အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ စက်တင်ဘာ ၂၀၁၆

၂၀:၂၄:၂၉
782123

ဘာသာရေးဆိုင်ရာ မေးခွန်းများ နှင့် အဖြေများ (၂)

မေး ။ ။ အကယ်၍ နေရာတစ်နေရာ ၁၀ ရက်နေရန် နီယသ် ပြုထားပြီးခရီးထွက်ခဲ့မည်။ ၎င်းနေရာ အား စဟိုရ်နမာဇ် အာဇန် ပြီးမှ ရောက်မည် ဆိုလျှင် ၎င်းခရီးသည်၏ ရိုဇာ ပိုင်ပါသလား? စသည်ဖြင့် အဖိုးတန် မေးခွန်းများ နှင့် အဖြေများကို အေယက်ပါအတိုင်းလေ့လာ နိုင်မည် ဖြစ်ပါတယ်။

 

မေး ။ ။ အကယ်၍ နေရာတစ်နေရာ ၁၀ ရက်နေရန် နီယသ် ပြုထားပြီးခရီးထွက်ခဲ့မည်။ ၎င်းနေရာ အား စဟိုရ်နမာဇ် အာဇန် ပြီးမှ ရောက်မည် ဆိုလျှင် ၎င်းခရီးသည်၏ ရိုဇာ ပိုင်ပါသလား?

ဖြေ ။ ။ ။ ၎င်း၏ရိုဇာ မပိုင်ချေ ။ ၁၀ နေမည့်နေရာ သို့ မလွဲမသွေ စဟိုရ်နမာဇ် အာဇန် မတိုင်မည်ရောက်နေ ရပေမည် ။

အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ(ကောက်နှုတ်)

 

မေး ။ ။ စလာမ်

ထီးတိုးလို့ ရပါသလား

ဖြေ ။ ။ မရချေ။ ဟရမ်ဖြစ်ပေသည်။

(တိုက်ရိုက်မေး ၁၆ ၊၇ ၊၂၀၁၂ ဒေသစံတော်ချိန် နေ့လည် ၁နာရီခန့် )

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်အွဇ်မာ ခါမေနာအီ ရုံး ၊ကွမ်း

 

 

မေး ။ ။ စလာမ်

ကျွန်တော်တိုမြန်မာနိုင်ငံတွင် ရှီအာတစ်ယောက်သည် ရှီအာမဟုတ်သူနှင့် အိမ်ထောင်ပြုပြီး ဇာတ်ပျက်သွားပါသည်။ပြီးနောက်လူအများအရှေ့ သောကြာနေ့တွင် ဂျိုမာနမာဇ်တွင် ပြန်ပြီး             သောင်ဗာ လုပ်ပြီး ရှီအာ ပြန်ဖြစ်လာခဲ့ ပါသည်၊ သို့ဖြစ်ပါ၍ ဤကိစ္စ နှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဟဇရတ်အာယာသွလ် လ္လာဟ် အလ်အွဇ်မာ ဆရက် ခါမေနာအီ ၏အမြင်တွင် ရှိပါသနည်း

ဖြေ ။ ။ (အင်ရှာအလ္လာဟ်)၎င်း၏သောင်ဗာပိုင်ပါသည်။၎င်းဇာတ်ပျက်ချိန်တွင် မဖတ်ခဲ့သည့်နမာဇ်များ ၊

မထားခဲ့သည်ရိုဇာ များ ကို ပြန်ပြီးကဇာ(ပြန်အစားထိုးဖတ်ခြင်း၊ထားခြင်း ) ကို ပြုရပါမည်။

(တိုက်ရိုက်မေး ၁၆ ၊၇ ၊၂၀၁၂ ဒေသစံတော်ချိန် နေ့လည် ၁နာရီခန့် )

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်အွဇ်မာ ခါမေနာအီ ရုံး ၊ကွမ်း

 

အမေး ။ စလာမ်

 

အမျိုးသမီးတစ်ဦးသည်မိမိခင်ပွန်းသည်နှင့်ကာမဆက်ယှက်မည်။ပြီးနောက်သူမ၏သားအိမ်အတွင်း သုတ်ရည်ကျန်နေမည်၊သူမသည်ချက်ချင်းဂိုစ်ပြုမည်၊ဂိုစ်ပြီးနောက်သူမ၏သားအိမ်မှသုတ်ရည်ပြန် ထွက်လာမည်ဆိုလျှင်

 

သူမ၏ဂိုစ်ပိုင်ပါသလား?

 

ဂိုစ်အပြီးသုတ်ရည်ပြန်ထွက်လာရာ၎င်းသုတ်ရည်သည်ပါက်သို့မဟုတ်နဂျစ်ဖြစ်ပါသလား?

 

ထပ်ပြီးအသစ်တဖန်ဂိုစ်လေဂျနာပတ်သ်ပြုဖို့လိုပါသလား?

 

 

ဖြေ ။ ။ သူမ၏ဂိုစ်ပိုင်ပါသည်။

 

ဂိုစ်အပြီးထွက်လာသည့်အရည်သည်သုတ်ရည်ဖြစ်ပါက နဂျစ်ဖြစ်ပေသည်။

 

အကယ်၍ခင်ပွန်းသည်၏သုတ်ရည်ဖြစ်ပါက ထပ်ပြီးအသစ်တဖန်ဂိုစ်လေဂျနာပတ်သ်ပြုဖို့

 

မလိုအပ်ချေ။

 

ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်းအမှတ်၁၇၃

 

 

အမေး ။ ။ နမာဇ်အီးဒ်ဖေသ်ရ်ကဇာရှိပါသလား?

 

ဖြေ။ ။ မရှိပါ။

 

ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်းအမှတ်၆၇၃

 

မေး ။ ။ စလာမ်

 

နာမဟ်ရမ်ကြည့်နေသည့်နေရာတွင်အမျိုးသမီးအနေဖြင့်ဝဇူပြုနိုင်ပါသလား?

 

 

ဖြေ။ ။မပြုနိုင်ချေ။ အကယ်၍ဝဇူပြုခဲ့လျှင်လည်းသူမ၏ဝဇူသည်ပိုင်ပေသည်။(ဝဇူမပျက်၊ဂိုနာရှိသည်။)

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

အမေး ။ စလာမ်

 

တစ်ဦးတစ်ယောက်သည်မိမိရိုဇာကဇာဖြည့်ဖို့ကျန်သေးပါသည်။

 

သို့သော်သေဆုံးသွားသူအတွက်အခကြေးငွေယူပြီးထားပေးနိုင်ပါသလား?

 

ဖြေ ။။ပြဿနာမဟုတ်ချေ။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

အမေး ။ ။ စလာမ်

 

အရက်ကြေငြာပါသည့်အဝတ်များကိုဝတ်ပိုင်ခွင့်ရှိပါသလား

 

ဖြေ။ ။ခွင့်မရှိချေ။

 

ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်းအမှတ်၁၃၈၃

 

အမေး ၊စလာမ်

 

အချို့မွတ်စလင်များသည်ခရစ်စမတ်နေ့တွင်ဂျရှ်ပြုလုပ်ကြသည်။ဤလုပ်ရပ်မှန်ကန်ပါသလား?

 

ဖြေ။ဟဇရတ်အီဆာ(အ.စ)မွေးနေ့အထိမ်းအမှတ်အဖြင့်ခရစ်စမတ်နေ့တွင်ဂျရှ်ပြုနိုင်ပါသည်။

 

ပြဿနာမဟုတ်ချေ။

 

ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်းအမှတ်၁၃၈၂

 

 

မေး ။ စလာမ်

 

ကျမ်းတော်မြတ်ကုရ်အာန်၏အမြင်၌ ဂိုနာ ကို ဖြစ်စေသည့် အကြောင်းအရင်းများကိုဖော်ပြပေးပါ။

 

အဖြေ ။ ။ ကျွန်တော်၏လေ့လာသုံးသပ်ချက်အရ ကျမ်းတော်မြတ်ကုရ်အာန်၏အမြင်၌ ဂိုနာ ကို ဖြစ်စေသည့် အကြောင်းအရင်းများမှာ - ၁၃ ချက်ရှိပါသည်။

 

၁ ။ မသိနားမလည်မှုကြောင့်

 

၂။နဖ်စ်စေအမာရာကြောင့်

 

၃။ အလ္လာဟ်ဟိုအရှင်မြတ်သခင်အားမေ့လျောနေမှုကြောင့်

 

၎။ ဂျဟန္နမ်အားလက်မခံသသည့်အတွက်ကြောင့်

 

၅။ ရှိုင်တွန်၏သွေးဆောင်ဖျားယောင်မှုကြောင့်

 

၆။ လောကီအတွက်မက်မောမှုများကြောင့်

 

၇။ သက်သာချောင်ချိမှုကြောင့်

 

၈။ မန်မာနကြောင့်

 

၉။ လောကအချစ်ကြောင့်

 

၁၀။ မသင့်မြတ်သည်နေရာများကြောင့်

 

၁၁။ အခြေအမြစ်မရှိသည် အထင်အမြင်များကြောင့်

 

၁၂။ မနာလို သဝန်တိုမှုကြောင့်

 

၁၃။ရက်စက်မှုနှင့်အကျင့်ပျက်မှုကြောင့်

 

ကြည့် - ဂိုနာ ဝါ အာမေရ်ဇေရှ် အဇ်မန်(န)ဇရ် ကုရ်အာန် - အလီရေဇာအဆ်ရာနီ၊စာမျက်နှာ ၂၇ မှ ၃၆

 

 

မေး ။ စလာမ်

သေဆုံးသူ မိဘအတွက် သားအကြီးဆုံးမှ နမားဇ်ကဇွာ ဖတ်ပေးရသည်ဟု သိထားပါသည်။

အကယ်၍ အိမ်ထောင်ပြုခြင်းမရှိဘဲ ဆုံးပါးသွားသူ လူပျို၊ အပျိုများအတွက်မူ ကဇွာ ဖြည့်ရန် မည်သူ့အပေါ်တွင် တာဝန်ရှိပါသနည်း။

 

ဖြေ ။ ။ အကယ်၍ ဝစီယတ် သေတမ်းတွင် မိမိပိုင်ဆိုင်မှုများမှ ကဇွာနမာဇ်၊ရိုဇာဖတ်ပေး၊ထားပေး            

ပါဟုမှာခဲ့လျှင် အမှာခဲ့ခံရသူအပေါ်လုပ်ပေးရန်ဝါဂျဗ်ဖြစ်ပါသည်။မမှာခဲ့ပါက ဆွေမျိုးများ (အစ်ကို ၊အစ်မ၊ညီ၊ညီမ၊တူ၊တူမများ )အပေါ် လုပ်ပေးရန် မိုစ်သဟဗ် ဖြစ်ပါသည်။

 

ဖြေပေးသည့်ရက် ၁၇၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၅း၁(ညနေခင်း)

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 

စလာမ်

 

အာဇန် ပေးရာတွင် "အရှပ်ဟန်ဒို အန်နအမီးရန်မိုမေနီး နအလီရန် ဝလီရိုလာ" သည် မိုစ်သဟဘ် ဆိုတာ ဟုတ်ပါသလား။

 

ဖြေ ။ ။ "အရှပ်ဟန်ဒို အန်နအမီးရန်မိုမေနီး နအလီရန် ဝလီရိုလာ" သည် အာဇန် နှင့်အကာမတ် ၏ အစိတ်အပိုင်းမဟုတ်ချေ။ ရှဟဒတ်သေရေစာလသ် ဗိုင်ဂမ်ဘရ် (ဆွ) ပေးပြီးနောက် ၊ကိုဘသမ်အေလာလ္လာဟ် ဖြင့်ဖတ်လျှင် ကောင်းပေသည်။

 

ကြည့် - ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)

 

ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၂၀၄

 

မေး ။ ။ စလာမ်

 

အမျိုးသမီးများ ဟိုင်းဇ်အချိန်တွင် ကျမ်းတော်မြတ်ကွရ်အာန်၏ အာယတ် (၇၀)ဖတ်လျှင် မက္ကရူဟု ဆိုပါသည်။

 

ထိုအချိန်ကာလတွင် ကျမ်းတော်မြတ်ကွရ်အာန်ကို စာသားမထိပဲ ဖတ်ရွတ်ခွင့်ရှိသည်ဟုလည်း သိထားပါသည်။

 

ကျမ်းတော်မြတ်ကွရ်အာန်တစ်ဂျွဇ်မှာ အာယတ်(၇၀)ထက်ပိုပါသည်။ ထိုသို့ဆိုလျှင် ထိုအမျိုးသမီးတို့ အနေဖြင့် ဖတ်သင့်ပါသလား။ အာယတ်(၇၀)တွက် တစ်ခါ မက္ကရူ ဖြစ်ခြင်းလား။

ရှင်းပြပေးစေချင်ပါသည်။

 

ဖြေ ။ ။ အမျိုးသမီးများ ဟိုင်းဇ်လာနေသည့် အချိန်တွင် ကျမ်းတော်မြတ်ကွုရ်အာန်၏ အာယတ် ၁ အာယတ်ဖတ်ဖတ် ၊၁ အာယတ်ထက် ဖတ်ဖတ် ၊ဖတ်လျှင်ပင် မက္ကရူဖြစ်ပါသည်။

 

ဟိုင်းဇ်လာနေချိန်တွင် ၁အာယတ်ဖတ်ဖတ် ၊အာယတ် (၇၀) ဖတ်ဖတ် ခြုံ၍ံပြောရလျှင် မက္ကရူဖြစ်ချေသည်။

 

စေဂ်ျဒါ ဝါဂျဗ်ဖြစ်သည်အာယတ်တော်များဖတ်ရွတ်ခြင်းသည် ဟရမ်ဖြစ်ပါသည်။

 

 

ဖြေပေးသည့်ရက် ၆၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း၅၉(ညနေခင်း)

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 

မေး ။ ။ စလာမ် မွန် အလိုင်ကွမ်း

 

တစ်ချို့လူများသည် ဇေယာရတ် သည်ဟဂ်ျထက် အရင်လုပ်ရမည် ပို၍အရေးကြီးသည်ဆိုတာ ဟုတ်ပါသလား။ မဟုတ်ဘူးဆိုရင် အဲဒီလူများကို အကောင်းဆုံးနဲ့ အထိရောက်ဆုံးအဖြေ လေးပြောပြပါလား။

 

ဖြေ ။ ။ ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာ ၏ အမြင်၌ ဟဂ်ျမပြုခင်ဖြစ်ဖြစ် ၊ပြုပြီးမှ ဖြစ်ဖြစ် ဇေယာရတ် ပြုခြင်းသည်အရမ်းစဝါဗ်ရှိပြီး၊မွစ်သဟဗ်ဖြစ်ပါသည်။ နှစ်မျိုးလုံးကောင်းပါသည်။

 

သို့သော်ဟဂ်ျမပြုခင် ဇေယာရတ် ပြုလျှင် ပို၍ကောင်းပေသည်။

 

 

ဖြေပေးသည့်ရက် ၆၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း၅၉(ညနေခင်း)

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 

 

မေး ။ ။

 

စလာမ် မွန် အလိုင်ကွမ်း

 

ဖြေကြားပေးပါခင်ဗျာ ။

 

ရှီအာ မဟုတ်သူများအတွက် မဂျလစ်အစီအစဉ် နှင့် ကုရ်အာန် ခါနီ ပြုပေးခြင်းသည် ရှရီအတ်တွင်

မည်သည့် အမိန့် ရှိပါသနည်း ? ယုတ်စွ ရှီအာ မဟုတ်သူများသည့် မိဘ နှစ်ပါး ပင် ဖြစ်နေပါစေ။

 

ဖြေ ။ ။ စလာမ် မွန် အလိုင်ကွမ်း

အကယ်၍ အဟ်လေ့ဘိုက်(အ.စ) အား အမုန်း ၊ရန်ငြိုးမထားသူများ အတွက်ဆို လျှင် ပြဿနာ မဟုတ်ချေ။

 

ဖြေပေးသည့်ရက် ၂၉ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၁၀ (မနက်)

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ။ စလာမ်အလိုင်းကွမ်း....

 

         ဂျွမ်အဟ်ဆွလာသ်သည်အိမာမီယာရှီအာ(ဂျမာအသ်)များအပေါ်မည့်သို့တာဝန်ရှိသနည်း။

 

             ။               ။                 ။        အာလင်မ်များအပေါ်မည်သို့တာဝန်ရှိသနည်း။

 

             ။               ။                 ။         မရာဂျေ့ အပေါ်မည်သို့ တာဝန်ရှိသနည်း။

 

             ။               ။                 ။         ရဲဟ်ဘရေမိုအဇ္ဖမ်အပေါ်မည်သို့တာဝန်ရှိသနည်း။

 

 

ဖြေ ။ ။ စလာမ် မွန် အလိုင်ကွမ်း

 

မဆာအေ အမှတ် ၆၇၁ - သောကြာနမာဇ်သည် ၂ ရကတ် ဖြစ်ပါသည်။ သောကြာနေ့တွင် ဇဟိုရ်နမာဇ်၏အစားဖြစ်ပါသည်။တမန်တော်မြတ်(ဆွ)၊အေမာမ်မာစူမ်(အ.စ)နှင့်အထူးရွေးချယ်ခြင်း ခံထားရသည့် နိုင်ဗေအေမာမ် (အ.စ)တို့ အချိန်ကာလ တွင်   ဝါဂျစ်ဗ်ဗေ အိုင်နီ ဖြစ်ပါသည်။

 

သို့သော် ဂိုင်ဗသ် သေ ဂိုဗ်ရာ အချိန်ကာလ (ယနေ့ကာလ) တွင် ဝါဂျစ်ဗ်ဗေ သခီရီ ဖြစ်ပါသည်။ အဓိပ္ပာယ် မှာ သောကြာနမာဇ် နှင့် ဇဟိုရ်နမာဇ် အကြား ရွေးပိုင်ခွင့် ရှိပေသည်။သို့သော် တရားတမျှတ သည့် အစ္စလာမ်မီ အစိုးရ အုပ်ချုပ်နေသည့် အချိန် ဖြစ်ပါ က အေသေရာသ် အရ သောကြာနမာဇ် ကို မစွန့်သင့်ချေ။

 

ဖြေပေးသည့်ရက် ၂၈ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၅း၂၇ ( ညနေ )

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ။ စလာမ်မွန်း အလိုင်ကွမ်း

 

ကျွန်တော်တို့ နိုင်ငံ ( မြန်မာ ) ရှိ ရှီအာ များအကြား အစဉ်အလာတစ်ခု ရှိပါသည်။ မရက်သ် ကို သဖ်နာ ပြီးနောက် ၊

မရ်ဟွမ် အတွက် ကွယ်လွန်သည့် နေ့ ၇ ရက်ပြည့်သည်နေ့ (သို့) ရက် ၄၀ (သို့) တစ်နှစ် (သို့) နှစ်တိုင်း ကုရ်အာန် ခတမ် (ကုရ်အာန်ခါနီ ) လုပ်ပါသည်။

 

ထို့ အတွက်ကြောင့်ဤလုပ်ရပ်သည်ရှရီအတ် အမြင်တွင် မည်ကဲ့သို့ ရှိ ပါသနည်း???

 

ကျေးဇူးတင်လျက်

 

ဖြေ ။ ။ စလာမ်မွန်း အလိုင်ကွမ်း

 

ဤလုပ်ရပ်သည် (ကုရ်အာန်ခါနီ ) သည် ရှရီအီ အမိန့် တစ်ခု အဖြစ် မရှိချေ။ ထို့ပြင် လူထုများအကြား

 

မရက်သ် အား ရိုသေလေးစားပြီး ၊ကျန်ရစ်သူများကို သတိပေးခြင်း အဖြင့် ကျော်ကြားသည့် အစဉ်အလာ တစ်ခု ဖြစ်ပါသည်။

 

ဤအစဉ်အလာ ကို ပြုခြင်းသည် ပြဿနာ မရှိချေ။ ။ထို့ပြင်ကောင်းသည့်လုပ်ရပ် တစ်ခုပင် ဖြစ်ပါသည်။

 

ဖြေပေးသည့်ရက် ၂၇ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း ၅၆ ( ညနေ )

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ရှေ့ဆောင်ဝတ်ပြုသူ အေမာမ် မေ ဂျမာအတ်၏ စည်းကမ်းများ ကို သိပါရစေ?

 

ဖြေ ။ ။ ရှေ့ဆောင်ဝတ်ပြုသူ အေမာမ် မေ ဂျမာအတ်၏ စည်းကမ်းများ မှာ -

 

၁ ။ အရွယ်ရောက်ပြီးသူ ဖြစ်ရမည်

 

၂။ အသိဥာဏ်ရှိသူ ဖြစ်ရမည်

 

၃ ။ အေမာမ် မီယေ ဖြစ်ရမည်

 

၎ ။ တရားမျှတသူ ဖြစ်ရမည်

 

၅ ။ ဟလ္လာဟ်ဇာဒေ ဖြစ်ရမည်

 

၆ ။ နမာဇ်အတွက် ကေရာအသ် မှန်သူ ဖြစ်ရမည်

 

၇ ။ အမျိုး သား ဖြစ်ရမည်

 

         ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)

 

ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၃၁၁၊

 

 

မေး ။ ။ ကွယ်လွန်သွားသည် မိုဂ်ျသဟစ် ၏ သက်္ကလီးဒ် ပြုလုပ်လို့ ရပါသလား?

 

ဖြေ ။ ။ ၁ - ပထမဦးစွာ သိထားရမည်မှာ ကွယ်လွန်သူ၏ သက်္ကလီးဒ် လုပ်ခွင့် မရှိချေ။

 

           ၂ - ၎င်း ၏သက်္ကလီးဒ် ကို လူသား(မိုမေနီ၊မိုမေနတ်များ) ပြုနေသည့် မိုဂ်ျသဟစ် တစ်ဦးတယောက်သည် အကယ်၍ ကွယ်လွန်သွားမည်ဆိုလျှင် မလွဲမသွေ သက်္ကလီးဒ် ကို သက်ရှိထင်ရှားရှိနေသည့် အကြီးဆုံး မိုဂ်ျသဟစ် ထံ မှ ပြန်လည်း လုပ်ရပေမည်။ ပြီးနောက် ၎င်း ၏ ခွင့်ပြုချက်ဖြင့် ကွယ်လွန်သွားသည့် မိုဂ်ျသဟစ် အပေါ် နေနိုင်ပါသည်။

 

         ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)

 

           ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၁၄ ၊

 

မေး ။ ။ စလာမ်...  

 

                                                                                         ဝါဂျိဘ်   ဂွစ်လ်များ ပြုလုပ်ပြီးနောက် တန်း၍ နမားဇ်ဖတ်နိုင်သည်။ ၀ူဇူ ထပ်မံလုပ်ပါက ဟရမ် ဖြစ်သည်ဆိုသည်မှာဟုတ်ပါသလား ?

 

ဖြေ ။ ။ ၀ါဂျိဘ် ဂွစ်လ်များအားလုံး၊ပြီးနောက် ထိုနည်းတူစွာ မွစ်သဟဗ် ဂွစ်လ်များသည် မှန်ကန်သည့် အထောက်အထားများဖြင့် သက်သေထူလိုရပါသည်။ ( ဥပမာ - ဂွစ်လ်လေ ဂျွန်မာ ၊ ဂွစ်လ်လေ အဲဟ်ရမ် ၊ ဂွစ်လ်လေရှဗ်ဗေကဒဲရ် ည များ စသည်ဖြင့် ) ဂွစ်လ်ထည့်ပြီး ဝဇူ ပြုရန် မလိုချေ။

 

ဂွစ်လ်လေဂျနာဗသ် ပြုပြီး ဝဇူပြုခြင်းသည် ဗေဒ်အတ် နှင့် ဟရမ် ဖြစ်ပါသည်။

 

ဖြေပေးသည့်ရက် ၈ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၃း ၄၅

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

မေး ။ ။ ဝါဂျိဗ် ဂိုစ်လ်(ဂိုစိုလ်) များ ကိုဖော်ပြ ပါ။

 

ဖြေ ။ ။ ဝါဂျိဗ် ဂိုစ်လ်(ဂိုစိုလ်) များ မှာ (၇) မျိုး ရှိပါသည်။

 

၁ ။ ဂိုစ်လေ ဂျနာဗသ်

 

၂ ။ ဂိုစ်လေ ဟိုင်းဇ်

 

၃ ။ ဂိုစ်လေ နေဖာစ်

 

၎ ။ ဂိုစ်လေ အစ်သေဟာဇေ

 

၅ ။ ဂိုစ်လေ မတ်စ် စေမယသ်

 

၆ ။ ဂိုစ်လေ မယသ်

 

၇ ။ ဂိုစ်လေ နဇ်ရ် (သို့ ) ကစမ်

 

ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)

 

          ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၇၉ ၊

 

 

။ မေး ။ ။ စလာမ်

 

ရှေးယခင် လူကြီးများသည် ၀ူဇူပြုလုပ်ရာတွင် မည်သည့်အစိတ်အပိုင်းကို မဆို (၃)ကြိမ် (၃)ခါ ပြုလုပ်ကြသော်လည်း ယခုအခါတွင် ၀ါဂျိဘ်အစိတ်အပိုင်းများကို (၃)ကြိမ် ပြုလုပ်ပါက ဟရာမ် ဖြစ်သည်ဟု ဆိုသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း။ အမှန်တကယ် သိရှိလိုပါသည်။

 

ဖြေ ။ ။ ရှေးယခင် လူကြီးများသည် ၀ူဇူပြုလုပ်ရာတွင် မည်သည့်အစိတ်အပိုင်းကို မဆို (၃)ကြိမ် (၃)ခါ ပြုလုပ်ကြသော်လည်း ယခုအခါတွင် ၀ါဂျိဘ်အစိတ်အပိုင်းများကို (၃)ကြိမ် ပြုလုပ်ပါက ဟရာမ် ဖြစ်သည်ဟု ဆိုခြင်းမှာ လက်ရှိ ဖေက်ပညာရှင်များ(မရဂျေများ)၏ ((အစ်သင်ဗာသ် သေ အဟ်ကမ်မေ ရှရီအီ )) ၏ ရလာဒ်ကြောင့် ဖြစ်ပါသည်။

 

မေး ။ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့်သုခမိန် (မိုဖရ်စေ) ဘယ်နှစ်မျိုး ရှိ ပါသနည်း

 

ဖြေ ။ ။ ။ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့်သုခမိန် (မိုဖရ်စေ)နှစ်မျိုး ရှိ ပါသည်။

 

၁ ။ မိုဖရ်စေရန်နေ မာစူမ် ၊ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့် မာစူမ် သုခမိန် များ

 

ဖြစ်ပါသည်။ ဥပမာ တမန်တော်မြတ်ကြီး(ဆွ) နှင့် အဟ်လေ့ဘိုက်(အ.စ)

 

၂ ။ မိုဖရ်စေရန်နေ ဂိုင်ရေ မာစူမ် ၊ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့် မာစူမ် မဟုတ်သည့် သုခမိန် များ၊ဥပမာ အိုလမာ

 

ကြည့် - ဒရ်စ်နာမေယေ အာရှနာယီ ဗာ မဗာနီ ဝါ ကဝါအစ်ဒ် သဖ်စီးရ် ကုရ်အာန် (ခိုလာဇာ)ကျမ်း

 

စာမျက်နှာ ၇၂

 

မေး ။ ။ စွန္နတ် ၏ ခက်ဆစ်အဓိပ္ပါယ် လေးကို သိပါရစေခင်ဗျာ

 

 

ဖြေ ။ ။ စွန္နတ် ၏ ခက်ဆစ်အဓိပ္ပါယ်ကို ဘာသာရပ် ဆိုင်ရာ အလိုက် သိနိုင်ပေသည်။ ဘာသာရပ်အလိုက် အနက် အဓိပ္ပါယ် ပါ ပြောင်းသွားပါသည်။

 

 

စွန္နတ် ဆိုသည် စကားလုံးအား ရီဝါယတ်တော်တွင် သုံးထားပါက အကယ်၍အလ္လာဟ်ဖက်မှ ဆိုလျှင် ((ဖရီဇာ)) ဟု အဓိပ္ပါယ်ရပြီး ၊တမန်တော်မြတ်ကြီး (ဆွ) ဖက်မှ ဆိုလျှင် ((ဝါဂျစ်ဗ်)) ဟု အဓိပ္ပါယ်ရပါ သည်။

 

အကယ၍ ဖေက်ဘာသာရပ်တွင် သုံးထားပါက ((မိုစ်သဟဗ်)) ဟု အဓိပ္ပါယ်ရပြီး၊အူစူလေဖေက် ဘာသာရပ်တွင် သုံးထားပါက ((ပင်မအဓိက အခြေခံ လေးခု (ကုရ်အာန် ၊စွန္နတ် ၊အေဂ်ျမယ ၊အက်လ်)   မှ တစ်ခု )) ဟု အဓိပ္ပါယ်ရပါသည်။

 

ထိုပြင် အေလ်မေ ကလာမ် ဘာသာရပ်တွင် သုံးထားပါက ((စွန်နီ်)) ဟု အဓိပ္ပါယ်ရပါသည်။

 

 

ကွမ်းမြို့ အေမာမ်ခိုမေနီ (ရ.ဟ) တက္ကသိုလ် ၏ ကတိက ဟွဂ်ျစွလ်အစ္စလာမ် ဝလ်မွတ်စလေမီး အာဂါယေ မဟ်ဒီ ဒေလေဟ်ရီ ၏ ပို့ချချက်မှ

 

 

မေး ။ ။ မနုဿလူသား ၏ ကောင်းမှု ကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကိုဖော်ပြပါ။

 

ဖြေ ။ ။ မနုဿလူသား ၏ ကောင်းမှု ကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကို ကျမ်းတော် မြတ် ကုရ်အာန် နှင့် မာစူမီးမ် (အ.စ) ၏ ဟဒီးစ်တော်များအရ ဆိုလျှင် အောက်ပါအတိုင်း ဖြစ် ပါသည်။

 

၁။ကုဖ်ရ်

 

ကြည့် - စူရဟ် မာအေဒါဟ် ၊အာယတ်တော် ၆

 

၂။ ရှေးရ်က်

 

ကြည့် - စူရဟ် အန်အာမ် ၊အာယတ်တော် ၈၈

 

၃။ မိမိ အသံ ကို တမန်တော်မြတ်ကြီး(ဆွ) ၏ အသံထက် ကိုကျယ်အောင်ပြုခြင်း

 

ကြည့် - စူရဟ် ဟွဂ်ျဂျာရာသ် ၊အာယတ်တော် ၆

 

၎ ။ အီမာန်မရှိခြင်း

 

ကြည့် - စူရဟ် အဲဟ်ဇာဗ် ၊အာယတ်တော် ၁၉

 

၅ ။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) အား လိမ်လည်ခြင်း

 

ကြည့် - စူရဟ် အာရဖ် ၊အာယတ်တော် ၁၄

 

၆ ။ မိုရ်သဒ်ဖြစ်သွားခြင်း(ဇာတ်ပျက်သွားခြင်း)

 

ကြည့် - စဝါလာသ် ဝါ ဂျဝါဗသ် မိုကာဗေလေ မအာရေဖ် ကုရ်အာန် (အူရ်သူ)စာမျက်နှာ -၁၀

 

မေး ။ ။ မနုဿလူသား ၏ မကောင်းမှု အကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကိုဖော်ပြပါ။

 

ဖြေ ။ ။ မနုဿလူသား ၏ မကောင်းမှု အကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကို ကျမ်းတော် မြတ် ကုရ်အာန် နှင့် မာစူမီးမ် (အ.စ) ၏ ဟဒီးစ်တော်များအရ ဆိုလျှင် အောက်ပါအတိုင်း ဖြစ် ပါသည်။

 

၁။ သောင်ဗာ (ဝန်ချတောင်းပန်မှု)

 

ကြည့် - စူရဟ် မာအေဒါဟ် ၊အာယတ်တော် ၃၉

 

၂။ ဂိုနာယေ ကဗီရာများ မှ ရှောင့်ခြင်း

 

ကြည့် - စူရဟ် နေစာ ၊အာယတ်တော် ၃၁

 

 

ကြည့် - စူရဟ်နဂ်ျမ် ၊အာယတ်တော် ၃၂

 

 

၃ ။ရှဖာအတ်

 

၎။ကောင်းမြတ်သည်လုပ်ရပ်များ

 

ကြည့် - စဝါလာသ် ဝါ ဂျဝါဗသ် မိုကာဗေလေ မအာရေဖ် ကုရ်အာန် (အူရ်သူ)စာမျက်နှာ - ၉၉

 

 

မေး။ ။ စလာမ် … ဂျဟန္နမ် ငရဲသားများ အ ဝတ် သည် မီးထည် ဆို သည်မှာ ဟုတ်ပါသလား

 

ဖြေ ။ ။ မှန်ပါသည် ။ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်အီဗရာဟီးမ်(အ.စ) အာယတ်အမှတ်တော် ၅၀ ကိုဖတ်ရွတ် ကြည့်လျှင် လုံလောက်ပါသည်။

 

မေး ။ စလာမ် - အဟ်ကမ် ဆိုသည်မှာဘာလဲ ဆိုတာရှင်းပြပေးပါ။

 

ဖြေ ။ အဟ်ကမ်ဆိုတာ အလ္လာဟ်ဟိုအရှင်မြတ် ပြငှာန်းထားသည့် ဆောင်ရန်၊ရှောင့်ရန်များကို ခေါ်ဆိုပါသည်။ပိုမိုပြီးတိကျသွာဖြေရမည်ဆိုလျှင်လူသားတိုင်း၏ အလုပ်တိုင်းဟာ ၊အောက်ဖော်ပြပါ

 

(၅) ချက်အတွင်းမှာဘဲရှိနေပါသည်။ဒါကြောင့် မိမိလုပ်ရပ်တွေကို အော်ဖော်ပြပါ အချက်တွေထဲမှ ဘယ်အချက်ဖြစ်လဲဆိုတာ သိဖို့လိုပြီး ကျင့်သုံးဖို့ လိုအပ် ပါသည်။

 

အချက် (၅ )ချက်

 

၁။ ဝါဂျစ် (မပြုမနေရ၊မပြုလျှင် ဂိုနာဖြစ်ပေမည်)

 

၂။ မိုစ်သဟဗ် ( ပြုလျှင် ပိုကောင်း၏ ၊မပြုလျှင်အကြောင်းမဟုတ်ချေ)

 

၃။ ဟရမ် (မရှောင့် မနေရ၊မရှောင့် လျှင် ဂိုနာဖြစ်ပေမည်)

 

၎ ။ မက်ကရူ ( မပြုလျှင် ပိုကောင်း၏ ၊ပြုလျှင်အကြောင်းမဟုတ်ချေ)

 

၅ ။ မိုဗာ ၊ပြုပြု၊ရှောင့် ရှောင့် အတူတူပင်

 

မေး ။ စလာမ် ...

 

ကျွန်တော်တို့၏နိုင်ငံ မြန်မာ နိုင်ငံတွင် အစိုးရ ကျောင်းများ ၊တက္ကသိုလ်များ ၊ အခြားနေရာများ တွင် အလေးပေး၊ရိုသေလေးစားသည့်အနေဖြင့် နိုင်ငံတော်အလံ အရှေ့တွင်အလံတော်အား ဦးညွတ်ပြီးအလေးပြုကြပါသည်။

 

ဤအတွက်ကြောင့်ရှရီအတ် ၏ အမြင်အရ ပြဿနာ ရှိပါသနည်း? (သို့) မရှိပါသနည်း ?

 

ဖြေ ။ ။ ဖီးနဖ်စေဟီ ၊ ပြဿနာ မရှိချေ။

 

ဟဇရတ် အာယာသွလ်လ္လာဟအလ်မွဇ်မာဆရက် အလီ ခါမေနာအီရုံး ၊ တီဟီရန်မြို့

 

မေး ။ ။ စလာမ်

အစ္စလာမ်ဘာသာဝင်တွေဟာ မွေးနေ့ ကိတ်မုန့်မလှီးခင် Happy Birthday လို့အနောက်တိုင်းပုံစံပြုလုပ်လျှင် ဂိုနာရနိုင်ပါသလား။

 

ဖြေ ။ ။ အကယ် ၍ မွေးနေ့ ပွဲတွင် အရက်သေစာ ၊ သီချင်း ၊အခုန်အက မပါ (ဟရမ်အရာများ ) မပါဝင်လျှင် အကြောင်း မဟုတ်ချေ။

 

ဟဇရတ် အာယာသွလ်လ္လာဟအလ်မွဇ်မာဆရက် အလီ ခါမေနာအီရုံး ၊ ကွမ်း မြို့

 

မေး ။ ။ စလာမ်

ရှီအာတယောက်သည် စွန်နီဗလီမှာနမားဇ်ဖတ်ခွင့်ရှိပါသလား။

 

ဖြေ ။ ။ ဖတ်ပိုင်ခွင့်ရှိပါသည်။

 

ဟဇရတ် အာယာသွလ်လ္လာဟအလ်အွဇ်မာဆရက် အလီ ခါမေနာအီရုံး ၊ ကွမ်း မြို့

 

 

မေး ။ ။ အကယ်၍ မဟ်ရမ် အမျိုးသမီးများထဲမှ အမျိုးသမီး တစ်ယောက်အတွက် ၊၎င်း၏မဟ်ရမ် အမျိုးသား မှ ဟေဂျဗ် မဝတ် သည့်အတွက် ၊၎င်းကို ရိုက်နက်မည်ဆိုလျှင် ရိုက်နက်ပိုင်ခွင့် ရှိပါသလား၊အကြောင်းသည်ကား ထို အမျိုးသမီးဟေဂျဗ်ဝတ်လာရန် နည်းလမ်း အမျိုးမျိုးကို အများကြီးအား ၎င်း အတွက် လက်ခံ၊လာစေရန် အသုံးပြုပြီး ဖြစ်ပေသည်။

 

 

ဖြေ ။ ။ အကယ်၍ ((အမရ်ဗင်မာရူးဖ် ၊နဟီးအဇ်မွန်ကရ်)) (ကောင်းမှုကိုညွှန့်ပြီး၊

 

မကောင်းမှုကိုတားမြစ်ရန်) ရည်ရွယ်ပါက ဟာကေမ်မေရှရအ် ခွင့် ပြုချက်မရှိဘဲမရေချေ။

 

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

မေး ။ ။ စလာမ်

တမန်တော် အီဆာ(အ.စ)သည် ဒီဇင်ဘာလ(၂၅)ရက်နေ့မှာမွေးဖွားခဲ့တယ်ဆိုတာ ဖြစ်ပါသလား

 

ဖြေ။ ။ တမန်တော်မြတ် ဟဇရတ် အီဆာ (အ.စ) ၏မွေးဖွားချိန်နှင့် နေရာနှင့် ပတ် သက်

 

ပြီး အကွဲအလွဲရှိပါသည်။ ထိုပြင် အတိအကျ မသိရပေ။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

အမေး - အမျိုးသားနှင့်အမျိုးသမီး (လင်နှင့်မယား) အတူ ဂျမာအတ် နာမာဇ်ဖတ်လို့ ရပါ သလား။

 

     အဖြေ     - ခင်ပွန်းသည်အနေဖြင့် ရှေ့ဆောင်အဖြစ် ဖတ်ခွင့်ရှိပါသည်။ ရှီအာထိပ်တန်း အာလင်မ်တစ်ပါးလည်းဖြစ်၊ မိုဖာစေရွလ်ကုရ်အာန်လည်းဖြစ် ၊ ယေဘုယျအားဖြင့်သာသနာစာပေ ၃၀၀ကျော်ရေးသား သီးကုံးထားသည် အလာမာ ဆိုင်ယိဒ် ဇီရှမ်း ဟိုင်ဒရ် ဂျဝါဒီ(ရ.ဟ)သည် မိမိအိမ်တွင်ရှေ့ဆောင်အဖြစ် ဇနီး ၊သားသမီးများကို ဦးဆောင်ကြောင်းလေ့လာထားရပါသည်။

 

မေး ။ ။ သခင်မကြီး မာစူမာယေကွမ်း (အ.စ) ၏ ဇေယာရတ် ပြုခြင်း အကျိုး အမြတ် ကို သိပါရစေ

 

ဖြေ ။ ။ သခင်မကြီး မာစူမာယေကွမ်း (အ.စ) ၏ ဇေယာရတ် ပြုခြင်း အကျိုး အမြတ် ကိုအောက်ဖော်ပြပါ ဟဒီးစ်တော် တစ်ပါးတည်းဖြင့် ကောင်းကောင်း သိနိုင်ပေသည်။

 

အေမာမ်ဂျဝါဒ်(အ.စ) မိန့်တော်မူ သည်မှာ -

 

((အကြင်မည်သူမဆို ကျွန်တော်အဒေါ် (သခင်မကြီး မာစူမာယေကွမ်း (အ.စ)) ၏ကဗရ် တော် ၏ ဇေယာရတ် အား ကွမ်းမြို့တွင် ပြုမည် ဆိုပါက ၎င်း အတွက် အမတသုခဘုံ ဂျန္နတ် သည် ဝါဂျဟ်ဗ် ဖြစ်ချေသည်။ ))

 

ကြည့် - ကာမေလ်လွလ် ဇေယာရာသကျမ်း ၊စာမျက်နှာ ၅၃၆

 

မေး ။ ။ အေမာမ်မဟ်ဒီ (အ.ဂျ) အနေဖြင့် သခင်မကြီး ဟဇရတ်ဇဟ်ရာ (အ.စ) နှင့်ပတ် သက်ပြီး မည်ကဲ့သို့ မိန့်တော်မူ ထားပါသနည်း

 

ဖြေ ။ ။ အေမာမ်မဟ်ဒီ (အ.ဂျ) အနေဖြင့် သခင်မကြီး ဟဇရတ်ဇဟ်ရာ (အ.စ) နှင့်ပတ် သက်ပြီး မိန့်တော်မူထားသည်မှာ -

 

ဧကန်မုချ တမန်တော်မြတ်ကြီး (ဆွ)၏ သမီးတော် (ဟဇရတ်ဖွာတေမာ ဇဟ်ရာ (အ.စ) ) သည် ကျွန်တော်အတွက်ကောင်းမြတ်သည့် စံနမူနာကောင်း ဖြစ်ချေသည်။

 

ကြည့် - ရှိက်ခ်သူစီ(ရ.ဟ) ရေးသားသီးကုံးထားသည့်((အလ်ဂိုင်ဗါ)) ကျမ်း စာမျက်နှာ ၂၈၆

 

မေး ။ ။ ဖခင်အနေဖြင့် (မိမိ)သားအတွက် ထမ်းဆောင် ၊ပေးရမည့် တာဝန်များ အနက်မှ တစ်ခုသည် စာရေးတတ်အောင်သင်ကြားပေးခြင်းဆိုသည်မှာ ဟုတ်ပါသလား

 

ဖြေ ။ ။ ဟုတ်ပါသည်။

 

လေ့လာလိုပါက ကြည့် - မွစ်သဒရခ် ကိုလ်ဝါစာအေလ် ကျမ်း အတွဲ ၁၅ ၊ စာမျက်နှာ ၁၆၉

 

အမေး ။ ။ အဘယ်ကြောင့်လေးပါးမြောက်အေမာမ်အား ၊ အေမာမ် စဂျဒ် (အ.စ) ဟုခေါ်ဆိုရပါသနည်း

 

 

ဖြေ ။ ။စဂ်ျဒါပြုရာတွင်ထိရသောနေရာ၇နေရာစလုံး၌စဂ်ျဒါပြုထားသည့်လက္ခဏာ၊အနိသင်များ ထင်ရှားနေသဖြင့် စဂျဒ် (အ.စ) ဟုခေါ်ဆိုရပါသည်။

 

ဤအကြောင်းကို အေမာမ်မိုဟမ္မဒ်ဘာကေရ် (အ.စ) မိန့်ထားသည်ကိုလေ့လာနိုင်ပေသည်။

 

ကြည့် - ဗေဟာရွလ်အနာဝါရ် ကျမ်း အတွဲ ၄၆ စာမျက်နှာ ၆

 

မေး ။ ။ စလာမ် …

 

အဆုံးမဲ့လေးစားစွာဖြင့် တင်ပြလိုပါသည်။ နမာဇ်ဂျိုမာ ၂ ရကတ် ဖြစ်ပါသည်။(ဥပမာ ၊နမာဇ်ဖဂ်ျကဲ့သို့)၊ကူနူးသ် ၂ ခုဖတ်ခြင်းသည် မွစ်သဟဗ် ဖြစ် ပါသည်။ ပထမကူနူးသ် သည် ပထမရ ကတ်၏ ရကူအ် မတိုင်ခင်ဖတ်ရပြီး ၊ဒုတိယ ကူနူးသ် သည် ဒုတိယ ရကအတ် ၏ ရကူအ်ပြီးမှ ဖတ်ရပါသည်။

 

 

အကယ်၍ အေမာမ်ဂျိုမာ(သောကြာရှေ့ဆောင်ဆရာ) အနေဖြင့် ပထမ ကူးနူးသ် အားပထမရ

 

ကတ၏်ရကူအ် ပြီးမှ ဖတ်ပါသည်။

 

 

တဆက်တည်းမှာပင် နောက်မှ လိုက်ဖတ်သူတစ်ချို့ (သို့) အနည်းဆုံး တစ်ယောက်သည် ရှေ့ဆောင်ဆရာ ကူးနူးသ် နေရာမှားဖတ်လိုက်ကြောင်းသိပေသည်။ သို့သော်ရှေ့ဆောင်ဆရာ

 

ကို ပြင်ဖို့(နမာဇ်အတွင်း) မလုပ်ခဲ့ကြချေ။

 

 

နမာဇ်ပြီးနောက် ၊နောက်မှာ လိုက်ဖတ်သူ တစ်ယောက်မှ ရှေ့ဆောင်ဆရာ ၏ ကွယ်ရာ တွင် ဒီမောင်လာနာ က သောကြာနမာဇ်တောင်၊ မဖတ်ပေးတတ်ဘူးလို့ သတင်းလွှင့်မည်။

 

 

ဤအတွက်ကြောင့်၁။ ပထမ(မေးခွန်းအနေဖြင့်) နမာဇ်ဂျိုမာ မှန် ၊မမှန် သိလိုပါသည်။

 

၂ ။ သတင်းလွှင့်သည် ဤနောက်မှလိုက်ဖတ်သူတစ်ယောက်၏ လုပ်ရပ်သည်မှန်ပါသလား?

 

ရှရီအီအမိန့်ကို သိလိုပါသည်။

 

 

ဗါကမာလ်စေဗာသ်

 

 

ဖြေ ။ ။ စလာမ် …

 

၁ ။ နမာဇ်ဂျိုမာ မှန်ပါသည်။

 

၂။ (သတင်းလွှင့်သည် ဤနောက်မှလိုက်ဖတ်သူတစ်ယောက်၏

 

လုပ်ရပ်သည်) မမှန်ချေ။

 

 

အောင်မြင်ပါစေ

 

 

ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီရုံး ၊တီဟီရန်

 

 

မှတ်ချက် ။ ။ ဖွာရစီဘာသာဖြင့် လိုအပ်သူများထံမေးလ်ဖြင့်ပို့ပေးနိုင်ပါသည်။

 

မိမိမေးလ်၊အမည် ၊နေရပ်လိပ်စာ၊မြို့၊ဆက်သွယ်နိုင်သည့်ဖုန်း ၊သာ ဖော်ပြဖို့လို

 

အပ်ပေးသည်။

 

 

မေး ။ ။ ဗစ်မေဟီသအာလာ

 

လေးစားအပ်ပါသော ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာ လွတ်ဖ် ဖွလ်လ္လာဟ်

 

ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ဟဖွဇ်ဇဟိုလ်လ္လာဟ်

 

စလာမ်မွန် အလိုင်းကွမ်

 

 

အဆုံးမဲ့ရိုသေစွာဖြင့်တင်ပြအပ်ပါသည်။ကျွန်တော်သည်ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ် မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးဟဖွဇ်ဇဟိုလ်လ္လာဟ်၏စာအုပ်၊အမည်((ရှီအာဖါစိုခ်မီးဂူယက်ဒ် )) ကို အာယာသွလ်လ္လာဟ်ကြီး၏ ခွင့်ပြုချက်နှင့် (ကျွန်တော်အပေါ်) ယုံကြည် မှုဖြင့် ဘာသာပြန်ဆိုခဲ့ပါသည်။

 

အလ်ဟမ်ဒိုလစ်လ္လာဟ်ပုံလည်းနှိပ်ပြီးသွားပြီး၊လူထုအားလည်းအခမဲ့ဝေပြီးပါပြီး၊သို့သော်နိုင်ငံတူ

 

တစ်ချို့သိုလာဗ်(သာသာနာ့ကျောင်းသားများ)သည် အချို့တာဝန်ရှိလူကြီးများဥပမာ မကါမ် မေမော်အဇမ်မေရဲဟ်ဗဲရ် ၏ကိုယ်စားလှယ်တော် ၊ အပြည်ပြည်ဆိုင်ရာ (ရဲဟ်ဗဲရ်)ရုံးမှ

 

ဝန်ထမ်း ၊စသည်ဖြင့် ထံ ကျွန်တော်ဘာသာပြန်မှားနေသည် စသည့်ဖြင့် တိုင်ထားကြပါသည်။

 

ယုတ်စွ အာယာသွလ်လ္လာဟ်ကြီး ကိုလည်း စော်ကားထားပါသည်။

 

 

ဆိုလိုသည်မှာဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်

 

မကာရေမ်မိုရှီးရာဇီးဟဖွဇ်ဇဟိုလ်လ္လာဟ်

 

သည်မြန်မာစာမတတ်သဖြင့်၎င်း၏ထောက်ခံမှုသည်မလုံလောက်ဟုဆိုလေသည်။စသည်ဖြင့်…

 

သို့သော် ကျွန်တော်အနေဖြင့်ပုံနှိပ်ထားသည်စာအုပ်အတွင်း ဘာသာပြန်အမှားများကို ထောက်ပြရန်တရားဝင်ဖိတ်ခေါ်ထားပါသည်။သို့သော်မည်သည့်

 

သိုလာဗ်(သာသာနာ့ကျောင်းသားများ) တစ်ယောက်မျှ တရားဝင်အသိပေးခြင်း၊

 

စာပို့ဆက်သွယ်ခြင်း မပြုခဲ့ချေ။

 

သို့သော် ကျွန်တော် အကွယ်၌ တာဝန်ရှိလူကြီးများထံ တိုင်ခြင်း၊ သိက္ခာချ ခြင်းကို ပြုကြပါတယ် …

 

ကျေးဇူးပြုပြီး ရှရီအီ အမိန့်ကို ရှင်းပြပေးပါ။

 

 

ဗါကမာလ်သရှကွလ်

 

ရှိက်ခ် ဂျမားလ် ဟို စိုင်း(န) သွာလဗေမြန်မာ

 

ဖြေ။ ။ အလိုင်ကွမ်းစလာမ် ဝရဟ်မသွလ်လ္လာဟ်

 

ဘာသာပြန်ဆိုသူသည်ဘာသာပြန်ဆိုရာတွင်မလွဲမသွေကမာလ်လေဒေကသ်(ထူးကဲကောင်း မွန်သည့်ဂရုပြုမှု) ၊ ပြီးနောက် အလွဲသုံးစား မလုပ်မှု ဖြင့် ပြန်ဆိုရပေမည်။

 

 

အကယ်၍ မတော်တဆ ဘာသာပြန်ဆိုရာ၌ မှားယွင်းသွားလျှင် ပျော့ပျော့ပြောင်းပြောင်း၊ ညီအစ်ကို စိတ်ဓာတ်ဖြင့် မှားယွင်းနေသည့်နေရာ များကို ဘာသာပြန်ဆိုသူ အားထောက်ပြပြီး၊ဖြေရှင်းရပေမည်။ပုဂ္ဂိုလ်များကို (ဘာသာပြန်ဆိုသူများ) သိက္ခာမချသင့်ချေ။

 

 

ဝလ်လ္လာဟ်ဟို ၊ အာလမ်

 

 

၂၁ ရဘီးအြဇ္ဇာနီ ၊၁၄၂၃ဟီဂ်ရီ

 

ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာလွတ်ဖ် ဖွလ်လ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ

 

မှတ်ချက် ။ ။ ဖွာရစီဘာသာဖြင့် လိုအပ်သူများထံမေးလ်ဖြင့်ပို့ပေးနိုင်ပါသည်။

 

မိမိမေးလ်၊အမည် ၊နေရပ်လိပ်စာ၊မြို့၊ဆက်သွယ်နိုင်သည့်ဖုန်း ၊သာ ဖော်ပြဖို့လို

 

အပ်ပေးသည်။

 

၂၁၁ ။ မေး ။ ။ ဟဇရတ် ဖွာတေမာ(အ.စ) သခင်မကြီးသည် ပထမခလီဖွာ အားစိတ်ဆိုးသွား

 

ကြောင်း ၊နောက်သခင်မကြီး(အ.စ) အလ္လာဟ်အမိန့်တော်ခံသွားသည့်အချိန်အထိ အဆက်အသွယ် မပြုကြောင်း ဆိုသည်အချက်မှာ ၊မှန်ပါသလား၊ ဖြစ်နိုင်လျှင် စွန္နီ ကျမ်းကြီးဖြင့်

 

ဖော်ပြပေးပါ။

 

ဖြေ ။ အထက်ပါအချက်သည်မှန်ကန်ပါသည်။ စွန္နီညီနှောင်များ၏ ကျမ်းတော်မြတ် ကုရ်အာန်ပြီးနောက် အမှန်ကန်ဆုံး ကျမ်းအဖြင့် လက်ခံထားသည့် စဟီးဘုခါရီကျမ်းတွင် အထက်ပါအကြောင်းအရာ ကို လေ့လာနိုင်ပေသည်။

 

 

ကြည့် - စဟီးဘုခါရီကျမ်း အတွဲ ၄ ၊စာမျက်နှာ ၄၂ ၊ဗာဗ်ပေ ခွမ်းစ်(ခွမ်းစ်အခန်း) ၊ပုံနှိပ်လက်ဘနွန်

 

 

မေး ။ ။စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်လော

 

ဖြေ။ ။ ရှီအာ အေမာမ် မီယာ ၏ ရှရီအီအမြင်အရ မဖတ်ရချေ။အကြောင်းသည်ကား -

 

မိုဟမ္မဒ် ဟလ်ဘီ မှ အေမာမ်ဂျအ်ဖရ်ဒစ်က်(အ.စ) အားမေးမြန်းသည်မှာ - ((စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်နည်း ။ အေမာမ်(အ.စ) အနေဖြင့် အဖြေပေး တော်မူသည်ကား - မဖတ်ရချေ။))

 

ကြည့် - ဝစာအေလွရှ်ရှီအာ ကျမ်း အတွဲ ၄၊အခန်း ၁၇ ၏ ဟဒီးစ်တော် ၃

 

စီမာယေ အကာယေဒ် ရှီအာ ၊စာမျက်နှာ ၄၁၅

 

မေး ။ ။ စလာမ် …

 

ကျေးဇူးပြုပြီးအဖြေပေးပါခင်ဗျာ ။ ကျွန်တော်တို့ မြန်မာပြည်ရှိ နေရာတစ်ရာတွင် မောင်လာနာ တစ်ချို့ ရှိနေပါသည်။ သို့သော် ဂျိုမာနမာဇ်တွင် အလှည့်ကျ မောင်လာနာ တစ်ယောက် တည်းသာ ဖတ်ပေးပါသည်။ ယေဘုယျ အားဖြင့် ကျန်မောင်လာနာများ မလာကြချေ။ ဟဇရတ်အာလီ (လူကြီးမင်း) ၏ အမြင် မောင်လာနာ များ၏ဤလုပ်ရပ်(မလာခြင်း) သည်၊မှန်ကန်ပါသလား? ၊သို့မဟုတ် မှားနေပါသလား ?

 

ဖြေ ။ ။ မောင်လာနာများ၊ သာသနာပြုများအနေဖြင့် ကွဲလွဲမှု ကို ဖြစ်စေသည့်အရာများ၊ လူထု ကိုအထင်မှားစေမည့်(ယုန်ထင်ကြောင်ထင်၊ဖြစ်စေသည့်)လုပ်ရပ်များကိုရှောင်ရန်အသင့်လျှော်ဆုံး ပင်တည်း ။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မှတ်ချက် ။ ။ ဖွာရစီဘာသာဖြင့် လိုအပ်သူများထံမေးလ်ဖြင့်ပို့ပေးနိုင်ပါသည်။

 

မိမိမေးလ်၊အမည် ၊နေရပ်လိပ်စာ၊မြို့၊ဆက်သွယ်နိုင်သည့်ဖုန်း ၊သာ ဖော်ပြဖို့လို

 

အပ်ပေးသည်။

 

မေး ။ ။စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်လော

 

ဖြေ။ ။ ရှီအာ အေမာမ် မီယာ ၏ ရှရီအီအမြင်အရ မဖတ်ရချေ။အကြောင်းသည်ကား -

 

မိုဟမ္မဒ် ဟလ်ဘီ မှ အေမာမ်ဂျအ်ဖရ်ဒစ်က်(အ.စ) အားမေးမြန်းသည်မှာ - ((စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်နည်း ။ အေမာမ်(အ.စ) အနေဖြင့် အဖြေပေး တော်မူသည်ကား - မဖတ်ရချေ။))

 

ကြည့် - ဝစာအေလွရှ်ရှီအာ ကျမ်း အတွဲ ၄၊အခန်း ၁၇ ၏ ဟဒီးစ်တော် ၃

 

စီမာယေ အကာယေဒ် ရှီအာ ၊စာမျက်နှာ ၄၁၅

 

မေး ။ ။ မိမိဇနီးသည် ၏ ကျင်ကြီးသွားသည့်နေရာ ကို ဆက်ယှက် ခြင်းသည် ပြဿနာ ရှိပါသလား?

 

ဖြေ ။ ။ အကယ်၍ မိမိဇနီးသည် ကိုယ်တိုင် သဘောတူပါက မက်ရူးအရမ်းဖြစ်ပြီး၊ သဘောမတူ ပါက ဟရမ် ဖြစ်ပေသည်။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ။ မဖာသီဟိုဂျေနန် တွင် နေ့တိုင်း၏ အချိန်တိုင်းအတွက်ဒိုအာ ၊ တစ်နှစ်လုံး၏ ရက်တိုင်းအတွက်ဒိုအာလာရှိရာ၊အချိန်ပြည့်ဒိုအာဖတ်နေရမည့်ဆိုသည်သဘောဆောင်ပါသလား ?

 

ဖြေ။ ။ မဆောင်ချေ။ သာဓက အားဖြင့် ၂၄ နာရီ လမ်းမပေါ်တွင် ပြေး ဆွဲနေသည့်တိုက်စီကား များ နှင့်တူပေသည်။ ၂၄ ပြေးဆွဲနေသဖြင့် အချိန်ပြည့် ငှားစီးရန် မဟုတ်ဘဲ ၊မိမိ အတွက်လို အပ်ချိန် မှ ငှားစီးရန် ဖြစ်ပေသည်။ ထိုနည်းတူစွာ အချိန် ပြည့် ဒိုအာများ ဖတ်နေရန် မဟုတ်ဘဲ မိမိ အတွက် သင့်လျော်၊ လို အပ် ချိန်တွင် အစဉ် သင့် ဖတ်နိုင်ရန် ဖြစ်ပေသည်။

 

 

မေး။ ။ စလာမ် …

 

အင်တာနက်မှ တဆင့် နောင်ဟာခွေများ ၊ဘာသာရေးရုပ်ရှင်များကိုကော်ပီလုပ်(ဒေါင်လုတ်)ပြီး

 

ရောင်းပိုင်ခွင့်ရှိပါသလား

 

ဖြေ။ ။ ထုတ်လုပ်သည့်မူရင်းဌာန မှ သဘောမတူပါက မပိုင်ချေ။(ရောင်းလို့မရချေ။ )

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ။ အမေအနေဖြင့် မိမိသား ကို - မင်း ၊မင်း မိန်းမကို သလာက်မပေးရင် အမေကို စိတ်မချမ်းသာ အောင်လုပ် သူ စာရင်းဝင်ပေမည်ဟု အမိန့်ပေးမည်။ အမှန်တွင် အမေသည် မိမိချွေးမနှင့် အဆင်မပြေချေ။ သို့ဖြစ်ပါ၍ အမေ အမိန့်ကို နာခံရန် ဝါဂျစ်ဗ် ဖြစ်ပါသလား

 

ဖြေ ။ ။ ဤနေရာတွင် မိမိ မိခင်၏ အမိန့်ကို နာ ခံရန် ဝါဂျစ်ဗ် မဟုတ်ချေ။ စိတ်မချမ်းသာ အောင်ထားသူ စာရင်းဝင်ပေမည်ဟုဆိုသည် စကားသည်လည်း အာနိသင် မရှိပေ။ သို့သော်မိခင်အား စကားလုံး ရိုင်းများ မသုံးမိဖို့ မလွဲမသွေ လိုပေသည်။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

မေး ။ ။ စလာမ်

၇၈၆ လို့ ဘာဖြစ်လို့ ဆိုင်တွေမှာရေးထားပါလဲ။ အဲဒီအဓိပါယ်ကိုသိပါရစေ။

 

 

အဖြေ ။ ။ ဗဟ်မင်လ်လ္လာဟ် ဟေရဟ်မာနေရဟီးမ် ကို အဗ်ဂျဒ် ထုတ်လုပ်လျှင် ၇၈၆ ရပါတယ်။

 

ဒါကြောင့် ဗဟ်မင်လ်လ္လာဟ် ဟေရဟ်မာနေရဟီးမ် မရေးတော့ဘဲ ၇၈၆ လို့ရေးကြခြင်းဖြစ်ပါသည်။

 

ဗဟ်မင်လ်လ္လာဟ် ဟေရဟ်မာနေရဟီးမ် ၇၈၆ ဖြစ်လာပုံ

 

بسم الله الرحمن الرحیم

 

ب + س + م = 102

 

 

ا+ل+ل+ه = 66

 

ا + ل + ر +ح + م +ن =329

 

ا + ل + ر+ ح + ی + م = 289

 

စုစုပေါင်း = ၇၈၆

 

 

မေး ။ ။ စလာမ် …

 

သုံးဖို့ ငွေပေးသည် ကြားကပင် သားအနေ ဖြင့် အဖေမသိအောင် အိတ်ကပ်ထဲမှ ငွေ ယူခြင်းသည် ဟရမ် ဖြစ် ပါသလား

 

 

ဖြေ ။ ။ ဟရမ် ဖြစ်ပေသည် ။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

 

မေး ။ ။ သားကောင်ဇေဗာလုပ်ရာ တွင် ဗစ်မေလ္လာဟ် ဘဲ ပြောလျှင် လုံလောက်ပါသလား၊ ဗစ်မေလ္လာဟ် အား အာရဘီ မပြောဘဲ အခြားဘာသာဖြင့်ပြောလျှင် ပိုင်ပါသလား

 

ဖြေ။ ။ လုံလောက်ပါတယ်၊ပိုင်ပါတယ်။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

မေး။ ။ သားကောင်ဇေဗာလုပ်ရာ တွင် ယောက်ကျားဘဲ လုပ်လို့ ရသည်ဆိုသည်မှာ ဟုတ်ပါသလား

 

ဖြေ ။ ။ မဟုတ်ပါ။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

၂၀၀။အမေး။။ကျွန်တော်ကွန်ပျူတာတစ်လုံးအသစ်ဝယ်ထားပါသည်။ကျွန်တော်သူငယ်ချင်းနှင့် ခင်မင်နဲ့သူများအတွက် ငွေယူပြီး မကောင်းသည့် ကားများ ကော်ပီကူးပေးမည်ဆိုလျှင် လုပ်ပိုင်ခွင့်ရှိပါသလား

 

ဖြေ ။ ။ မပိုင်ချေ။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

 

၁၉၉ ။ မေး ။ ။ cd မူရင်းပိုင်ရှင် ၏ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေ ခွင့်ရှိပါသလား

 

ဖြေ။ ။ ဥပဒေက ခွင့်မပေးထားပါက ခွင့် မရှိချေ။ ဖြန့်ခွင့်မရှိပေ။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

မေး ။ ။ စလာမ် မို အလိုင်ကွမ်း

 

စာအုပ်များ (သို့) ဆောင်းပါးများ(သို့) စာများတွင် တမန်တော်မြတ်ကြီးမိုဟမ္မဒ် အမည် နောက် ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ် ဟုရေုးခြင်းနှင့် (ဆွ) ရေးခြင်းသည်                                 စဝါဗ် အတူတူပင် ဖြစ်ပါ သနည်း

 

ထိုနည်းတူစွာ အဟ်လေ့ဘိုက် (အ.စ) နှင့် ဟဇရတ်အာဘာစ်(အ.စ)၊ဟဇရတ် ဇိုင်နပ်(အ.စ) ၊ဟဇရတ်သေမာမူမာ(အ.စ) စသည်တို့အားလည်းပဲ (အထက်ပါအတိုင်း (အ.စ) (သို့)အပြည့်ရေးခြင်း) သည် စဝါဗ် အတူတူပင် ဖြစ်ပါ သနည်း

 

ကျေးဇူးတင်လျက်

 

ဖြေ ။ ။ အပြည့် အစုံ ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ် နှင့် အလိုင်ဟစ်စလာမ် ရေးခြင်းသည်ပိုမြင့်မြတ်ပြီး၊ ပိုကောင်းပေသည်။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

မေး ။ ။ မိမိဇနီးသည်ဖြင့် ရှဗ်ဗေကဒ်ရ် ၊ မဟော်ရမ် ၉ ရက် ည၊ ရှဗ်ဗေ အာရှု ရာ တွင်

 

ကိုယ်လက်နှီးနှော လို့ ရပါသလား

 

ဖြေ ။ ။ ဖီနဖ်စေဟီ ၊အကြောင်းမဟုတ်ချေ။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

မေး ။ ။ ကျွန်မ အနေဖြင့် လက်ထပ်ရန် ရည်ရွယ်ထားသူတစ်ဦးရှိပါသည်။၎င်းသည် မွတ်စလင်တစ်ယောက်ဖြစ်သော်လည်း နမာဇ်မဖတ်ချေ။ ရှရီအတ်အရ ပြဿနာ ရှိပါသလား

 

 

ဖြေ။ ။ အကယ်၍ လမ်းလွဲ၊လမ်းမှားရောက်ဖို့ အန္တရာယ် ရှိပါက ၎င်းနှင့်လက်ထပ်ခွင့် မရှိချေ။

 

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

မေး။ ။ နမာဇ် ဇီ မဟုတ်မှန်သိသူ နှင့် အသွားအလား လုပ်လို့ရပါ သလား၊ပေါင်းသင်း

 

ဆက်ဆံပိုင်ခွင့်ရှိပါသလား

 

 

ဖြေ။ ။ ရပါသည်။ သို့သော် မကောင်းမှု ကို တားမြစ်လျှင် လက်ခံမည်ဟု မျှော်လင့်ပါက(နမာဇ်မဖတ်ခြင်းကို) တားမြစ်ရန် အရေးကြီးပေသည်။

 

အကယ်၍ တားမြစ်လျှင် လက်ခံမည် မဟုတ် ဟု မျှော်လင့်ပါက၊ ဗေနာဗေအဟ် သေယာသ်ဝါဂျစ်ဗ် မနှစ်သက်ကြောင်း ပြသရန် လိုအပ်ပေသည်။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

မေး ။ ။ နမာဇ် ကို မဖတ် သူသည် ဘယ်အခြေအနေရောက်လျှင် ကာဖေရ်ဖြစ်သွား ပါသနည်း ၊နဂျစ်ကော် ဖြစ်ပါသလား

 

ဖြေ ။ ။ နမာဇ်တစ်ခုတည်း မဖတ်ယုံ ဖြစ် ကာဖေရ် မဖြစ်ချေ။ သို့သော် နမာဇ်မဖတ်ခြင်းသည် ဂိုနာယေ ကဗီ ဖြစ်ပေသည်။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

 

၁၉၃။ မေး။ ။ အူဆူလေကာဖီ ကျမ်း တွင် အေမာမ်ဂျဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော်လာရှိသည်မှာ (( စာ အတွက် အဖြေပေးရန် ၊ စလာမ်ကို အဖြေပေးရန် ဝါဂျစ်ဗ် ဖြစ်သကဲ့ သို့ ပင် ဖြစ်ပေသည်။ )) ဟု ဖြစ်ပေသည်။ ဤ ဟဒီးစ်တော်အရစာ ပြန်ရန် ဝါဂျစ်ဗ် ဖြစ်ပါသလား

 

 

ဖြေ။ ။ အဟ်သေရာသ် အရ ဝါဂျစ်ဗ် ဖြစ်ပါသည်။

 

 

အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ

 

 

မေး ။ ။ စလာမ်

တမန်တော် အီဆာ(အ.စ)သည် ဒီဇင်ဘာလ(၂၅)ရက်နေ့မှာမွေးဖွားခဲ့တယ်ဆိုတာ ဖြစ်ပါသလား

 

ဖြေ။ ။ တမန်တော်မြတ် ဟဇရတ် အီဆာ (အ.စ) ၏မွေးဖွားချိန်နှင့် နေရာနှင့် ပတ် သက်

 

ပြီး အကွဲအလွဲရှိပါသည်။ ထိုပြင် အတိအကျ မရှိရပေ။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ။ သူငယ်ချင်းများအကြား ၊ကြားဖူးပါသည်။ မုတ်ဆိတ် ကောင်းကောင်း ထွက်လာဖို့

 

တကြိမ်ပလိပ်ဓားဖြင့် ရိတ်နိုင်သည်ဟု ဆိုကြပေသည်။

 

ဤစကားသည်မှန်ကန် ပါသလား

 

 

ဖြေ။ ။ အကယ်၍ မျက်နှာပေါ်တွင် အမွေးများ မထွက် သေးပါကရိတ်နိုင်ပေသည်။ အကယ်၍ ပေါက်နေပါ ကဟိုနေရာပေါက်၊ဒီနေရာ

 

မပေါက် ဖြစ်နေမည် ၊အနည်းငယ်လေး ပေါက်နေပြီး ဆို လျှင်လည်း ဗေနာဗရ်အဟ်သရာသ် ရိတ် ပိုင်ခွင့် မရှိချေ။

 

 

အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ

 

 

မေး။။မောင်ဖြူအမည်ရှိပုဂ္ဂိုလ်တစ်ယောက်သည်မောင်ဝါနှင့်ပတ်သက်ပြီး၎င်းတွင်တ ကယ် မရှိသည် မကောင်း မှုများကို လူအများဆီ အီးမေးလ်များဖြင့် ပို့မည်။ ၎င်းမောင်ဝါ ကို

 

အယုံအကြည်ပျက်အောင်လုပ်မည်။

 

ပြီးနောက် မောင်ဖြူ အနေဖြင့်မိမိ အမှား အတွက်မည်ကဲ့သို့ ဖြေပျောက်ရမည်နည်း

 

မောင်ဝါ၏ရပိုင်ခွင့် ကို အပြည့်အဝ ဆောက်ရွက်ပြီးသာလည်းဖြစ်ရန် မည်သို့ပြုရမည်နည်း

 

၎င်းမောင်ဝါနှင့် ပတ်သက်ပြီး အီးမေးလ် ပို့ထားသူများထံ ပြန်ပြီး မောင်ဝါသည်ဤကဲ့သို့မဟုတ် ကြောင်း ရှင်းချက် ပြန် ပို့ပေးရမည်လော …

 

 

ဖြေ ။ ။ မလွဲမသွေ ၎င်းမောင်ဝါနှင့် ပတ်သက်ပြီး အီးမေးလ် ပို့ထားသူများထံ ပြန်ပြီး မောင်ဝါသည်ဤကဲ့သို့မဟုတ် ကြောင်း ရှင်းချက် ပြန် ပို့ကို

ကို ပေးရမည်။ ထိုပြင်အစွပ်စွဲခံခဲ့ရသူ မောင်ဝါ၏ ကျေနပ်မှုကို ရယူရပေမည်။

 

အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ

 

အထူးမှတ်ချက်။။သူတပါးကိုမဟုတ်မတရားစွပ်စွဲတတ်သူများ၊ပစ်စာပစ်သူများ...အထူးသတိပြု သင့်ပေသည်။

 

 

မေး ။ ။အစ္စလာမ်မိုအလိုင်ကွမ်း

 

 

တစ်ချို့ရှီအာများသည် နာမာဇ်ဖတ်အပြီး ညာဘက်နှင့်ဘယ်ဘက် သို့လှည့်၍စလာမ်ပေးကြပါသည်။ ဘာလို့ဆိုတာရှင်းပြပေးပါ။

 

 

ဖြေ ။ ။ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ ရုံး ၏ ဖြေဆိုချက်အရ နာမာဇ်တွင် စလာမ်ဖတ်အပြီး ညာဘက်နှင့်ဘယ်ဘက် သို့လှည်ခြင်းသည် ((မိုဗာ)) ဖြစ်ပေသည်။ စဝါဇ်လည်း မရ သလို၊ အပြစ်လည်း မရှိချေ။

 

 

မေး ။ ။ စလာမ်

ကျမ်းမြတ်ကုရ်အာန်ထဲမှာ အေမာမ်အလီ(အ.စ)ရဲ့နာမတော်ကိုဖေါ်ပြထားပါသလား..

ကျေးဇူးတင်စွာဖြင့်

 

ဖြေ။ ။ အမည် ကို မဖော်ပြထားပါဘူး ၊ဂုဏ်တော်တွေကိုတော့ ဖော်ပြထားပါတယ် ။

 

မောင်လာအလီ(အ.စ)အကြောင်း အောက်ဖော်ပြထားသည့် ဟဒီးစ်တော်သည်အရမ်းကို

 

လုံလောက်၊ခိုင်လုံနေပါပြီး။

 

((အလီ(အ.စ) သည် ကုရ်အာန် နှင့်အတူ ရှိပြီး ၊ ကုရ်အာန် သည် အလီ(အ.စ) နှင့်အတူရှိ၏))

 

တမန်တော်မြတ်ကြီး (ဆွ)

 

ကြည့် - မိုစ်သ၊သရာခ် အလာဆဟီးဟိုင်းကျမ်း အတွဲ (၃) စာမျက်နှာ ၁၂၄

 

 

ပိုပြီးအသေးစိတ်လေ့လာလိုရင်တော့လက်ရှိသာသနာပညာရှင်ကြီးတစ်ပါးဖြစ်သည့်(နဂျဟ် သာအီ)ရေးသားထားသည်စာအုပ်

 

لماذا ذکر اسم علی (ع) فی القرآن کثیراَ؟ ကို လေ့လာနိုင်ပါသည်။

 

ပြီးနောက် လက်ရှိ နိုက်ဗေ အေမာမ်တစ်ပါးဖြစ်သည် ဟဇရတ် အာယသာသွလ်လ္လာဟ် အလ်အွဇ်မာဆရက် ဆွာဒစ်က်ဟိုစိုင်းနီ ရှီရာဇီး

ရေးသာားထားသည် علی علیه السلام فی القرآن အတွဲ (၁ နှင့်၂) ကို လေ့လာ နိုင်ပေသည်။

 

 

လေးစားလျက်

 

မေး ။ ။ ဇနီးသည် အနေဖြင့် မိမိခင်ပွန်းသည်၏ ခွင့်ပြုချက် မရှိဘဲ စီးပွားရေး၊နိုင်ငံရေး ၊ လူမှုရေးလှုပ်ရှားမှု များအတွက် အိမ်အပြင်ထွက်လို့ ရပါသလား

 

 

ဖြေ ။ ။ မရချေ။ အကယ်၍ ဇနီးသည်အနေဖြင့် မိမိ နေကာအချိန် တွင် ဤလှုပ်ရှားမှုများအတွက် ထည့်ပြီးပြောထားမည်ဆိုလျှင်အကြောင်းမဟုတ်ချေ။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

မေး ။ ။ နမာဇ်စေ ဂိုဖိုင်လာဖတ်ရာတွင် ၂ ရကတ် စလုံး၌ စူရဟ် (ဟမ်ဒ်) ဖတ်ပြီးနောက် ဖတ်ရန် ပြဆိုထားသည်အာယတ်တော်များကို မဖတ်မည် အရင် ဗစ်မေလ်လ္လာဟ်…ဖတ်ရန် လိုအပ် ပါသလား

 

ဖြေ ။ ။ မလိုအပ်ချေ။

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

မေး ။ ။ နမာဇ်စေ ဂိုဖိုင်လာ သည် နာဖေလေဟ် နမာဇ်စေ မဂ်ရေဗ် စာရင်းဝင်ပါသလား

 

 

ဖြေ။ ။ ပြဿနာမဟုတ်ချေ။နီယသ် နှစ်ခုလုံးအတွက် ((ကဇ်ဒ်ဒေရေဂျာ)) (အလ္လာဟ်ဟိုအရှင်မြတ် နှစ်သက်မှုအတွက်) နီယသ် ဖြင့် ဖတ်မည် ဆိုလျှင် နီယသ်

 

နှစ်ခုစလုံး၏ စဝါးဗ် ရရှိမည် ဟု မျှော်လင့် မိ ပါသည် ။

 

 

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ။ မဟာတမန်တော်မြတ်ကြီး ဟဇရတ် မိုဟမ္မဒ် (ဆွ) သခင် သည် အဆိပ်ကြောင့် ဝဖားသ် ဖြစ်သွားတော်မူသည် မှာ မှန်ပါသလား ?

 

 

ဖြေ ။ ။ ဤ အကြောင်းနှင့် ပတ် သက်ပြီး အိုလမာ များ အကြား အဆိုများကွဲလွဲပေသည်။

 

သို့သော် ရှီအာ အိုလမာ အများစု နှင့် စွန္နီအိုလမာတို့သည် မဟာတမန်တော်မြတ်ကြီး ဟဇရတ် မိုဟမ္မဒ် (ဆွ) သခင် သည် အဆိပ်ကြောင့် ဝဖားသ် ဖြစ်သွားတော်မူသည် ဟုခံယူထားပေသည်။

 

 

သာဓက အားဖြင့် ရှီအာ အိုလမာများမှာ

 

ရှိက်ခ် မိုဖီးသ်(ရ.ဟ)

 

ရှိက်ခ် သူစီ(ရ.ဟ)

 

အလ္လာမာဟစ်လီ(ရ.ဟ)

 

ကြည့် - အလ်မက်နာအေကျမ်း စာမျက်နှာ ၄၅၆ ၊ သဲဟ်ဇီးဗိုလ်အဟ်ကာမ်ကျမ်း အတွဲ ၆

 

စာမျက်နှာ ၂ ၊သဟ်ရီရွလ် အဟ်ကာမ် ကျမ်း အတွဲ ၂ စာမျက်နှာ ၁၁၈

 

စွန္နီ အိုလမာများမှာ

 

ဂျနာဗေ ဟာကင်မ်မေနေရှာပူရီ

 

ဂျနာဗေ ဇဲဟ်ရီ

 

ဂျနာဗေ အဗ်နေကဆီး၊ဒမေရှ်ကီ

 

 

ကြည့် - မိုစ်သ၊သရာခ် အလာဆဟီးဟိုင်းကျမ်း အတွဲ (၃) စာမျက်နှာ ၆၁၊ သွာဗကာသ်သေဂို

 

ဗရာကျမ်း အတွဲ

 

မေး ။ ။ အဘယ်ကြောင့်ဒိုအာ ကဗူလ် မဖြစ်ရပါသနည်း

 

ဖြေ။ ။ လေယာဉ် သည် လေယာဉ်ဆီ ဖြင့်သာ မောင်းလို့ရပေသည်။ အကယ်၍ ရေထည့်မောင်းပါကာ မရချေ။ ထိုနည်းတူစွာ အကယ်၍ ဒိုအာတောင်းသူ၏ ဗိုက်အတွင်း

 

ဟရမ်(ထမင်းလုတ်)တွေရှိနေပါက ဒိုအာ ကဗူလ် ဖြစ်မည် မဟုတ်ချေ။

 

ဟွဂျသွလ်အစ္စလာမ် မော်စင်ကရာအတ်သီ

 

 

ထိုပြင်ဟဒီးစ်တော်၌ လာရှိသည်မှာ -

 

(မည်သူမဆို မိမိ၏ဒိုအာ ကဗူလ် ဖြစ်စေလိုပါက မိမိတို့၏ဝင်ငွေ နှင့် ထမင်းလုတ် ကို သန့်ရှင်း အောင်ထားပါလေ။(ဟရမ်၊သမာအာဇီဝ မကျတာမဖြစ်စေနှင့်)

 

ကြည့် - ဗေဟာကျမ်း အတွဲ (၇) စာမျက်နှာ ၃၇၃

 

 

မေး ။ ။ ဟေဂျပ် သည်(အစ္စလာမ်) သာသာ၏ အရေးကြီးသည် အပိုင်းဖြစ်ပါသလား?

 

အကယ်၍ (ဝတ်ဆင်ရန်) ဆန့်ကျင်မည်ဆိုပါက မည်ကဲ့ သို့ အမိန့် ရှိပါသနည်း?

 

 

ဖြေ။ ။ အမှန်တကယ် ဟေဂျပ် သည်(အစ္စလာမ်) သာသာ၏ အရေးကြီးသည် အပိုင်းဖြစ်ပါသည်။

 

 

အကယ်၍ (ဝတ်ဆင်ရန်) ဆန့်ကျင်မည်ဆိုပါက ဂိုနာ(အပြစ်)ထိုက်ပေသည်။

 

 

ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ

 

ကြည့် - မဆာအေလေဂျသီးဒ်ကျမ်းအတွဲ(၁)စာမျက်နှာ ၂၉

 

ပြုစုသူ။ဟွဂျသွလ်အစ္စလာမ်ဆရက်(သ)မော်အ်စင်မဟ်မူဒီး(ကွမ်း၊အီရန်)

 

 

မေး ။ ။ စလာမ်

အစ္စလာမ်မှာ အသက်အာမခံထားခွင့်ရှိပါသလား?

 

 

ဖြေ ။ ။ ရှိပါသည် ဤ အတွက်ကြောင့်အစ္စလာမ်မစ် အီရန်နိုင်ငံတွင် တရားဝင်بــيـمــه ခေါ် Insurance ရုံးများ

 

ရှိပါသည်။

 

ထိုပြင် ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီး

 

 

မှလည်း မိမိ၏ သောင်ဇီးလ်အွလ်မဆာအေလ်ကျမ်း ဥပဒေ အမှတ် ၂၄၃၈ - ၂၄၃၉ - ၂၄၄၀

 

တွင် ဤကိစ္စ နှင့်စပ်လျဉ်းပြီး ဖော်ပြထားပါတယ်။

မေး ။ ။ နမာဇ်ဖတ်ခြင်း ၏ အကျိုးကျေးဇူးလေးကို သိပါစေ ။

 

 

ဖြေ ။ ။ နမာဇ်ဖတ်ခြင်း ၏ အကျိုးကျေးဇူးများမှာ အများကြီးရှိပါသည်ဤနေရာအရေးကြီး အချက်လေးတစ်ချို့ ကိုတင်ပြအပ်ပါသည်။

 

 

(၁) ဂိုနာများကို ဖယ်ရှားပေးခြင်း

 

ကြည့် - စူရဟ် ဟူးဒ် (၁၁) ၊အာယတ်တော် ၁၁၄

 

 

(၂) ရူးဟ်အတွက် သန့်ရှင်းစင်ကြယ်စေခြင်း

 

ကြည့် - အမာလီ မိုဖီးဒ်(ရ.ဟ) စာမျက်နှာ ၁၈၉

 

 

(၃) ရှိုင်တွာန်ကို မောင်းထုတ်စေခြင်း

 

ကြည့် - အလ်ဖေရ်ဒူစ် အတွဲ ၂၊ စာမျက်နှာ ၄၀၅

 

 

(၄) နေအ်မသ်တော်များကျရောက်ခြင်း

 

ကြည့် - ခေစာလ် ၊စာမျက်နှာ ၆၃၂

 

 

(၅) အလ္လာဟ်ဟိုအရှင်မြတ်နှင့်နီးကပ်မှုဖြစ်ခြင်း

 

ကြည့် - ဂျမေအွလ် ၊စကီးလ် အတွဲ ၁ ၊စာမျက်နှာ ၃၁၄

 

 

မေး ။ ။ နမာဇ်ဖတ်ခြင်း အကျိုးကျေးဇူးလေးကို သိပါစေ ။

 

 

ဖြေ ။ ။ နမာဇ်ဖတ်ခြင်း အကျိုးကျေးဇူးများမှာ အများကြီးရှိပါသည်ဤနေရာအရေးကြီး အချက်လေးတစ်ချို့ ကိုတင်ပြအပ်ပါသည်။

 

 

(၁) ဂိုနာများကို ဖယ်ရှားပေးခြင်း

 

ကြည့် - စူရဟ် ဟူးဒ် (၁၁) ၊အာယတ်တော် ၁၁၄

 

 

(၂) ရူးဟ်အတွက် သန့်ရှင်းစင်ကြယ်စေခြင်း

 

ကြည့် - အမာလီ မိုဖီးဒ်(ရ.ဟ) စာမျက်နှာ ၁၈၉

 

 

(၃) ရှိုင်တွာန်ကို မောင်းထုတ်စေခြင်း

 

ကြည့် - အလ်ဖေရ်ဒူစ် အတွဲ ၂၊ စာမျက်နှာ ၄၀၅

 

 

(၄) နေအ်မသ်တော်များကျရောက်ခြင်း

 

ကြည့် - ခေစာလ် ၊စာမျက်နှာ ၆၃၂

 

 

(၅) အလ္လာဟ်ဟိုအရှင်မြတ်နှင့်နီးကပ်မှုဖြစ်ခြင်း

 

ကြည့် - ဂျမေအွလ် ၊စကီးလ် အတွဲ ၁ ၊စာမျက်နှာ ၃၁၄

 

 

မေး ။ ။စလမ်မို အလိုင်းကွမ်

 

 

ဂျမာအတ်နာမာဇ်ဖတ်ရာတွင် ၃ရကဒ်နှင့်၎ရကဒ်တွင် ရှေ့ဆောင်ဆရာမှ အသံမထွတ်ပဲဖတ်ချင်းသည် ဘာလို့ဆိုတာရှင်းပြပေးပါ။

 

 

ဖြေ ။ ။စလာမ် ...

 

ဂျမာအတ်ဖြင့် နမာဇ်ဖတ်ဖတ် ၊ဖိုရသာ(တစ်ဦးတည်းကိုယ်တိုင်)ဖတ်ဖတ် ၃ ရကတ် နှင့် ၄ ရကတ် တွင်အသံထွက်မဖတ်ရန် အလ္လာဟ်အရှင်မြတ်၏ အမိန့်

ပညတ်တော် ဖြစ်ရာ အဘယ်ကြောင့် ဘာလို့ဆို တာအရှင်မြတ်တည်းသာလျှင် အသိဆုံးပင်တည်း။

 

တခါတရံ ရှရီအတ်၏ ဆိုလိုချက် သည် လူသားတို့၏ တွေးခေါ်မှုအရ ဆန့်ကျင်နေပေသည်။

 

 

 

မေး ။ ။ အကယ်၍ မိန်းကလေး တစ်ဦး အနေဖြင့် ကုရ်အာန်ကျမ်းမြတ် ၊ ကဗျာ ၊ကစီသာ ကို အသံထွက်ပြီး ၊

နမဟ်ရမ် အမျိုးသား များ အရှေ့တွင် ဖတ်ရွတ်မည်ဆိုပါက ဂိုနာ(အပြစ်) ရှိ ပါသလား

 

ဖြေ ။ ။ အကယ်၍ တဏှာစိတ်ကိုကြွစေ မည့်အကြောင်းခံ ဖြစ်မည် ဆိုပါက ခွင့်မရှိချေ။(ဂိုနာ(အပြစ်) ရှိပေသည်။)

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်

 

အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

 

မေး။။မွတ်စလင်မဟုတ်သည်မိန်းမများနှင့်ချက်(chat)လုပ်မည်၊ မွတ်စလင်မဟုတ်ဟုသိထားသဖြင့်

 

အင်တာနက်မှ အလွဲသုံးစားလုပ်ပြီး ၎င်းနှင့်

 

တဏှာစိတ်ကိုကြွစေ မည့် စကားများဆိုမည်ဆိုကာ မည်သည့်အမိန့် ရှိပါသနည်း

 

 

ဖြေ ။ ။ ဟရမ် ဖြစ်ချေသည်။

 

( သတိ - မွတ်စလင်အမျိုးသမီးနှင့်လည်းမရချေ)

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်

 

အွဇ်မာဆရက်အလီ စစ်သာနီ ရုံး

 

 

 

ဗစ်မေဟီ သအာလာ

 

စလာမ် …

 

လေစားစွာ တင်ပြအပ်ပါသည်။

 

 

အချို့မောင်လာနာများ သည် မောင်လာနာများ၏ ဥက္ကဋ္ဌ အဖြင့်၎င်း ၊ ကျောင်းအုပ် ၊ သဗ်လီးဂ်ဌာနတာဝန်ခံ ၊ကိုယ်စားလှယ် စသည်ဖြင့် တာဝန်ယူကြသည် ။ သို့သော်

 

ဝဟာဘီ များဖက် မှ တရားများ၊ စာအုပ်များ ၊ ဆိုက်များ ၊ဝက်ဗလောက်များဖြင့် ရှီအာ ဆန့်ကျင်ရေး လုပ်နေ သည်ကို မကာကွယ်ပေးချေ။

 

 

ဤ လုပ်ရပ်အတွက် မည်ကဲ့ သို့ အမိန့် ရှိပါ သနည်း

 

 

ကျေးဇူးတင်လျက်

 

 

ဖြေ ။ ။ ဤအလုပ်အတွက်(ကာကွယ်ရန်) စွမ်းအားရှိ ပြီး ၊ ကာကွယ်နိုင်သည့်အခြေအနေ ရှိ သူများ(မောင်လာနာများ) ဖက်မှ မည်သည် နည်းဖြင့် တာဝန်မကျေမှု မရှိရချေ။

 

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်

 

အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

ဗစ်မေဟီ သအာလာ

 

စလာမ် …

 

လေစားစွာ တင်ပြအပ်ပါသည်။

 

 

ကျွန်တော်တို့ ၏ အမိမြန်မာပြည်တွင် ဝဟာဘီ များသည် တရားများ၊ စာအုပ်များ ၊ ဆိုက်များ ၊

 

ဝက်ဗလောက်များဖြင့် ရှီအာ ဆန့်ကျင်ရေး လုပ်နေပါသည်။

 

သို့ ဖြစ်ပါ၍ ရှီအာ မဇ်ဟဗ်ကို ကာကွယ်ရန်သွလ်လါဗ်ကဒီးမ်(သာသနာ့ကျောင်းသား

 

ဟောင်းများ)(သို့) သွလ်လါဗ်ဂျဒီးဒ်(သာသနာ့ကျောင်းသားသစ်များ) (သို့) ပြည်သူများ

 

(ရှီအာလူထု) မည်သူဖက်မှာ တာဝန်ရှိပါသနည်း ?

 

 

ကျေးဇူးတင်လျက်

 

 

ဖြေ ။ ။ စလာမ်…

 

ရှီအာ ဖေရ်ကာ ကို ကာကွယ် ဖို့ နှင့် တိုးတက်အောင်ပြုဖို့ သည် တတ်နိုင်စွမ်းရှိသူ တိုင်းအပေါ်ဆောင်ရွက်ရန် ဝါဂျစ်ဗ် ဖြစ်ပေသည်။

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်

 

အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး

 

 

မေး ။ ။ ကာဖေရ်အမျိုးသမီးများ(ခရစ်ယာန်နှင့်ရဟူဒီမပါ)နှင့် ကိုယ်လက်နှီးနှော ခြင်းအတွက် မည်သည် အမိန့်ရှိပါသနည်း ၎င်းတို့သည် ကနီးစ်များ စာရင်းဝင်ပါသလား ရှရီအတ်အရ မည်သို့ရှိပါ သနည်း

 

 

ဖြေ ။ ။ ကာဖေရ်အမျိုးသမီးများ(ခရစ်ယာန်နှင့်ရဟူဒီမပါ) ကိုယ်လက်နှီးနှော ခြင်းသည် ဇေနာ(မုဒိန်းမှု) ဖြစ်ပါသည်။အကယ်၍ ခရစ်ယာန်နှင့်ရဟူဒီ ဖြစ်နေပါ ၎င်း၏

 

သဘောတူညီချက်ဖြင့် မိုသာဖတ်ခဲ့မည်၊ပြီးမှ ကိုယ်လက်နှီးနှောမည်ဆိုလျှင် ၎င်းသည်တရား

 

ဝင်ဇနီးသည် စာရင်းဝင်ပေမည်။သို့မဟုတ်ပါက ဇေနာ(မုဒိန်းမှု) ဖြစ်ပါသည်။

 

 

အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ

 

မေး ။ ။ အပြာရုပ်ရှင်များ၊ဆောင်းပါးများ ဖြင့် ကာမစက်ယှက်နည်း၊ကိုယ်လက်နှီးနှောနည်း

 

သင်လိုရပါသလား?

 

ဖြေ ။ ။ မရချေ (ခွင့်မရှိ)။ အချိန်ကြာလာလျှင် မကောင်းသည်ရလာဒ်များရလာပေမည်။

 

 

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်

 

အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး