အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ရဲ့ ဘောလုံးအဆင့် သတ်မှတ်ချက်အရ မြန်မာ့ဘောလုံးအဆင့်အတန်းဟာ အရင်လကထက် အဆင့် ၆ ဆင့် ထပ်တိုးလာပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အဆင့် ၁၆၁၊ ဇူလိုင်မှာ အဆင့် ၁၆၀၊ သြဂုတ်မှာ ၁၅၉ နေရာရှိနေရာက ခု စက်တင်ဘာလမှာတော့ အဆင့် ၁၅၃ ထိ ဆက်တိုက်ထပ်တိုးလာခဲ့တာပါ။
အာဆီယံအသင်းတွေထဲမှာ ဖိလစ်ပိုင်က ၉ ဆင့်တက်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၂၅ နဲ့ ထိပ်ဆုံးမှာရှိနေပြီး ထိုင်းက ၁၅ ဆင့်ကျပြီး အဆင့် ၁၃၅၊ ဗီယက်နမ်က ၃ ဆင့်ကျပြီး ၁၄၁၊ စင်ကာပူကတော့ ၄ ဆင့်တက်ပြီး ၁၅၅၊ မလေးရှားက ၉ ဆင့်တက်ပြီး ၁၅၈၊ လာအိုက တဆင့်တက်ပြီး ၁၇၆၊ ကမ္ဘောဒီးယားက ၇ ဆင့်တက်ပြီး ၁၇၃ နဲ့ အင်ဒိုနီးရှားက ၁၀ ဆင့်တက်ပြီး ၁၈၁ မှာ အသီးသီး ရပ်တည်နေပါတယ်။
ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာမှာတော့ အာဂျင်တီးနား၊ အဆင့် ၂ ဘယ်လ်ဂျီယံ၊ အဆင့် ၃ ဂျာမနီ၊ အဆင့် ၄ ကိုလံဘီယာနဲ့ ဘရာဇီး စသဖြင့် အစဉ်လိုက် အသီးသီးရပ်တည်နေပါတယ်။
============================
251/End
၁၅ စက်တင်ဘာ ၂၀၁၆ - ၁၉:၀၉
News ID: 779318

ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ရဲ့ ဘောလုံးအဆင့် သတ်မှတ်ချက်အရ မြန်မာ့ဘောလုံးအဆင့်အတန်းဟာ အရင်လကထက် အဆင့် ၆ ဆင့် ထပ်တိုးလာပါတယ်။