် ဆယ်စုနှစ်များစွာ အမေရိကန်က လုပ်ဆောင်ခဲ့သလို အာရှတွင် တည်ငြိမ်မှုပေးသော အင်အားစုအဖြစ် ရပ်တည်ရေး အမေရိကန်၏ ရည်ရွယ်ချက်နှင့် တရုတ်နိုင်ငံ၏ ကြီးထွားလာသော အင်အားနှင့် အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင်း တွန်းတွန်းတိုက်တိုက် ပြောဆိုလာမှုများ ကို တန်ပြန်ရေးအင်အားစုအဖြစ် ထပ်ဆောင်းရေးကိစ္စရပ်များ ပါဝင်ပါသည်။

လာအိုနိုင်ငံနှင့် ကဏ္ဍသစ် ဖွင့်လှစ်ခြင်းအပြင် မြန်မာနိုင်ငံမှ စစ်အာဏာရှင်ဟောင်းများက ဒီမို ကရေစီစနစ်ဆီသို့ လျှောက်လှမ်း ရန် သဘောတူညီခဲ့စဉ်က ယင်း နိုင်ငံနှင့်လည်း ဆက်ဆံရေးထူ ထောင်ခဲ့ပါသည်။ ဆက်ဆံရေးများ တိုးချဲ့ခဲ့ပြီး ဗီယက်နမ်နိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း ကိုလည်း ဖယ်ရှားခဲ့သည်။ အမေ ရိကန်တပ်ဖွဲ့များအတွက် စစ်အ ခြေစိုက်စခန်းများကိစ္စ သဘောတူ ညီချက်အသစ်များအား ဖိလစ်ပိုင်၊ ဩစတြေးလျနိုင်ငံတို့နှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည်။

ကလင်တန်နှင့် ဘုရှ်အစိုးရ များ ကြိုးပမ်းခဲ့သမျှကို ဆက်လက် တည်ဆောက်ရင်း မစ္စတာအိုဘား မားလက်ထက်တွင် အိန္ဒိယ-အမေရိကန်ဆက်ဆံရေးကို ပူးပေါင်း ဆောင်ရွက်မှု အဆင်သစ်တစ်ရပ် ဆီဆွဲတင်နိုင်ခဲ့ပြီး ပြီးခဲ့သည့် လက နှစ်နိုင်ငံကြား သဘောတူညီခဲ့ သော ကာကွယ်ရေးသဘောတူညီ ချက်မှာ သက်သေဖြစ်သည်။ နှစ် နိုင်ငံကြား ယင်းသဘောတူညီချက် ရရန် ဆွေးနွေးညှိနှိုင်းနေခဲ့သည် မှာ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်သည်။

အမေရိကန်က အဆိုပါအာရှ နိုင်ငံအများစုနှင့် စစ်ရေးလေ့ကျင့် မှုများကို ကျယ်ကျယ်ပြန့်ပြန့်တိုး ချဲ့သလို လက်နက်ရောင်းချမှုများ ကိုလည်း တိုးမြှင့်ခဲ့သည်။ ယင်း တွင် ဒုံးကျည်ကာကွယ်ရေးစနစ် တစ်ခုအား တောင်ကိုရီးယားသို့
ရောင်းချခြင်းနှင့် အမေရိကန်လက် နက်များကို အိန္ဒိယက အမြောက် အမြားဝယ်ယူလာခြင်းလည်း ပါဝင်သည်။

ထိုလုပ်ငန်းစဉ်များအားလုံး တွင် ခက်ခဲသော သံတမန်ရေး ကြိုးပမ်းမှုများ ပါဝင်ပါသည်။ သို့ သော် ယင်းနိုင်ငံများအားလုံးကို အမေရိကန်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးဆီသို့ တွန်းပို့သော မောင်းနှင်အားမှာ တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည်ကြီးထွားလာမှုနှင့် ကျောက်ဆောင်၊ ကျောက်တန်း များကို လူလုပ်ကျွန်းများအဖြစ် ပြောင်းလဲကာ လေယာဉ်ပြေးလမ်း များ စစ်ရေးအဆောက်အအုံများ ထားရှိ၍ တောင်တရုတ်ပင်လယ် ပြင်ဒေသအများစုကို မိမိတို့၏ ကိုယ်ပိုင်အဖြစ် ပြောဆိုသော တရုတ်တို့၏ ပြောင်ပြောင်တင်း တင်း ကြိုးပမ်းမှုများကြောင့်ဖြစ် သည်။

အိုဘားမား သမ္မတတာဝန် စတင်တာဝန်ယူခဲ့ချိန်က ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို တရုတ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး မျှော်လင့်ခဲ့သည်။ ၂၀၁၁ အရောက်တွင်မူ တရုတ်နိုင်ငံ၏ ပို၍တွန်း တွန်းတိုက်တိုက်ဆန်လာသော ပုံစံနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေး အနာဂတ်မှာ အာရှဒေသတွင် တည်ရှိနေသည်ဟူသော ယုံကြည်ချက်မှနေ၍ အခြားအာရှနိုင်ငံများ နှင့် ထိတွေ့ဆက်ဆံမှုများကို ပိုမို တိုးမြှင့်ရေး အစီအစဉ်များကို အိုဘားမားအစိုးရက
ကြေညာခဲ့ သည်။

တောင်တရုတ်ပင်လယ် တင်းမာမှုများ မြင့်တက်လာချိန်တွင် အဆိုပါ မဟာဗျူဟာမြောက် ရေ လမ်းကြောင်းသို့ စစ်သင်္ဘောများ စေလွှတ်၍ လွတ်လပ်စွာ ရေ ကြောင်းသွားလာခွင့်အပေါ် အမေ ရိကန်၏ သန္နိဋ္ဌာန်ကို ကာကွယ် ရေး အိုဘားမားအစိုးရက ထိန်း ထိန်းသိမ်းသိမ်း အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် ပိုင်ဆိုင်မှုအကြောင်း ပြောဆိုနေ သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်အပါ အဝင် အခြားနိုင်ငံများနှင့် တရုတ် နိုင်ငံတို့ကို ငြိမ်းချမ်းစွာ အဖြေရှာ ဖွေလုပ်ဆောင်ကြရန် အမေရိကန် က တိုက်တွန်းခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ လှုံ့ဆော်ရန်စမှုများ မှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ် သည်။

အကျိုးစီးပွားများ ပေါင်းစုံ လာသော အခြေအနေများတွင်မူ တရုတ်နှင့် အမေရိကန်နိုင်ငံတို့က အရေးပါသော ဖြည့်ဆည်းမှုများ လုပ်ဆောင်ခဲ့ကြပါသည်။ ၂၀၁၅ က အီရန်နျူကလီးယားသဘော တူညီချက်အတွက် အတူတကွ လုပ်ဆောင်ခဲ့ကြပြီး ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘော တူညီချက်ကို တရားဝင်ကတိက ဝတ်ပြုခြင်းတို့ဖြစ်သည်။

သမ္မတရာထူးမှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် မြောက်ကိုရီး ယားထံမှ ခြိမ်းခြောက်မှုကို အဆုံး သတ်ရေး မျှော်လင့်ချက်မရှိ သလောက်ပင် ဖြစ်ပါသည်။ ယခု ဆိုလျှင် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ၂၁ ခု အထိ ထုတ်လုပ်နိုင်သော နျူ ပစ္စည်းများကို ပိုင်ဆိုင်ထားပြီဟု ခန့်မှန်းကြသည်။ ယမန်နေ့ကပင် မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့ ၏ ပဉ္စမမြောက်နှင့် အကြီးမားဆုံး နျူကလီးယားစမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။

 မြောက်ကိုရီးယားနိုင်ငံအ တွက် စားနပ်ရိက္ခာနှင့် လောင်စာ အဓိကထောက်ပံ့ပေးနေသူ တရုတ်နိုင်ငံကမူ ထူးခြားမှုဖြစ်စေမည့် ဖိအားမျိုးပေးရန် ငြင်းဆိုနေပါ သည်။ မစ္စတာအိုဘားမား၏ မူဝါဒအပေါ် အခြားစိုးရိမ်ပူပန်မှုများ လည်း ရှိပါသည်။ ယင်းတွင် တရုတ်နိုင်ငံနှင့် လာအိုတွင် လူ့ အခွင့်အရေးကိစ္စ ပေါ်ပေါ်ထင် ထင် မပြောခြင်းနှင့် အာရှသို့ လက်နက်များ ပိုမိုရောင်းချရန် ၎င်း၏ စိတ်အားထက်သန်မှုဖြစ်သည်။ ယင်းမှနေ၍ လက်နက်အပြိုင်အ ဆိုင်တပ်ဆင်မှုဖြစ်နိုင်သော အန္တ ရာယ်ရှိပါသည်။

အိုဘားမားနှင့် အာရှခေါင်း ဆောင်အများစုက ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ရေးသဘောတူညီချက် (TPP)မှာ အခြားအဖွဲ့ဝင်နိုင်ငံများ နှင့် နက်ရှိုင်းသော စီးပွားရေးဆက် ဆံမှုများ ထူထောင်နိုင်ပြီး အိုဘားမား အာရှမူဝါဒ၏ အဓိက
အစိတ်အပိုင်းဟု ယုံကြည်ကြပါသည်။

သမ္မတဟောင်းနှစ်ဦးစလုံး နှင့် လွှတ်တော်အမတ်အများအ ပြား၏ ဆန့်ကျင်မှုများရှိနေသော် လည်း အိုဘားမား၏ TPP သဘောတူညီချက်အား အတည်ပြုရန် သွေးဆောင် စည်းရုံးနိုင်မည်ဟု အစိုးရအရာရှိများက ယုံကြည်ကြ ပါသည်။

TPP သဘောတူညီချက် အ တည်ဖြစ်လာသည်ဖြစ်စေ၊ မဖြစ် စေ တောင်တရုတ်ပင်လယ်ဒေသ ၌ တရုတ်နိုင်ငံ၏ တွန်းတွန်းတိုက် တိုက် လုပ်ရပ်များမှာ ယင်းဒေသ ၏ အနာဂတ်ကို တိုးတက်လွှမ်းမိုး လာပါလိမ့်မည်။ ယင်းနှင့်
အတူ မစ္စတာ အိုဘားမားကို ဆက်ခံသူက စီမံခန့်ခွဲရေး အတွက်လည်း ရှုပ်ထွေးသော စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါလိမ့်မည်။
===================
251 / End