အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၂၅ စက်တင်ဘာ ၂၀၁၆

၂၀:၁၂:၂၆
781436

ကန်ဈေးဝယ်စင်တာ ပစ်ခတ်မှု မသင်္ကာသူကို ဖမ်းဆီး

ဝါရှင်တန်ပြည်နယ် ဈေးဝယ်စင်တာတစ်ခုတွင် လူငါးဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ယုံကြည်ရသော အမျိုးသားကို တိုက်ခိုက်မှုဖြစ်ပြီး နောက်တစ်ရက် ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု အာဏာပိုင်များက ပြောသည်။


ဝါရှင်တန်ပြည်နယ် ဈေးဝယ်စင်တာတစ်ခုတွင် လူငါးဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ယုံကြည်ရသော အမျိုးသားကို တိုက်ခိုက်မှုဖြစ်ပြီး နောက်တစ်ရက် ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု အာဏာပိုင်များက ပြောသည်။

မသင်္ကာသူအား ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း ၀ါရှင်တန်ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိတ်သ်လာရီက ဖုန်းဖြင့် မေးမြန်းမှုတွင် ဖြေကြားပြီး အသေးစိတ်အချက်အလက်များကို လတ်တလော ထုတ်ပြန်မပေးခဲ့ပေ။

မသင်္ကာသူသည် တိုက်ခိုက်မှုဖြစ်ပွားရာ ဘာလင်တန်မြို့အနောက်တောင်ဘက် အုတ်ဟာဘာမြို့နယ်တွင် နေထိုင်ပြီး ယင်းမြို့မှာပင် ၎င်းအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ အသက် (၂၀) အရွယ် အာကန်စီတင်ဆိုသူဖြစ်ပြီး တူရကီနိုင်ငံတွင် မွေးဖွားကာ အမေရိကန်တွင် တရားဝင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူဟု ရဲတပ်ဖွဲ့က ပြောကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ယမန်နေ့က ဈေးဝယ်စင်တာအတွင်း ပစ်ခတ်မှုတွင် အမျိုးသမီးသုံးဦးနှင့် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သော အမျိုးသားလည်း နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

၎င်းနေထိုင်ရာ အုတ်ဟာဘာမြို့တွင် ကားကိုခြေရာခံမိ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်၌ မသင်္ကာသူမှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိဘဲ အေးအေးဆေးဆေး အဖမ်းခံခဲ့သည်။

ယမန်နေ့က ဈေးဝယ်စင်တာသို့ ၀င်ရောက်လာချိန်တွင်လည်း ၎င်းတွင် လက်နက်မပါရှိခဲ့ဘဲ နောက်ပိုင်းတွင်မှ လက်နက်နှင့် ပြန်ပေါ်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

==================
251/End