အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၂ အောက်တိုဘာ ၂၀၁၆

၁၆:၀၆:၃၀
782833

အီးယူရွှေ့ပြောင်းသူများ အစီအစဉ် ဟန်ဂေရီ လူထုဆန္ဒခံယူပွဲ ကျင်းပ

ဥရောပသို့ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်နေရာချထားရေး ဥရောပက သတ်မှတ်ထားသော ဝေစုကို လက်ခံမည်လားဆိုခြင်းအပေါ် ဟန်ဂေရီက လူထုဆန္ဒခံယူပွဲကျင်းပနေသည်။ စုစုပေါင်း ရွှေ့ပြောင်းနေထိုင်သူ ၁၆၀၀၀၀ အား အီးယူတစ်ဝန်း ပြန်လည်နေရာချထားရေး အစီအစဉ်ကို လက်ယာယိမ်း ၀န်ကြီးချုပ် ဗစ်တာအော်ဘန်က ဆန့်ကျင်သည်။


ဥရောပသို့ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်နေရာချထားရေး ဥရောပက သတ်မှတ်ထားသော ဝေစုကို လက်ခံမည်လားဆိုခြင်းအပေါ် ဟန်ဂေရီက လူထုဆန္ဒခံယူပွဲကျင်းပနေသည်။

စုစုပေါင်း ရွှေ့ပြောင်းနေထိုင်သူ ၁၆၀၀၀၀ အား အီးယူတစ်ဝန်း ပြန်လည်နေရာချထားရေး အစီအစဉ်ကို လက်ယာယိမ်း ၀န်ကြီးချုပ် ဗစ်တာအော်ဘန်က ဆန့်ကျင်သည်။

ပြီးခဲ့သည့်နှစ် ရွှေ့ပြောင်းသူများ အကျပ်အတည်းဖြစ်စဉ်က ကြေညာခဲ့သော အစီအစဉ်အရ ဟန်ဂေရီနိုင်ငံက ခိုလှုံခွင့်တောင်းသူ ၁၂၉၄ ဦးအား လက်ခံရမည် ဖြစ်သည်။

မဲပေးမည့်သူများကြားတွင်လည်း ယင်းအစီအစဉ်ကို ပယ်ချမည့်သူက များနေကြောင်း လူထုစစ်တမ်းများတွင် တွေ့ရသည်။

သို့သော် ဆန္ဒခံယူပွဲရလဒ် အတည်ဖြစ်ရန် မဲပေးပိုင်ခွင့်ရှိသူ ၅၀ ရာခိုင်နှုန်းကျော် မဲပေးရမည် ဖြစ်သည်။

ရွှေ့ပြောင်းသူများ အကျပ်အတည်းကာလအတွင်းက ဟန်ဂေရီသည် ဂျာမနီနှင့် အခြားဥရောပနိုင်ငံများသို့ သွားရောက်လိုသူများအတွက် ကြားခံနိုင်ငံတစ်ခုဖြစ်ခဲ့သည်။

ဆားဘီးယား၊ ခရိုအေးရှားတို့နှင့် နယ်စပ်ကို ခြံစည်းရိုး ကာရန်ခဲ့သည်။

ခြံစည်းရိုးခတ်ခြင်းမှာ ပြည်တွင်း၌ လူကြိုက်များသော်လည်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့သည်။

ယခုလူထုဆန္ဒခံယူပွဲတွင် ‘အမျိုးသားညီလာခံက အတည်မပြုသော်လည်း ဟန်ဂေရီနိုင်ငံသား မဟုတ်သူများကို ဟန်ဂေရီ နိုင်ငံတွင် ပြန်လည်နေရာချထားပေးရေး အီးယူအဖွဲ့အား တာဝန်အပ်နှင်းစေလိုပါသလား’ ဟု မဲဆန္ဒရှင်များအား မေးမြန်းထားသည်။

အီးယူ၏ အစီအစဉ်မှာ အီးယူသို့ ရွှေ့ပြောင်းသူများ အဓိက ၀င်ရောက်ရာနိုင်ငံများဖြစ်သော ဂရိနှင့်အီတလီအပေါ် ၀န်ထုပ်ဝန်ပိုးလျော့ပါးစေရေး ဖြစ်သည်။

===================
251 / End