အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၂၄ အောက်တိုဘာ ၂၀၁၆

၁၈:၅၃:၄၆
787579

ရွေးကောက်ပွဲ အောင်နိုင်ရေးတွင် အောက်စည်းရောက်နေကြောင်း ထရမ့်ဘက်တော်သားများ ဝန်ခံ

အမေရိကန် ရွေးကောက်ပွဲတွင် အောက်စည်းအနေအထား ရောက်နေကြောင်း ဒေါ်နယ်လ်ထရမ့်အတွက် မဲဆွယ် လှုပ်ရှားသူများက ပထမဆုံးအကြိမ် ဝန်ခံခဲ့သည်။ သို့သော်လည်း ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဘီလီယံနာ သူဌေးကြီး၏ သမ္မတဖြစ်ခွင့် မျှော်လင့်ချက်ကို လုံးဝ လက်လျှော့မည် မဟုတ်ဟု ထရမ့်၏ မဲဆွယ်လှုပ်ရှားမှု မန်နေဂျာ ကယ်လင်ညီ ကွန်းဝေးကပြောကြားခဲ့သည်။

 


ဒေါ်နယ်လ်ထရမ့်၏ မဲဆွယ်စည်းရုံးမှု တာဝန်ခံ ကယ်လင်ညီ ကွန်းဝေး။


အမေရိကန် ရွေးကောက်ပွဲတွင် အောက်စည်းအနေအထား ရောက်နေကြောင်း ဒေါ်နယ်လ်ထရမ့်အတွက် မဲဆွယ် လှုပ်ရှားသူများက ပထမဆုံးအကြိမ် ဝန်ခံခဲ့သည်။


သို့သော်လည်း ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဘီလီယံနာ သူဌေးကြီး၏ သမ္မတဖြစ်ခွင့် မျှော်လင့်ချက်ကို လုံးဝ လက်လျှော့မည် မဟုတ်ဟု ထရမ့်၏ မဲဆွယ်လှုပ်ရှားမှု မန်နေဂျာ ကယ်လင်ညီ ကွန်းဝေးကပြောကြားခဲ့သည်။

'လတ်တလော ပြည်သူ့အမြင် စစ်တမ်းများ၌ ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်အပေါ် ထောက်ခံမှုက သိသိသာသာ မြင့်တက်လာသည့်နောက် ကွန်းဝေးက ယခုလို မှတ်ချက်ပေးခဲ့ခြင်း
ဖြစ်သည်။

“ကျွန်မတို့ နောက်မှာကျန်နေပါတယ်။ ကလင်တန်က အသာစီး အခြေအနေတချို့ ရနေတယ်။ ဒါပေမဲ့ ကျွန်မတို့ အရှုံးပေးမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ ကျွန်မတို့ နိုင်ခြေ ရှိနေသေးတယ်လို့ နားလည်ထားပါတယ်”ဟု သူမက
ပြောကြားသွားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထရမ့်ကိုယ်တိုင်သည်လည်း ရွေးကောက်ပွဲတွင် မိမိ အရေးနိမ့်သွားနိုင်ကြောင်း ရှားရှားပါးပါး ဝန်ခံပြောဆိုခဲ့သေးသည်။ လက်ရှိ စစ်တမ်းများအရ ကလင်တန်သည် တစ်နိုင်ငံလုံး အတိုင်း
အတာဖြင့်ရော၊ အဓိက အရေးပါသည့် ပြည်နယ်များတွင်ပါ အသာစီး အနေအထားကို ရရှိနေပြီ ဖြစ်သည်။

ကလင်တန်၏ မဲဆွယ်စည်းရုံးရေး အဖွဲ့များက ၂၀၁၆ ရွေးကောက်ပွဲသည် အမေရိကန် သမိုင်းတွင် အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ “ဒီနှစ် ရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက်က အရင်ကထက် ပိုများပါလိမ့်မယ်”ဟု ကလင်တန်၏ မဲဆွယ်စည်းရုံးရေ မန်နေဂျာ ရော်ဘီမွတ်ခ်က မှတ်ချက်ပေးခဲ့သည်။

ကနဦး သဘောထား ကောက်ခံမှုများအရ ရီပတ်ဘလစ်ကန်တို့၏ အမာခံ မဲဆန္ဒ နယ်မြေများဖြစ်သည့် ယူတားနှင့် အရီဇိုးနားတို့တွင် ထရမ့်ကို မနှစ်မြို့သဖြင့် သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဒီမိုကရက်တို့ အောင်ပွဲခံရန် အလားအလာ များနေကြောင်း သိရှိရသည်။

အကယ်၍ ရွေးကောက်ပွဲတွင် ထရမ့်သာ အရေးနိမ့်ခဲ့ပါက ပြီးခဲ့သည့် ၈ နှစ်ဆက်တိုက် သမ္မတတင်မြှောက်ခွင့် ဆုံးရှုံးခဲ့သည့် ရီပတ်ဘလစ်ကန်တို့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပေးထားသည်။

ထရမ့်၏ မဲဆွယ်စည်းရုံးမှု တာဝန်ခံ မန်နေဂျာ ကွန်းဝေးက ကလင်တန်၏ အားသာချက်များနှင့် ပတ်သက်၍ “သူ့ဘက်မှာ အမေရိကန် သမ္မတဟောင်းတစ်ယောက် မားမားမတ်မတ် ရှိနေတယ်။ အဲဒါ သူ့ခင်ပွန်းပဲ။ ပြီးတော့ လက်ရှိ အမေရိကန် သမ္မတနဲ့ သမ္မတကတော်၊ ဒုတိယ သမ္မတ အပါအဝင် နိုင်ငံရေး နယ်ပယ်မှာ နာမည်ကြီး အထင်ကရ လူပုဂ္ဂိုလ် တော်တော်များများကလည်း ကလင်တန်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံထားတယ်။ ဒီအချက်တွေက သူ့အတွက် မျှော်လင့်ခွင့် ပိုကောင်းနေစေပါတယ်”ဟု ပြောကြားသွားသည်။

===============================

251/End