အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၂၁ စက်တင်ဘာ ၂၀၁၆

၁၇:၃၄:၀၃
780540

ဥရောပသမဂ္ဂလွှတ်တော်ဥက္ကဋ္ဌ မာတင်ရှူဇ်နှင့် တွေ့ဆုံခြင်း ‘‘ဒေါ်နယ်ထရန့်ဟာ တစ်ကမ္ဘာလုံးအတွက် ပြဿနာပါ’’

ဥရောပဟာ ခါတိုင်းထက် ပိုနက်ရှိုင်းတဲ့ ဘေးကျပ်နံကျပ်ထဲ ကျဆင်းနေတာနဲ့အတူ ဥရောပ လွှတ်တော်ဥက္ကဋ္ဌ မာတင်ရှူဇ် က လက်ယာယိမ်းလူပြိန်းကြိုက် ၀ါဒ ရှေ့ဆက်ပြန့်ပွားလာမှာကို သတိပေးထားပါတယ်။ SPEIGEL သတင်းဌာနက မားကပ်စ်ဘက် ကာ၊ ဖလိုရီယန်ဂတ်မန်းနဲ့ ရိုလန် နီလ်လက်စ်တို့ သူ့ကိုတွေ့ဆုံမေး မြန်းရာမှာ ဒေါ်နယ်ထရန့်သမ္မတ ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး စိုး ရိမ်ထိတ်လန့်မိတယ်လို့ မစ္စတာ ရှူဇ်က ပြောပါတယ်။


ဥရောပဟာ ခါတိုင်းထက် ပိုနက်ရှိုင်းတဲ့ ဘေးကျပ်နံကျပ်ထဲ ကျဆင်းနေတာနဲ့အတူ ဥရောပ လွှတ်တော်ဥက္ကဋ္ဌ မာတင်ရှူဇ် က လက်ယာယိမ်းလူပြိန်းကြိုက် ၀ါဒ ရှေ့ဆက်ပြန့်ပွားလာမှာကို သတိပေးထားပါတယ်။ SPEIGEL သတင်းဌာနက မားကပ်စ်ဘက် ကာ၊ ဖလိုရီယန်ဂတ်မန်းနဲ့ ရိုလန် နီလ်လက်စ်တို့ သူ့ကိုတွေ့ဆုံမေး မြန်းရာမှာ ဒေါ်နယ်ထရန့်သမ္မတ ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး စိုး ရိမ်ထိတ်လန့်မိတယ်လို့ မစ္စတာ ရှူဇ်က ပြောပါတယ်။

ရှူဇ်ဟာ လက်ရှိအီးယူရဲ့ အ ခြေအနေနဲ့ ပတ်သက်လို့ အရမ်းစိုးရိမ်နေပါတယ်။ ဥရောပရဲ့ အတိတ်က မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်လို့ မစ္စတာ ရှူဇ်က သတိပေးထားပြီးတော့ အခုအချိန်မှာ အဲဒီမကောင်းဆိုးဝါးတွေကို
ဝေးဝေးမှာ ရှိနေအောင် အီးယူကတိုက်ခိုက်ရမယ်လို့ သူက ပြောပါတယ်။

မစ္စတာရှူဇ်ခင်ဗျား ဒီနှစ်ဆန်းပိုင်းက ကျွန်တော်တို့ နောက်ဆုံးလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ ခင်ဗျား က ဥရောပမှာ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒီနေ့ခင်ဗျားရဲ့ အဖြေဖော်ထုတ်မှုက ဘာဖြစ်မ လဲ။

အခြေအနေတွေပိုပြီးတော့ တောင် ဆိုးရွားသွားပါတယ်။ အဓိကကတော့ ဥရောပသမဂ္ဂက ဗြိတိန်ထွက်ခွာဖို့ ဆုံးဖြတ်ချက် ကြောင့် ဖြစ်ပါတယ်။ ဥရောပရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးအင် အားရှိတဲ့ နိုင်ငံ၊ ဂျီ-၇ အဖွဲ့ဝင် နိုင်ငံ၊ ကုလသမဂ္ဂလုံခြုံရေးကောင် စီအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်က အီးယူက ထွက်ချင်တာဟာ ကျွန် တော်တို့ကို အားနည်းစေသလို ဗြိတိန်နိုင်ငံကိုလည်း အားနည်းစေ ပါတယ်။

အဲဒါက အီးယူရဲ့ တစ်ခုတည်း သော ပြဿနာမှ မဟုတ်တာ။

ဒီသမဂ္ဂထဲမှာ အဓိကစီးပွား ရေးဆိုင်ရာ ကွာဟချက်တွေ ကျွန် တော်တို့ ဆက်ကြုံနေရဦးမှာပါ။ လူငယ်ထုအလုပ်လက်မဲ့ဖြစ်နေ တာ များလွန်းနေပါတယ်။ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနေပြီးတော့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အစပျိုးတာ မရှိသေးဘူး။ ပြီးတော့ ပိုလန်နဲ့ ဟန်ဂေရီအစိုးရအဖွဲ့တွေ လက်ကိုင်ပြုနေတဲ့ ပြန်ပြီး နိုင်ငံ ပိုင်လုပ်ရေး မဟာဗျူဟာတွေရှိနေ ပါတယ်။ ဒီအခြေအနေတွေ အား လုံးက ဒီအသိုက်အ၀န်းရဲ့ အနာ ဂတ်ကို ခြိမ်းခြောက်နေ
ပါတယ်။ ကျွန်တော်အရမ်းစိုးရိမ်မိပါတယ်။

ခင်ဗျားဟာ ကျီးလန့်စာစားဖြစ် အောင် လှုံ့ဆော်သူမဟုတ်ဘူးလို့ လူတွေ သိထားကြတယ်နော်။

ကျွန်တော်တို့ဟာ သမိုင်းတွင်မယ့် လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေပါတယ်။ ဥရောပမှာ အရင်ဆယ်စုနှစ်တွေက ရယူနိုင် ခဲ့တဲ့ အရာတွေ မှားတယ်ဆိုပြီး ကြေညာနေတဲ့ လူအရေအတွက် များလာတယ်။ သူတို့က လွတ် လပ်တဲ့ အမျိုးသားနိုင်ငံပြန်ဖြစ်ချင် နေကြတယ်။ တစ်ခါတလေမှာ ကျွန်တော့်အတွက်တော့ ပြီးခဲ့တဲ့ ရာစုနှစ်စစ်ပွဲနှစ်ခုကြားကာလနှစ်  တွေနဲ့ ထင်ထင်ရှားရှားပဲ တူနေတဲ့ သွေးနဲ့ မြေနဲ့ဆိုင်တဲ့ လေလုံးထွား တာတွေရှိတယ်။ အဲဒီမကောင်း ဆိုးဝါးတွေအားလုံးမှာ ကျွန်တော် တို့နဲ့ တရင်းတနှီးရှိနေတုန်းပဲ။ ကျွန်တော်တို့က အဲဒီမကောင်းဆိုးဝါး တွေကို ဥရောပဖွဲ့စည်းပုံက တစ် ဆင့်ထိန်းချုပ်လို့ရခဲ့ပေမယ့် အဲဒီ  ဖွဲ့စည်းပုံတွေကို ကျွန်တော်တို့ ဖျက်ဆီး လိုက်ရင် အဲဒီမကောင်း ဆိုးဝါးတွေ ပြန်လာလိမ့်မယ်။ ဒီ အခြေအနေကို ကျွန်တော်တို့ ဖြစ်ခွင့်ပေးလို့မရဘူး။ ဒီစည်းလုံးမှု ဘယ်လောက်အရေးကြီးလဲဆို တာဟာ ဗြိတိန်ဥရောပသမဂ္ဂက ထွက်ခွာမှု ညှိနှိုင်းတာတွေ စပြီဆို တာနဲ့ မကြာခင်ရှင်းလင်းလာလိမ့် မယ်။ အီးယူနဲ့ ညှိနှိုင်းဖို့အတွက် ဗြိတိန်နိုင်ငံဟာ သူတို့ရဲ့ မဟာ ဗျူဟာကို ဆုံးဖြတ်ပြီးတာနဲ့ ကျွန် တော်တို့ဟာ စည်းလုံးတဲ့ ဗြိတိန် နိုင်ငံရဲ့ အနေအထားတစ်ခုနဲ့ ထိပ် တိုက်တွေ့
လာလိမ့်မယ်။

ဥရောပသမဂ္ဂ နိုင်ငံသားတွေကို လွတ်လွတ်လပ်လပ်သွားလာခွင့် အာမမခံဘဲနဲ့ အီးယူဈေးကွက်ထဲ ကို ဗြိတိန်နိုင်ငံဝင်ရောက်ခွင့်ပေး နိုင်လား။

မပေးနိုင်တာ အသေအချာ ပါပဲ။ အဲဒါဟာ ညှိနှိုင်းလို့မရနိုင်တဲ့ ဥရောပလွှတ်တော်ထဲက ကျွန် တော်တို့အတွက် နောက်ဆုံးစည်း တစ်ခုဖြစ်ပါတယ်။

လစ္စဘွန်းသဘောတူညီချက်ရဲ့ အပိုဒ် (၅၀)အရ ဗြိတိန်ဟာ တရားဝင်ထွက်ခွာဖို့ အကြောင်းရင်းတင် ပြတာမရှိသေးဘူး။ အဲဒါဘယ်အ ချိန်ဖြစ်လာမှာလဲ။

လန်ဒန်မှာရှိတဲ့ အစိုးရအဖွဲ့ ဟာ အီးယူက ဗြိတိန်ထွက်ခွာဖို့ အတွက် အသင့်ရှိတဲ့ အစီအစဉ်ရှိ ခဲ့ပုံမပေါ်ဘူး။ အဲဒါဟာ မထင်မှတ် ဘဲ ဖြစ်လာခဲ့တာ။ ဒါကြောင့်ပဲ    သူတို့ဟာ သူတို့အစီအစဉ်တကျ လုပ်ဖို့ အချိန်နည်းနည်းလိုမယ်
ဆိုတာ ကျွန်တော်နားလည်နိုင်တာ ပေါ့။ ဒါပေမဲ့ ထွက်ခွာဖို့ တောင်းဆိုမှုကို ဒီနှစ်ကုန်မှာတင်ပြမယ် လို့ ကျွန်တော်မျှော်လင့်တယ်။ အဲဒါတင်ပြပြီးတာနဲ့ ၂ နှစ်ကြာမယ် ညှိနှိုင်းမှုတွေစလို့ရပြီ။ လူတွေအပြင် စီးပွားရေးကုမ္ပဏီတွေ အစီအစဉ် ဆွဲလို့ရနိုင်ဖို့လိုတယ်။

အီးယူရဲ့ အနာဂတ်နဲ့ ဆက်စပ်တဲ့ လက်ရှိဆွေးနွေးမှုတွေမှာ ဖြစ်နိုင် ခြေရှိတဲ့ ဥရောပပူးပေါင်းစစ် တပ် တစ်တပ်တည်ထောင်မယ့် ကိစ္စ လည်းပါပါတယ်။ ဒီကိစ္စနဲ့ ပတ် သက်လို့ ခင်ဗျားဘာတွေတွေး ထားပါလဲ။

ကျွန်တော်တို့ ပြည်တွင်းနဲ့ နိုင်ငံခြားလုံခြုံရေး နှစ်ခုလုံးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ဖို့ လိုတာအသေအချာပါပဲ။ ဒါပေမဲ့ ပူးပေါင်းဥရောပစစ်တပ်တစ် တပ်တည်ထောင်ဖို့ဆိုတာဟာ အလှမ်းဝေးလွန်းတဲ့ အဆိုပြုမှု တစ်ခုပဲဖြစ်ပါတယ်။ အကောင်အ ထည်ဖော်ဖို့လည်း ခက်ခဲပါလိမ့် မယ်။ ဒါပေမဲ့လည်း အဲဒီလိုအစ ပျိုးမှုတွေဟာ လိုအပ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဟုတ်တယ်၊ ငါတို့အတူနေချင် တယ်ဆိုတာကို ပြသတဲ့ အီးယူရဲ့ ရေရှည်ရည်မှန်းချက်တွေ ဖော် ထုတ်ဖို့ လိုပါတယ်။

အခုထိဥရောပကို တစ်စစီဆွဲထုတ် နေတဲ့ အင်အားဟာ ကြီးမားပါ တယ်။ ဟန်ဂေရီကို အီးယူကနေ ထုတ်ပစ်ဖို့အတွက် လူဇင်ဘတ် နိုင်ငံခြားရေးဝန်ကြီး ဂျန်အက် ဆဲလ်ဘွန်းက မကြာခင်က တိုက် တွန်းခဲ့ပါတယ်။ သူမှန်ပါသလား။

အဲဒီလိုဖော်ထုတ်မှုတွေအ တွက် ကျွန်တော်ပဓာနမထားဘူး။ ခုလောလောဆယ်မှာ ကျွန်တော် တို့ဟာ ဒီအဖွဲ့ကို အတူတကွ ဆက်ရှိနေအောင် လုပ်ဖို့လိုတယ်။ နေ့တိုင်းရန်စမှုအသစ်တွေ မလုပ် ဖို့ လိုတယ်။ ဥပမာ ဒုက္ခသည်ကိစ္စ ကို စုပေါင်းချဉ်းကပ်ဖို့ ကိစ္စကနေ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က အားလုံးကို ဆွဲထုတ် နေတဲ့အချက်ကိုလည်း ကျွန်တော် အပြစ်မြင်နေတုန်းပဲ။ သူဟာ အီး ယူမှာရှိတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပုတ်ခတ်ဝေဖန်လို့ မရဘူး။ ကျွန်တော်တို့တစ်ယောက် ကို တစ်ယောက် အဲဒီလိုမဆက်ဆံ ဘူး။ ကျွန်တော်တို့ ဖွဲ့စည်းတည် ဆောက်မှု ရန်ပုံငွေစိုက်ထူတာ တွေလိုပဲ ဒုက္ခသည်မူဝါဒတွေ ချ မှတ်ရာမှာ စည်းလုံးဖို့လိုတယ်။ ဒီလိုရန်ပုံငွေစိုက်ထူတာကနေ ဟန်ဂေရီလို နိုင်ငံမျိုးတွေဟာ နှစ် တွေအများကြီးအကျိုးအမြတ်ရခဲ့ ကြတယ်။

အဲဒါဆိုဟန်ဂေရီလိုနိုင်ငံမျိုးတွေ အပေါ်မှာ ခင်ဗျားဘဏ္ဍာရေး ဖိအားပေးချင်တယ်ဆိုတဲ့ သဘောလား။

တခြားလူတွေကို စည်းလုံး ကြပါလို့ တိုက်တွန်းပြီး ကိုယ်တိုင် စည်းလုံးမှုမပြသလို့ မရဘူး။ အီး ယူရဲ့ ဘတ်ဂျက်လုပ်ငန်းစဉ် ပြောင်းလဲမှုတွေ မကြာခင်စပြီး ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ဒုက္ခ သည်ပြဿနာမှာ စည်းလုံးမှုရှိ ကြောင်း
ပြသခဲ့တဲ့ နိုင်ငံတွေကို ဘဏ္ဍာရေးအထောက်အပံ့တွေ ပိုပြီး ပေးသင့်သလားဆိုတာ လွှတ်တော်မှာ ဆွေးနွေးလာမှာ အသေ အချာပဲဖြစ်ပါတယ်။

ဂျာမနီအတွက် တခြားရွေးချယ် စရာလို့ခေါ်တဲ့ AFD ပါတီကို လက်ယာယိမ်းလူပြိန်းကြိုက်တွေ ဟာ ဥရောပမှာပဲ ထွက်ပေါ်လာ တာ မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံမှာ လက်ယာယိမ်းလူပုဂ္ဂိုလ် တစ်ယောက်ဟာ သမ္မတတောင် ဖြစ်လာနိုင်ပါတယ်။ ဒေါ်နယ်ထ ရန့်သာ အိမ်ဖြူတော်ကို ရောက် သွားခဲ့မယ်ဆိုရင် အီးယူအတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်လာမလဲ။

ထရန့်က အီးယူအတွက်ပဲ ပြဿနာမဟုတ်ပါဘူး။ တစ်ကမ္ဘာ လုံးအတွက်လည်း ပြဿနာရှိပါ တယ်။ ဘာမှမသိတဲ့ အကြောင်း ကို ကြွားဝါနေတဲ့ လူတစ်ယောက်၊ ပြီးတော့ အထူးကျွမ်းကျင်တဲ့ ပညာဟာ ထိပ်တန်းပေါက်တတ်ကရလို့
ပြောတဲ့ လူတစ်ယောက် အိမ်ဖြူ တော်ကို ရောက်သွားရင်တော့ အ ရေးကြီးတဲ့အခြေအနေကို ရောက် သွားပြီပေါ့။ အဲဒီလိုဆိုရင် အဆုံး  စွန်တာဝန်ယူမှုလိုအပ်တဲ့ ရာထူး နေရာတစ်ခုကို ရောက်နေတဲ့ တာ ၀န်မကျေတာ သိသာထင်ရှားတဲ့ လူတစ်ယောက်ကို တွေ့ရတော့ မှာပေါ့။ သူ့ရဲ့ အပြုအမူတွေကို ဥရောပမှာလည်း လူတွေအား ကျပြီး လိုက်လုပ်မှာကို ကျွန်တော် စိုးရိမ်မိတယ်။ ဒါကြောင့်ပဲ ဟီ လာရီကလင်တန်အနိုင်ရဖို့ ကျွန် တော်မျှော်လင့်နေတာပါ။ အဲဒီစကားတွေဟာ ထိပ်တန်း ဥရောပ နိုင်ငံရေးသမားတစ် ယောက်ဆီက အရမ်းအံ့သြစရာကောင်းတဲ့ ရှင်းလင်းတဲ့ စကားတွေဖြစ်ပါတယ်။ ဂျာမနီအဓိပတိအန်ဂျယ်လာမာ ကယ်တောင် အရမ်းမပြတ်မသား ဖြစ်နေတာမျိုးကို ရှောင်ရှားနေ တယ်နော်။

ထရန့်ဟာ သမ္မတဖြစ်လာပြီး အီး ယူကို လာလည်မယ်ဆို ခင်ဗျား ဘာလုပ်မလဲ။

တခြားအမေရိကန်သမ္မတ တိုင်းကို ကျွန်တော်တို့ တွေ့ဆုံခဲ့ သလို သူ့ကို လက်ခံတွေ့ဆုံရမှာ ပေါ့။

ခင်ဗျားကိုယ်တိုင်ရဲ့ အနာဂတ်က လုံးဝကြိုပြောလို့မရဘူး ဖြစ်နေတယ်။ ဥရောပလွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ခင်ဗျားဆက်နေချင်ပါ လိမ့်မယ်။ ဒါပေမဲ့ အီးယူအစဉ်အ လာအရ ကွန်ဆာဗေးတစ်ပါတီ တွေရဲ့ အဖွဲ့ဝင်တစ်ယောက် အလှည့်ရောက်လာတော့မယ်။ ခင် ဗျားကို အလေးထားတာ ရှင်းရှင်း လင်းလင်းမြင်တွေ့ရတဲ့ အဓိပတိ အန်ဂျယ်လာမာကယ်ဆီက အကူ အညီကို ခင်ဗျားအားကိုးမှာလား။

ကျွန်တော်ရဲ့ ဆိုရှယ်ဒီမိုက ရက်တစ်ပါတီအုပ်စုထဲမှာသာ မဟုတ်ဘဲနဲ့ ကွန်ဆာဗေးတစ်တွေ ကြားမှာရော လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ ကျွန်တော်လုပ်တဲ့အလုပ် တွေ တန်ဖိုးထားတဲ့ လူတွေအ များကြီးရှိတယ်ဆိုတဲ့ အချက်ကို ကျွန်တော်မှတ်ထားတယ်။ ဥရော ပကော်မရှင်ဥက္ကဋ္ဌ ဂျင်ကလော့ဒ်ဂျန်ကာနဲ့ တခြားလူတွေအများကြီး ကလည်း အမှတ်မထင်ဘဲ ကျွန် တော့်ကို ဆက်ပြီး တာဝန်ယူတာ တွေ့မြင်လိုကြတယ်။ ကျွန်တော့် သက်တမ်းက ၂၀၁၇ ဇန်န၀ါရီအ ထိပဲ၊ အဲဒီအချိန်ထိ ဖြေရှင်းဖို့ လို အပ်တဲ့ ပြဿနာတွေအပေါ် ကျွန် တော်ဆက်ပြီး အာရုံစိုက်သွားပါ မယ်။
===================    
251 / End