အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္ဂနွေနေ့

၁၈ စက်တင်ဘာ ၂၀၁၆

၁၆:၃၇:၄၄
779910

နယူးယောက်မြို့တွင် ပေါက်ကွဲမှုဖြစ်၍ ၂၉ ဦးဒဏ်ရာရ

နယူးယောက်၊ စက်တင်ဘာ ၁၈ ။ ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ချယ်စီးအရပ်တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ အနည်းဆုံး လူ ၂၉ ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ စက်တင်ဘာ ၁၇ ရက်နှောင်းပိုင်းက ဖြစ်ပွားသည့် ယင်းပေါက်ကွဲမှုဖြစ်စေသည့် အကြောင်းရင်းအား မသိရသေးပေ။ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီရိုက မတော်တဆပေါက်ကွဲ မဟုတ်ပဲ တမင်ဖောက်ခွဲသည့် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ကြောင်း ပြောသော်လည်း အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ခြင်း ရှိမရှိကို မသိရသေးပေ။


နယူးယောက်၊ စက်တင်ဘာ ၁၈ ။    ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ချယ်စီးအရပ်တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ အနည်းဆုံး လူ ၂၉ ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

စက်တင်ဘာ ၁၇ ရက်နှောင်းပိုင်းက ဖြစ်ပွားသည့် ယင်းပေါက်ကွဲမှုဖြစ်စေသည့် အကြောင်းရင်းအား မသိရသေးပေ။ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီရိုက မတော်တဆပေါက်ကွဲ မဟုတ်ပဲ တမင်ဖောက်ခွဲသည့် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ကြောင်း ပြောသော်လည်း အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ခြင်း ရှိမရှိကို မသိရသေးပေ။

ယခုပေါက်ကွဲမှုနှင့် ယင်းမတိုင်မီ နာရီပိုင်းက အနီးရှိ နယူးဂျာစီ၌လည်း လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ထားရာ အဆိုပါ ပေါက်ကွဲမှု နှစ်ရပ် ဆက်စပ်မှု ရှိသည့် သက်သေမတွေ့ရသေးကြောင်းလည်း ၎င်းက ပြောသည်။

ဒဏ်ရာရသူများမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း မီးသတ်ဌာနက ဆိုသည်။

ယခုနယူးပေါက်ကွဲမှုတွင် ပထမဆုံးပေါက်ကွဲမှုဖြစ်သည့် နေရာနှင့် လမ်းအနည်းအကွာ အနောက် ၂၃ လမ်းတွင်လည်း ဖောက်ခွဲရေးပစ္စည်းဖြစ်နိုင်သည့် ကိရိယာကို တွေ့ရှိရာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲမှူး ဂျိမ်းအိုနေးလ်က ပြောသည်။

ယခု နယူးယောက်မြို့တွင်း ပေါက်ကွဲမှုသည် စက်တင်ဘာ ၁၇ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခြင်းဖြစ်သည်။ မယုံနိုင်လောက်သည့် အသံကြီးဖြင့် ပေါက်ကွဲမှုထဖြစ်ရာသို့ အရပ်ရပ်မှ ရဲများ အပြေးအလွှားရောက်ရှိလာကြကြောင်း မျက်မြင်များက ဆိုသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ အမှိုက်ပုံးတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် အနီးရှိအဆောက်အအုံများမှ မှန်ပြတင်းများ ကွဲကြေပျက်စီးသည်။ ရဲများက ပေါက်ကွဲမှုရာနေရာကို အတားအဆီးများ ချထားသည်။    
==================
251/End